မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, April 3

အရိမေတ္တယျ ဗုဒ္ဓ၀င်တရားတော် ရုပ်သံအပြည့်အစုံ (ထပ်ဆင့်ထပ်ဆင့် မျှဝေပေးကြပါ)

http://i1.ytimg.com/vi/D1MbZqwJ8lo/hqdefault.jpg

အရိမေတ္တယျ ဗုဒ္ဓ၀င်တရားတော် ကိုဓမ္မဒါနအနေနဲ့ လှူ ဒါန်းနေခဲ့တာကြာပါပြီ။ တကယ့်ကိုကောင်းမွန်ပြီး မှတ်သားနာယူသင့်တဲ့ တရားတော်ကောင်းတစ်ပုဒ်ပါ။ ဒါကြောင့်လည်း ကျွန်တော် ငွေကုန်ကြေးကျတွေခံပြီး ဓမ္မဒါန ဖြန့်ဝေနေတာပါ။ ပြည်တွင်းမှာရှိတဲ့ မည်သည့်နေရာမှာမဆို ကျွန်တော့်ဆီဖုန်းဆက်ပြီး တောင်းယူ ပါက အရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်ဗျာ။ လွန်ခဲ့တဲ့တစ်နှစ်လောက်က လည်း ကျွန်တော့်ဆိုဒ်မှာ MP3 အနေနဲ့ ဒီနေရာ မှာတင်ခဲ့ပြီးပါပြီ။ ပြည်တွင်းမှာတော့ ရုပ်သံအနေနဲ့တရားနာနိုင်အောင် ကျွန်တော်လှူ ဒါန်းနေပြီး ယခုလည်း ပြည်ပမှ ဓမ္မမိတ်ဆွေများကို တရားရုပ်သံနာယူနိုင်အောင် YouTube ကနေမျှဝေ လိုက်ပါတယ်ဗျာ။  YouTube မှာတော့ ကျွန်တော်တင်ထားတာမဟုတ်ပါဘူး DhammaVideo မှတင်ထားတာ ကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျာ။ အောက်က Link မှာတရားတော်ကို ဒေါင်းယူနိုင်ပါပြီဗျာ။

အရိမေတ္တယျ ဗုဒ္ဓ၀င်တရားတော် ကိုဟောကြာခဲ့တာကတော့ ပဲခူးဆရာတော် အရှင်တေဇောသာရာဖြစ်ပါ တယ်။ ခေါင်းဖီထားမှပန်လို့ရ ဆိုတဲ့တရားခေါင်းစဉ်နဲ့ ဟောကြာခဲ့တာဖြစ်ပါတယ်။



 အောက်တွင် မိမိလိုချင်သည့် Format တစ်ခုအား Click နှိပ်ပြီးဒေါင်းယူနိုင်ပါသည်။





ပြည့်ဖြိုး

Gmail   -   maytharngee@gmail.com

Facebook  -Pyae Phyo
  Phone :    0943115558 

www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...