မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Saturday, October 31

ဖုန်းထဲမှာ effect တွေ အမိုက်စားနဲ့ လုပ်မယ် - InstaMag - Halloween Collage v3.7 APK

Android ဖုန်းကိုင်ထားသေါ ဘော်ဒါတို့အတွက် အရမ်းကိုလန်းတဲ့ Camera Android Application လေးတစ်ခုကိုတင်ပေးလိုက်ပါတယ် ။ ဒီကောင်လေးကတော့ အရမ်းလန်းတယ်ဗျ။ ဘာဖြစ်ဆိုတော့ ဓာတ်ပုံတွေကို ပုံစံ အမျိုးမျိုး Effect အမျိုးမျိုး တွေနဲ့လုပ်လိုရပါတယ် ။ ပြော၇မယ်ဆိုရင် PC မှာ သုံးနေတဲ့ Adobe Software ကိုကျော်သွားလောက်အောင်ကောင်းပါတယ်ဗျာ။ ဘယ်လို့ ပုံစံတွေရသလည်းဆိုရင် ကျနော် အောက်မှာ ပုံစံ screen shot လေးရိုက်ပြထားပါတယ်။ ဒီ Android Application ကတော့ 2.3 အထက်ရှိဖုန်းများသုံးနိုင်ပြီး ဖိုင်ဆိုဒ်လေးကတော့ 22.23 MB ရှိပါတယ်။ အသုံးပြုလိုသူများအတွက် အောက်မှာ ဒေါင်းလုပ်ယူနိုင်ပြီး။




 Download Here


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download

Read More ...

♪ Samsung galaxy Note 5 Special Promotion @ UNiQUE ♫


Samsung galaxy Note 5 -----> 880,000 Kyats

မြန်မာ့ရိုးရာမီးထွန်းပွဲတော်အထူးအစီအစဉ်အဖြစ် UNiQUE IT & Mobile Center တွင် Samsung Galaxy Note 5 ၀ယ်ယူ သူတိုင်းကို ငွေကျပ်တစ်သိန်းလေးသောင်း တန်ဖိုးသက်သာနိုင်မည့် အခွင့်အရေးတစ်ရပ်အနေဖြင့် လက်ငင်းငွေကျပ် (၆၀,၀၀၀) ငွေသား တုန့်ပြန်မှုနှင့်အတူ ငွေကျပ် (၈၀,၀၀၀) တန် Wireless Charger Pack တို့ကို မေတ္တာလက်ဆောင်ရရှိနိုင်မှာဖြစ်ပါတယ်။

Screen Size က 5.7 လက်မ ဖြစ်တဲ့အတွက် phablets အမျိုးအစား ထဲမှာပါဝင်ပြီး GSM/WCDMA ဆင်းကဒ်(၂)ကဒ်သုံးလို့ရတဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းအမျိုးအစားဖြစ်ပါတယ်။ Resolution အနေဖြင့် (2560x1440) ရှိပြီး pixel 518 ppi သိပ်သည်းဆ ပမာဏရှိတဲ့ အတွက် ထူးခြားလှပ သောအမြင်ဆိုင်ရာခံစားမှုများကို ရရှိစေမှာဖြစ်ပါတယ်။ 7.6mmပါးလွှာသော ကိုယ်ထည်နှင့် နောက်ကျောဘက်ကို ကွေးညွတ်တဲ့ဒီဇိုင်းပုံစံနဲ့ ပုံဖော်ထားပါတယ်။ HD Super AMOLED မျက်နှာပြင်ဖြစ်တဲ့အတွက် ရုပ်ထွက်များကြည်လင်ပြတ်သားမှုရှိပြီး Graphic မြင့်မားတဲ့ဂိမ်းတွေ၊ ဗီဒီယိုတွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

ဖုန်း၏အရှေ့ အနောက်နှစ်ဘက်စလုံးကိုအစင်းရာ၊ခြစ်ရာဖြစ်ပေါ်မှုများမှ ကင်းဝေးအောင် Corning Gorilla Glass 4 နဲ့ ဖုံးအုပ်ပေးထားပါတယ်။ Exynos 7420 Chipset ကိုအသုံးပြုထားပေးပြီး 14nm Processor ကို အသုံးပြုထားပေးသည့်အတွက် မြန်ဆန်သွက်လက်တဲ့ လုပ်ဆောင်ချက်တွေကို ရရှိစေမှာဖြစ်ပါတယ်။ Storage 32GB ဖြစ်ပြီး RAM 4GB အထိ ပါရှိပါတယ်။ အနောက်ကင်မရာ 16MP ပါရှိပြီး အလင်းရောင်နည်းပါးချိန်များတွင် ပုံရိပ်များကိုအရည်အသွေး ကောင်းမွန်စွာရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ အရှေ့ကင်မရာ 5MP ပါရှိပြီး 4K အရည်အသွေး ရှိဗီဒီယိုများကိုရိုက်ကူးနိုင် ပါတယ်။ စွမ်းဆောင်ရည်ပိုမိုမြင့်မားတဲ့ S Pen ကလည်း သင့်ရဲ့လုပ်ဆောင် ချက်တိုင်းကို အကောင်းဆုံးပုံဖော်ပေးမှာပါ။

ကြိုးမဲ့အားသွင်းနိုင်သော Wireless Charging နည်းပညာနဲ့ ပိုမိုမြန်ဆန်တဲ့ အားသွင်းစနစ်တို့ ပါရှိပါတယ်။ Android အနေဖြင့် 5.1.1 (Lollipop) အမျိုးအစား ကို ထည့်သွင်း ပေးထားပြီး li-polymer 3000mAh ရှိ ဘက်ထရီအမျိုးအစားကို အသုံးပြုထားပေးပါတယ်။ဆိုဒ်အနေဖြင့် 153.2×76.1×7.6 mm ဖြစ်ပြီး 171 gram ရှိပါတယ်။ အရောင်အနေဖြင့် Black, Silver, Gold အရောင်(၃) ရောင် ရရှိနိုင်မှာဖြစ်ပါတယ်။

Application နှင့် HD Game များထည့်သွင်းပေးခြင်း၊ System Error များ/ Software Error များဖြေရှင်းပေးခြင်း၊ Firmware Upgrade ပြုလုပ်ပေးခြင်း၊ System Backup and Restore ပြုလုပ်ပေးခြင်းအစရှိသော ၀န်ဆောင်မှု များပြုလုပ်ခြင်းတို့ကို UNiQUE IT & Mobile Center မှ ‪#‎တစ်သက်တာ‬ လက်ခမဲ့ ပြင်ဆင်ခွင့် ပေးထားပြီးသက်ဆိုင်ရာ Authorized Distributor မှ 1 Year Warranty ပေးထားပါတယ်။

စိတ်ပါဝင်စားသော Customer များအနေဖြင့် UNiQUE IT & Mobile Center မှာစုံစမ်းမေးမြန်းနိုင် ပါသည်။

Center 1 (Pansodan)
No. 261, Pansodan Road (Upper Block),
Bet. Anawrahta & Bogyoke Road,
Kyauktada Township, Yangon, 11182, Myanmar.
Tel : (09) 7317 1212, 7317 1213, 7317 1214
Center 2 (Seikkanthar)
No. 194, Seikkanthar Street (Middle Block),
Bet. Mahabandoola & Anawrahta Road,
Kyauktada Township, Yangon, 11182, Myanmar.
Tel : (01) 398 436, 391 789, 391 730
Center 3 (Tamwe)
No. 74, West Horse Race Course Road,
(Near U Chit Maung Housing),
Tamwe Township, Yangon, 11211, Myanmar.
Tel : (01) 860 4200, 860 4300


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download

Read More ...

♪ “Android Phone နှင့်ဗီဒီယိုတည်းဖြတ်မည်ဆိုလျှင် .....” ♫


မိုဘိုင်းဖုန်းတို့၏ကင်မရာစွမ်းရည်သည်ယခုနှစ်ထဲတွင်အထူး ကောင်းလာပါ သည်။iPhone ဖြင့်ရိုက်ကူးသော မြန်မာဗီဒီယိုဇာတ်ကားအကြောင်းကိုလည်း စာရှုသူတို့ဖတ်ရှုမိမည်ဟုထင်ပါသည်။Apple မှထုတ်သောဖုန်းများကင်မရာ အရည်အသွေးအလွန်မြင့်လာသည့်အခါAndroid ဖက်ခြမ်းတွင်လည်း ကင်မရာအရည်အသွေးပို၍ ကောင်းအောင်ကြိုးစားလာပါသည်။ယခုနှစ် အတွက်အကောင်းဆုံးစမတ်ဖုန်းကင်မရာဆုရသည့်ဖုန်းမှာAndroid ဖုန်း တစ်မျိုးဖြစ်သောLG G4 ဖြစ်ပါသည်။Androidဖက်ခြမ်းမှ ထိပ်တန်းဖုန်းများ တွင်ဓာတ်ပုံအတွက်f/2.0အထိလည်းကောင်း၊ဗီဒီယိုအတွက်f/2.0အထိလည်းကောင်းရရှိလာပြီးISO 800 လောက်အထိအစက်အပြောက်နည်းသော ရုပ်ထွက်ရလာပြီဖြစ်ရာAndroid ဖုန်းဖြင့်လည်းဗီဒီယိုရိုက်ကူးတည်းဖြတ် မည်ဆိုလျှင်ဖြစ်ပါသည်။Android ထိပ်တန်းဖုန်းများတွင်မှန်ဘီလူး လှုပ်ယမ်း ခြင်းကြောင့်ရုပ်ပုံေ၀၀ါးခြင်းမဖြစ်စေရန်ကင်မရာထဲတွင်OIS (Optical Image Stabilizer) လည်းထည့်သွင်းပေးလာပြီဖြစ်ရာFull HD ဗီဒီယိုအဆင့်ထိ ရိုက်နိုင်ပါမည်။ရိုက်ကူးပြီးသောဗီဒီယိုအပိုင်းတိုများကိုဆက်စပ်၍ကြည့်ပျော် သောဗီဒီယို ဇာတ်လမ်းဖြစ်အောင်တည်းဖြတ်မည်ဆိုလျှင်လက်သင်အဆင့်၌အခမဲ့ဗီဒီယိုတည်းဖြတ်ဆော့ဖ်ဝဲကောင်းတို့ လိုသည်။Android ဖက်တွင်ရနိုင် သောအခမဲ့ဗီဒီယိုတည်းဖြတ်ဆော့ဖ်ဝဲတို့ကို အောက်ပါအတိုင်းတွေ့ရပါမည်။
<Kine Master>
www.bit.ly/kinemaster378 မှDownload ဆွဲချနိုင်သည်။Play Store တွင်ရှိသလိုMobogenie မှလည်းDownload ချနိုင်သည်။အခမဲ့Android ဗီဒီယိုတည်းဖြတ်ဆော့ဖ်ဝဲများထဲတွင်အကောင်းဆုံးအဆင့်၌ရှိပါသည်။Tools များပြားစုံလင်ခြင်းကိုအခြားသောအခမဲ့ ဆော့ဖ်ဝဲများမလိုက်နိုင်ပါ။ လက်သင်များအတွက်အထောက်အပံ့ပေးထားသောGet Started Wizard ကလည်းအချိန်ကုန်သက်သာအောင်အကူအညီပေးနိုင်ပါသေးသည်။
ဗီဒီယိုဇာတ်လမ်းအမည်၊Theme နှင့်Sound Track ကိုဦးစွာ သတ်မှတ် ရွေးချယ်ပါ။မိမိထည့်သွင်းအသုံးပြုလိုသောMedia File များကိုထည့်ပေး ပါ။ထိုမှနေ၍ဗီဒီယိုတည်းဖြတ်မှုစတင်နိုင်ပါပြီ။တည်းဖြတ်ပြီးသမျှRun နိုင်ပါ သည်။Wizardကိုရွေးပြီးနောက်ပေါ်လာသောTimeline Interface ကမိမိ တည်းဖြတ် လိုသမျှကိုအသေးစိတ်ချိန်ညှိနိုင်အောင်ကူညီပါဦးမည်။Wizard ကိုမသုံးလိုလျှင်လည်း ကျော်လွှား၍သွားနိုင်ပါသည်။မိမိထည့်လိုက်သော ဗီဒီယိုကားပိုင်းတိုထဲမှမလိုသည်တို့ကို ဖြတ်ထုတ်နိုင်သလို ကားကူး၊ ကားဆက်နေရာတွင် ပြေပြစ်စွာအခန်းပြောင်းစေမည့်Transition များကို လည်းထည့်သွင်းနိုင်ပါမည်။Preset Themeကသတ်မှတ်ပေးသော ဗီဒီယို ၏အရောင်ရုပ်ထွက်ကိုမကြိုက်လျှင်အရောင်ချိန်ညှိခြင်းကိုမိမိစိတ်ကြိုက် ပြုလုပ်နိုင်သည်။သို့တည်းမဟုတ် လက်ရှိအရောင်ထဲတွင်မိမိကဲစေလိုသော အရောင်ရအောင်လည်း ပြုပြင်ယူနိုင်ပါသည်။Kine Master ၏Layer Menu ကဗီဒီယိုထဲတွင်ရုပ်ရှင်များသာမကရုပ်သေများ၊Sticker များ၊Text များနှင့် လက်ရေးစာသားများကိုပင်မိမိစိတ်ကြိုက်နေရာ၌ထည့်သွင်းခွင့်ပြုပါသည်။
ဗီဒီယိုပြသနေစဉ်တွင် နောက်ခံစကားပြောအသံထည့်သွင်းခွင့်ပြုပါသည်။ ဗီဒီယိုပြသနေစဉ်တွင် နောက်ခံစကားပြောအသံထည့်သွင်းခွင့်ကိုလည်းKine Master ကပေးအပ်ထားပါသေးသည်။ထို့ပြင်ဗီဒီယိုထဲရှိမိမိစိတ်ကြိုက်Audio Track နေရာတွင်Volume အားအသေးစိတ်ချိန်ညှိခွင့်ရှိပါသည်။ထိုကိစ္စ အတွက် Volume Envelope ကိုသုံးရပါမည်။Kine Master ၏ ကောင်းကွက် မှာDesktop ကွန်ပျူတာတွင်သုံးသောဗီဒီယိုတည်းဖြတ်ဆော့ဖ်ဝဲတစ်ခု တွင်ပုံမှန်အားဖြင့်တွေ့နိုင်သည့်Tool အားလုံးကိုယင်းထဲတွင် တွေ့နိုင်ခြင်း ဖြစ်သည်။မိမိ၏ဗီဒီယိုProject ထဲတွင် ပြုပြင်ပြောင်းလဲမှုတစ်ကြိမ်လုပ်ပြီး တိုင်းတစ်ကြိမ်သိမ်းဆည်းပေးပါသည်။မိမိမေ့လျော့ပြီးမသိမ်းမိလိုက်သဖြင့်အပြောင်းအလဲလုပ်ပြီးဖိုင်ဆုံးရှုံး သွားရသည်ဆိုခြင်းမျိုးမရှိပါ။မိမိပြုလုပ်လိုက် သောအပြောင်းအလဲတစ်ခုကိုလုပ်ပြီးပြီးချင်းမကြိုက်ဟုဆိုပါ က နောက် ကြောင်းပြန်နိုင်ရန်Undo Button ကိုလည်း ပေးထားပါသည်။ မိမိ တည်းဖြတ် ပြီးသောဗီဒီယိုတို့ကိုရိုက်ကူးထားသည့်အရည်အသွေးပေါ်မူတည်ပြီးFull HD, HD နှင့်DVD quality များဖြင့်သိမ်းဆည်းပေးနိုင်ပါသည်။ တည်းဖြတ်ပြီး ဗီဒီယိုကိုအင်တာနက်ချိတ်၍You Tube, Facebook, Google+ နှင့်Dropbox တို့မှတစ်ဆင့်ချက်ချင်းShare လုပ်ရန်လည်း ဆောင်ရွက်နိုင်ပါသည်။
Kine Master သည်Feature များစုံလွန်းသောကြောင့်အခြားအခမဲ့ဗီဒီယို တည်းဖြတ်ဆော့ဖ်ဝဲများထက်စာလျှင်သုံးစွဲရာ၌အနည်းငယ်လက်ဝင်သည်ဟုဆိုနိုင်ပါသည်။အရည် အသွေးကောင်းဆော့ဖ်ဝဲကိုအခမဲ့ပေးသုံးခြင်းဖြစ်သော်လည်းအခပေးPremium Version သို့ ပြောင်း၍မသုံးလျှင်မိမိဖန်တီးလိုက် သောဗီဒီယိုတိုင်း၌Made with KINE MASTER ဟူသော ရေစာကို ထင်းထင်းကြီး ဖော်ပြနေပါမည်။ ရေစာမထည့်သွင်းသောPremium Version ကိုသုံးလျှင်တစ်လအတွက်ကျသင့်ငွေ (၂.၉)ပေါင်ရှိပြီးတစ်နှစ်အတွက် ကျသင့်ငွေ (၂၃.၃၅)ပေါင်ရှိပါသည်။Kine Master သည် ပြင်ဆင်ဖွဲ့စည်းပုံ ကောင်းခြင်းနှင့်စွမ်းဆောင်ရည်ကောင်းခြင်းကြောင့်လက်သင်များစမ်းသုံး သင့်ပြီးအခပေးသုံးရသည့်တိုင်အောင်ထိုက်တန်မှုရှိသောApplication ကောင်းတစ်ခုဖြစ်ပါသည်။
<We Video Editor>
www.bit.ly/wevideo378 မှDownload ချပြီးအသုံးပြုနိုင်ပါသည်။ဤ ဆော့ဖ်ဝဲသည်ဒုတိယနေရာတွင်ရှိသည့်ဗီဒီယိုတည်းဖြတ် ဆော့ဖ်ဝဲဖြစ်သော် လည်းမိမိရိုက်ကူးထားသောဗီဒီယိုအပိုင်းတိုများကိုပရော်ဖက်ရှင်နယ်အရည်အသွေးရှိသည့်ရုပ်ရှင် ဇာတ်လမ်းတစ်ခုဘ၀သို့ ရောင်အောင်ဖြောင့်ဖြောင့် တန်းတန်းပြုလုပ်ပေးနိုင်သည့် ဆော့ဖ်ဝဲဖြစ်ပါသည်။ ဆော့ဖ်ဝဲကိုဖွင့်လိုက် သည်နှင့်Theme, Sound Track နှင့်Title တို့ကိုရွေးရန်Shortcut များကို မြင်ရပါမည်။ယင်းနောက်တွင်အပေါင်းလက္ခဏာကိုတစ်ချက်ခေါက်ပြီးမိမိသုံးလိုသောဗီဒီယိုများ ရှိရာ နေရာသို့သွား၍ ရွေးရပါမည်။We Videoသည် ရေပြင်ညီTimeline ကိုမသုံးဘဲဒေါင်လိုက်Timeline ကိုသုံးခြင်းမှာ ထူးခြား ပါသည်။Timeline ထဲတွင်ဗီဒီယိုကားပိုင်းတိုများအား ဖြတ်ထုတ်ခြင်း၊ စမှတ်, ဆုံးမှတ်သတ်မှတ်ပေးခြင်း၊သင့်လျော်ရာနေရာသို့ဆွဲရွှေ့ခြင်းတို့ပြုလုပ်နိုင်ပါသည်။ကားကူး၊ကားဆက်နေရာ တစ်ခုစီအတွက်ထည့်မည့်Trasition များ အတွက်လည်းစိတ်ပူရန်မလိုပါ။Theme ရွေးစဉ်ကတည်းက တစ်ပြိုင်တည်း ပါလာပြီး ဖြစ်ပါသည်။အခမဲ့ဗီဒီယိုတည်းဖြတ်ဆော့ဖ်ဝဲများထဲတွင်We Video ထဲရှိTheme များကအကောင်းဆုံးဖြစ်ပြီး ရွေးချယ်စရာလည်းများပါသည်။
Kine Masterကဲ့သို့ပင်ဤဆော့ဖ်ဝဲထဲသို့လည်း နောက်ခံစကား ပြောသီးသန့် ထည့်သွင်းခွင့်ပြုပါသည်။အခြားသောလူမှုကွန်ရက်များ၊Application များမှ တစ်ဆင့်မိမိ၏ဗီဒီယိုကိုShare မလုပ်မီစပ်ကြား၌Device ထဲတွင်သိမ်းဆည်း ထားနိုင်ပါသည်။အခြားဆော့ဖ်ဝဲများနှင့်ယှဉ်လျှင်We Video ထဲ၌Advanced Tool နည်းပါသည်။အခမဲ့ပေးသော ဆော့ဖ်ဝဲသည်ဖန်တီးလိုက်သော ဗီဒီယိုပေါ်၌ ရေစာထည့်ပါသည်။အခကြေးငွေပေး၍အသုံးမပြုပါက တစ်လ လျှင်5မိနစ်စာဗီဒီယိုကိုသာဖန်တီးခွင့်ပြုပါသည်။တစ်လလျှင် (၄.၅)ပေါင် ကျသင့်ပြီးတစ်နှစ်စာ (၂၂.၈)ပေါင်ကျသင့်သောPremium Version ကို သုံးလျှင်အကန့်အသတ်များကိုဖယ်ရှားပေးပါသည်။
<Magisto Video Editor & Maker>
www.bit.ly/magisto378 မှDownload ချပြီးသုံးနိုင်ပါသည်။အခြားသော ဆော့ဖ်ဝဲများနှင့်အလုပ်လုပ်ပုံကွဲပြားပြီးမိမိ၏ဗီဒီယိုများကိုအလိုအလျှောက် တည်းဖြတ်မှုပြုလုပ်ပေးနိုင်ပါသည်။ဗီဒီယိုဇာတ်လမ်းထဲထည့်သွင်းမည့်ဗီဒီယိုကားပိုင်းတိုများ၊ဓာတ်ပုံများကို ဦးစွာရွေးချယ်ပေးရပါမည်။ပြီးလျှင်Editing Style နှင့်Sound Track တို့ကိုရွေးရပါသည်။မိမိ၏ဗီဒီယိုဇာတ်ကား အမည် ပေးရပါမည်။ဇာတ်ကားအရှည်မည်မျှရှိစေလိုသည်ကိုသတ်မှတ်ရပါမည်။ ယင်းနောက်ကျန်သည့်ကိစ္စအားလုံးကိုMagisto ကတာဝန်ယူဆောင်ရွက် ပေးသွားပါမည်။ဗီဒီယိုတည်းဖြတ်ကိစ္စကို ဆော့ဖ်ဝဲကအလိုအလျှောက် တာဝန်ယူ ဆောင်ရွက်ပေးသဖြင့်အရည်အသွေးကောင်းပါမည်လားဟု ထင်စရာရှိသော်လည်းဤဆော့ဖ်ဝဲမှတည်းဖြတ်သည့်ဗီဒီယိုအရည်အသွေး သည်အထင်ကြီးလောက်အောင် ကောင်းပါသည်။ဖုန်းထဲတွင်တည်းဖြတ်ထား သည်ဟုထင်စရာမရှိပါ။ဤဆော့ဖ်ဝဲကိုသုံး၍မိမိ၏ဗီဒီယိုကိုFacebook Whats App နှင့်Instagram တို့တွင်Share လုပ်နိုင်ပါသည်။ဤဆော့ဖ်ဝဲသည် အခမဲ့ ဟုဆိုသော်လည်းမိမိတည်းဖြတ်သောဗီဒီယိုပေါ်တွင် ရေစာထည့်ပါသည်။ တစ်လတွင်ဗီဒီယိုမည်မျှသာတည်းဖြတ်ခွင့်ပြုမည်ဟူသောအကန့်အသတ်ရှိ ပါသည်။ လစဉ်ကြေး (၃.၂)ပေါင်သို့မဟုတ်နှစ်စဉ်ကြေး (၁၂.၈)ပေါင်ပေးပြီး သုံးလျှင်အကန့်အသတ်မပါသော ဆော့ဖ်ဝဲကိုသုံးခွင့်ရပါမည်။
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်ဓာတ်ပုံ)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download

Read More ...

♪ ဈေးနှုန်းချိုသာတဲ့ - “Doogee LEO DG 280” ♫


(၁)သိန်းဝန်းကျင်တန်ဖိုးရှိသော ဟန်းဆက်များဟာ လူတန်းစားမျိုးစုံ အသုံးပြုဖို့အဆင်ပြေစေပြီး ရွေးချယ် ၀ယ်ယူဖို့အမှတ်တံဆိပ်တွေလည်း များစွာ ရှိပါတယ်။ တံဆိပ်အများစုဟာလည်းလူသုံးများမယ့် ဟန်းဆက်များနဲ့ ဈေးကွက်ဝေစုကို ပိုမိုပိုင်ဆိုင်ရအောင်ဆောင်ရွက်ကြပါတယ်။ ထိုဟန်းဆက် များရဲ့ မျက်နှာပြင်အကျယ်အ၀န်းကတော့ များသောအား ဖြင့် ၅ inches ၀န်းကျင်ခန့်ပဲရှိတတ်ပါတယ်။ အခုလည်း DOOGEE အမှတ်တံဆိပ်က စွမ်းရည်သင့်ဟန်းဆက်များကိုထုတ်လုပ်ရောင်းချပေးထားပါတယ်။

ယခု ဟန်းဆက်ရဲ့ မျက်နှာပြင်အကျယ်အ၀န်းဟာ 4.5 inches ရှိပါတယ်။ မြင်ကွင်း စွမ်းရည် အတွက်ထောက်ပံ့ပေးထားသော Pixels ပမာဏကတော့ 480×854 ပါ။ အသုံးပြုနိုင်တဲ့ Network အမျိုးအစားများကတော့ GSM, WCDMA ဖြစ်ပါတယ်။ ကင်မရာနှစ်မျိုးနှစ်စားကို အပျော်တမ်းဓာတ်ပုံရိုက် လိုသူများ အတွက် တပ်ဆင်ပေးထားပါတယ်။

ကင်မရာရဲ့စွမ်းရည်များဟာထိပ်တန်းအဆင့်တော့မဟုတ်ဘဲအလယ်အလတ်စွမ်းရည်ကိုပဲပိုင်ဆိုင်ထားပါတယ်။ အဓိကကင်မရာဟာ 5MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 1.3MP စွမ်းရည်ပါ။ မှတ်ဥာဏ်ပမာဏ ပိုင်းအတွက် RAM ကို1GBထည့်သွင်းပေးထားပြီး ROMကို8GB ဖြစ်အောင်ဆောင်ရွက် ပေးထားပါတယ်။ အချက်အလက်အများအပြားသိမ်းဆည်းချင်သူများ အနေဖြင့် မှတ်ဥာဏ်ပမာဏကိုချဲ့ထွင်အသုံးပြုရပါမယ်။

အများဆုံး ချဲ့ထွင်နိုင်မယ့်ပမာဏကတော့ 32GBအထိဖြစ်ပါတယ်။ ဖုန်းရဲ့ အရွယ် အစားပမာဏကတော့ 133.5×68.3×8.8 mm ဖြစ်ပြီးအားသွင်းအသုံးပြု ရမယ့် ဘက်ထရီအမျိုးအစားမှာ1800 mAhပါ။ ကာဗာလက်ဆောင် ကိုလည်း ရရှိနိုင်ပါမယ်။ ဖုန်းတွင် Quad-core CPUအမျိုးအစားကိုထည့်သွင်းပေးထား ပါတယ်။

<Specification>
Network - GSM/WCDMA
Screen - 4.5 inches
Memory - up to 32 GB
Bluetooth - Yes
CPU - MT 6582 Quad Core
OS - Android OS,v4.4
Contact - 09-785688888
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download

Read More ...

♪ ကြောက်မက်ဖွယ်ကောင်းသောသရဲအိမ်ကြီး - Haunted House HD v2.2.0.2321 Apk (28-Oct) ♫


အခုတင်ပေးလိုက်တဲ့ Live Wallpaper လေးကတော့ အရင်တင်ပေးနေကြတွေနဲ့မတူပါဘူး။ လုံးဝကိုခွဲ ထွက်နေတာနော်။ Version အဟောင်းတုန်းကတော့ ဒေါင်းလုပ်ဆွဲတဲ့သူတွေ တော်တော်လေး များခဲ့ပါ တယ်။ ပုံတွေကိုကြည့်လိုက်ပါဦးဗျာ။ လုံးဝအလန်းကြီးတွေ ကြောက်စရာကောင်းတဲ့ သရဲအိမ်ကြီး နဲ့သူ့ရဲ့ သရဲခြံ ကြီးရဲ့ ခြောက်ခြားဖွယ်ရာပုံရိပ်တွေကို Live Wallpaper အဖြစ်ဖန်တီးပေးထားတာပါ။ ကြိုက် တဲ့သူတော့ နည်းပါလိမ့်မယ်။ ဒါပေမယ့် လုံးဝအမိုက်စားကြီးတွေ ပြီးတော့ သူများတွေမှာမရှိတဲ့ ဟာတွေမို့ တင်ပေးလိုက်တာပါဗျာ။ အောက်မှာ Screen Shot တွေကိုနမူနာပြထားပါတယ်ဗျာ။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



Haunted House HD - screenshot     Haunted House HD - screenshot

https://lh5.ggpht.com/kgb2SnidkHmtGvPsYX8Au05nvKPl0ZT09ZH0gDyKOHmyFmhVqUQbyyM3OQop8rFs8yU=h900     https://lh5.ggpht.com/PC8zljWFZ4L1oIDUp85PxXxBdg7zUk_0-z7qudsPG12xqHj5fIvEmsNO4DwLLcsMdgc=h900

https://lh6.ggpht.com/IV1gqc9q1ujNdGR0AnecaKTpktPoEmcZNcriEhAtPEK21YZXg3coB9T8robaZy5UuLsz=h900

https://lh6.ggpht.com/zYiuPSnqNgc72G1sSehRsgZJXJzhLzEoQby13GDFOWlcKZ_NZ5Sju8gT312LcPH6sYQ=h900

https://lh4.ggpht.com/0aEHkJIbTJHKbpQUP8FLBqmbSa_iCW1tbZcCgw_JQBLMRdrG6Oiinsnkq1JZQ0nZXg=h900


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Read More ...

♪ ဖုန်းအချင်းချင်း Data Share ရာမှာ မြန်ဆန်တဲ့ - Zapya Connect,Share,Transfer v3.3.4 Apk (28-Oct) ♫

Cover art

Zapya ကတော့ Android User တိုင်းသိထားပြီးသား Data Share တဲ့ Application လေးဖြစ်ပါတယ်ဗျာ။  ကျွန်တော်အခုတင်ပေးလိုက်တာက 28-Oct မှာ နောက်ဆုံးထွက်ထားတဲ့ v3.3.4ပါ။ Version  အသစ် သုံးချင်သောဘော်ဒါများအတွက် တင်ပေးလိုက်ပါတယ်ဗျာ။ မသိသေးသူများကိုရှင်းပြရမယ် ဆိုရင်တော့ Bluetooth လိုပုံစံမျိုးပါဘဲ။ Zarpya ကတော့ Wifi မှာ Hotspot လွင့်ပြီး ဖုန်းအချင်းချင်း ဒါမှမဟုတ် Phone နဲ့ Computer တို့မှာ Data တွေကိုပို့ဆောင်ပေးတဲ့သဘောမျိုးပါ။  Bluetooth ထက်တော့အဆပေါင်း များစွာမြန်ဆန်စွာ Hand Set တစ်ခုနှင့် တစ်ခု Data တွေကို Share နိုင်ပါတယ်။ ဖိုင်ဆိုဒ်ကြီးတဲ့ Data တွေ ကို Share မယ်ဆိုရင် အချိန်ကုန် သက်တာတာပေါ့ဗျာ။ အခြားသော တရုပ် Tablet တွေ မှာဆို ရင် Bluetooth မပါပါဘူး အဲလိုမျိုး Tablet တွေ Hand Set တွေမှာ Zapya ကိုမရှိမဖြစ်ဆောင်ထားဖို့ လိုအပ်ပါတယ်။ Android OS 2.2 နှင့်အထက်ဖုန်း များမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


   Zapya - File Transfer, Sharing- screenshot

   Zapya - File Transfer, Sharing- screenshot         Zapya - File Transfer, Sharing- screenshot

   Zapya - File Transfer, Sharing- screenshot



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Read More ...

Free Call နှင့် Messageတွေပို့မယ် - LINE: Free Calls & Messages v5.7.0 APK


LINE Free Calls & Messages ဆိုရင် ပြောစရာတောင်မလိုလောက်တော့ဖူးလို့ ထင်ပါတယ် ဒီနေ့ ထွက်ထားတာလေးပါ သတိရလို့ တင်ပေးလိုက်တာပါ။ Free Calls တွေမှာ တော့ Viber ပြီးရင် ဒီကောင်လေးကို အကြိုက်ဆုံးပဲဗျာ။ Video Call ဆိုရင် Screen အပြည့်မြင်ရပြီး ရုပ်သံ ထွက် တအားကြည်လင်ပါတယ်ခင်ဗျာ။ ဒီကောင်းလေးကတော့ Android OS အားလုံးသုံးနိုင်ပြီး ဖိုင်းဆိုဒ်လေးကတော့23.4MB ဖြစ်ပါတယ်။






<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download

Read More ...

ဓာတ်ပုံပြုပြင်,Color Effect ဖန်းတီးနိုင်တဲ့-Pho.to Lab PRO Photo Editor! v2.0.292 APK


ဓါတ်ပုံတွေကို မိမိစိတ်ကြိုက်ပြုပြင်နိုင် ဖန်တီးနိုင်တဲ့ Application လေးတင်ပေးလိုက်ပါ တယ်ဗျာ။ ဓါတ်ပုံတွေကို နောက်ခံ Background များပြောင်းခြင်း ၊ Color Effect များထည့်ခြင်း ၊ အသင့်ပါဝင်ပြီး သား Frame များထည့်ခြင်း ၊ အပြင်အခြားသော Feature ပေါင်းများစွာပါဝင်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြု လို့ကောင်းတဲ့ Editing Application လေးတစ်ခုဖြစ်ပါတယ်။ ဝင်းလှိုင်(နည်းပညာ)Userတို့ဖန်တီးထားပြီးသား ပုံတွေကိုလည်း အရည်သွေး မှီတဲ့ ရုပ်ထွက်ကောင်းတဲ့ ဓါတ်ပုံတွေရရှိမှာဖြစ်ပါတယ်ဗျာ။ ဘော်ဒါတို့အတွက် ကျနော် အောက်မှာ Screen Short ရိုက်ပြထားပါတယ်။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြု နိုင်မှာဖြစ်ပါတယ်ဗျာ။







  



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download

Read More ...

Friday, October 30

လက်တလော မြန်မာပြည် ဈေးကွက်မှာ လူကြိုက်များနေတဲ့ Top 10 ဖုန်း

bp1
1) iPhone 6S Plus
2) iPhone 6S
3) iPhone 6 Plus 
4) iPhone 6
5) Samsung Galaxy Note 5
6) Samsung Galaxy S6 Edge+
7) Sony Xperia Z3+
8) Mi Note Pro
9) LG G4
10) HTC One M9
ကြိုက်နှစ်သက်မှု စာရင်းကို Store ရန်ကုန်၊ မန္တလေးရှိ ဖုန်းဆိုင်စုစုပေါင်း ၂၀ ကျော်ကို စာရင်းကောက်ထားခြင်း ဖြစ်ပါတယ်။ လူကြိုက်များတာနဲ့ ရောင်းအားကောင်းတာနဲ့ မတူတာကို သတိထားစေချင်ပါတယ်။
အဆင်ပြေပါစေ..





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download

Read More ...

♪ 3GB RAM ပါဝင်သည့် OnePlus X ကို ၂၄၉ ဒေါ်လာဖြင့် ရောင်းချမည် ♫


တရုတ်ဖုန်းကုမ္ပဏီ OnePlus သည် ၂၄၉ ဒေါ်လာဖြင့် ရောင်းချသည့် စမတ်ဖုန်းသစ်တစ်မျိုးကို ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။

OnePlus X တွင် ၅ လက်မ 1080p HD screen ပါဝင်ပြီး Snapdragon 801 ချစ်ပ်နှင့် 3GB RAM ဖြင့် အသုံးပြုနိုင်သည်။ သိုလှောင်မှုပမာဏက 16GB ဖြစ်သော်လည်း microSD card ဖြင့် 128GB အထိ တိုးမြှင့်အသုံးပြုနိုင်သည်။ ကျောဘက်ကင်မရာမှာ 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 8MP ဖြစ်သည်။ Operating system မှာ Android 5.1.1 ကို အခြေခံထားသော OxygenOS ဖြစ်သည်။ ဈေးသက်သာသည့် စမတ်ဖုန်းအဖြစ် ရည်ရွယ်ထုတ်လုပ်ထားသောကြောင့် fingerprint sensor ကဲ့သို့သော feature များ မပါဝင်ပေ။

One Plus X သည် iPhone 5 နှင့် အလွန်တူညီပြီး သတ္တုဘောင်နှင့် ကျောဘက်တွင် ဖန်ထည်ကို အသုံးပြုထားသည်။ ဖုန်း၏ အောက်ခြေဘက်ရှိ စပီကာများကိုလည်း iPhone ကဲ့သို့ အစက်ငယ်များဖြင့် ပြုလုပ်ထားသည်။

One Plus X ကို ယူကေနှင့် ဥရောပတွင် နိုဝင်ဘာလ ၅ ရက်မှ စတင်ရောင်းချမည်ဖြစ်သည်။ အမေရိကန်နှင့် ကနေဒါတွင်မူ နိုဝင်ဘာလ ၁၉ ရက်၌ ရောင်းချမည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။



Ref: TechInAsia


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download

Read More ...

♪ Temple Run 2 V1.18 Apk + Mod (Money/Unlocked) (28-Oct) ♫

Cover art

Temple Run ကတော့လူတိုင်းသိပြီးသား လူကြိုက်များ Game တစ်ခုဖြစ်ပါတယ်ဗျာ။ အခုလည်း 28-Oct နေ့မှာထွက်ထားတဲ့ Version အသစ်လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ အခုထွက်လာတဲ့ Version အသစ်မှာတော့ ယခင် Version အဟောင်းနဲ့မတူတော့တဲ့ ပုံစံအသစ်တွေနဲ့ ထွက်လာ တာဖြစ်တဲ့အတွက် ကစားသူများအ တွက် တမျိုးဆန်းစေမှာဖြစ်ပါတယ်ဗျာ။ နောက်ပြီးပြေးလမ်းအသစ်တွေ ကလည်းတော်တော်လေး ကစားလို့ကောင်ပါတယ်ဗျာ။ ပြီးတော့ စိတ်ချမ်းချမ်းသာသာ နဲ့ကစားနိုင်အောင် ပိုက်ဆံတွေကိုပါ Hack ထားတဲ့ Unlimited Money အနေနဲ့တင်ပေးလိုက်ပါ တယ်။ Unlimited ဆိုတော့ ပြေးချင်တဲ့ သူကိုစိတ်ကြိုက်ဝယ်ပြီးပြေးနိုင်တာပေါ့ဗျာ။ အေးအေးဆေးဆေးကစားရုံပါဘဲ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာကစားနိုင်မှာဖြစ်ပါတယ်ဗျာ။ နမူနာအနေနဲ့အောက်မှာ Screen Shot များ ရိုက်ပြထားပါတယ်ဗျာ။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



   Temple Run 2- screenshot         Temple Run 2- screenshot

   Temple Run 2- screenshot         Temple Run 2- screenshot

   Temple Run 2- screenshot         Temple Run 2- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Read More ...

♪ Samsung က ၁၈.၄ လက်မ Galaxy View Tablet ကို မိတ်ဆက် ♫


Samsung က IFA 2015 တွင် အရိပ်အမြွက်ပြောကြားခဲ့သော အရွယ်ကြီး တက်ဘလက်ကို မိတ်ဆက်လိုက်ပါသည်။ Samsung Galaxy View ဟု အမည်ပေးထားပြီး ၁၈.၄ လက်မ TFT LCD Display တပ်ဆင်ထားပါသည်။ 1080p Resolution ရှိပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၁၂၃ ဖြစ်ပါသည်။

သယ်ဆောင်ရလွယ်ကူစေရန် လက်ကိုင်ပါရှိပြီး အနောက်ဘက်တွင် နှစ်မျိုးသုံး Stand ပါရှိပါသည်။ 5700mAh Battery က ရှစ်နာရီကြာ ဗီဒီယိုများ ကြည့်ရှုနိုင်သည်ဟု Samsung ကပြောပါသည်။ ရုပ်ရှင်များ ကြည့်ရှုရန် အရည်အသွေးမြင့်မားသော 4W Stereo Speaker နှစ်လုံး တပ်ဆင်ထားပါသည်။

Galaxy View တွင် 1.6GHz Octa-Core CPU, 2GB RAM, Samsung Exynos 7580 Chipset , 32 or 64GB Internal Storage , microSD Card Slot တို့ပါရှိပါသည်။ မျက်နှာပြင်၏ အထက်တွင် 2.1MP Camera ပါရှိပြီး Video Chat ပြုလုပ်နိုင်ပါသည်။ ဆက်သွယ်မှုအပိုင်းတွင် Bluetooth 4.1 BLE, Wi-Fi 802.11 ac တို့ပါရှိပြီး LTE Model တွင် Nano-SIM Slot တစ်ခုပါရှိပါသည်။

Android 5.1 Lollipop ကို Media UX Skin နှင့် တွဲဖက်ထားပါသည်။ Samsung က ဈေးနှုန်းနှင့် ရောင်းချမည့် နေ့ရက်ကို မကြေညာသေးဘဲ အမေရိကန်မှ အွန်လိုင်းအရောင်းဆိုင် Adorama က ဖော်ပြထားချက်အရ ဒေါ်လာ ၅၉၉ တန်ကြေးရှိပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download

Read More ...
Related Posts Plugin for WordPress, Blogger...