မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, April 28

♪ Android အက်ပလီကေးရှင်းများကို Chrome OS မှာ အသုံးပြုနိုင်တော့မည် ♫


Google ကုမ္မဏီ ဟာ သူ့ရဲ့ ကိုယ်ပိုင် OS ၂ခုဖြစ်တဲ့ Android နဲ့ Chrome OS ကို ထိရောက်တဲ့ ချိတ်ဆက်မှု မျိုး ရှိစေချင်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ရှာဖွေရေးအင်ဂျင် လုပ်ငန်းစု ဖြစ်တဲ့ Google ဟာ ချိတ်ဆက်နိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီနည်းလမ်းကတော့ Android အက်ပလီကေးရှင်း သန်းပေါင်းများစွာကို Google Play ကတစ်ဆင့် Chrome OS မှာ ထည့်သွင်းတပ်ဆင်နိုင်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။

Chromebooks တွေမှာ Chrome OS ဗားရှင်း 51 ကို ထည့်သွင်း တပ်ဆင်ထားတယ်ဆိုရင်တော့ Settings Menu ရဲ့  အောက်ခြေနားမှာ “Enable Android Apps to run on your Chromebook” ဆိုတဲ့ စာသားလေးကို ပြသ ထားတာတွေ့ရပါလိမ့်မယ်။ Android အက်ပလီကေးရှင်းတွေကို သင့်ရဲ့  Chromebook မှာ လုပ်ဆောင်ခွင့်ပေးမလား ဆိုတဲ့ အဓိပ္ပာယ်ပါ။ အဲဒါကို Enab;e လုပ်ပြီးရင်တော့ Play Store ကတဆင့် သင်လိုချင်တဲ့ Android အက်ပလီကေးရှင်းတိုင်းကို သင့်ရဲ့  Chromebook မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒါတွေဟာ Developer တွေ ရှာဖွေတွေ့ရှိထားတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ Chrome OS v51 ဟာ စမ်းသပ်နေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ Android အက်ပလီကေးရှင်းတွေ လုပ်ဆောင်ခွင့်ပြုမှာလား ဆိုတဲ့ ရွေးချယ်ခွင့်ဟာလည်း အလိုလျောက်ပေါ်လာပြီး ရွေးချယ်မှု မပြုရင် အလိုလျောက် ပြန်ပျောက်ကွယ်သွားတယ်လို့ Chrome OS v51 ကို စမ်းသပ်လေ့လာခဲ့တဲ့ Developer တွေက ဆိုထားပါတယ်။ အတိအကျသိရဖို့အတွက်တော့ နောက်လထဲမှာ ကျင်းပတော့မယ့် Google ရဲ့ I/O Conference ကိုသာ စောင့်မျှော်ရမှာ ဖြစ်ပါတယ်။

တစ်ကယ်တော့ Google ဟာ Android အက်ပလီကေးရှင်းတွေကို Chrome OS မှာ အသုံးပြုနိုင်ဖို့အတွက် လွန်ခဲ့တဲ့ နှစ်အနည်းငယ် ၂၀၁၄ ခုနှစ် Google I/O ကွန်ဖရင့်မှာ Vine ၊ Evernote ၊ Duolingo ဆိုတဲ့ အက်ပလီကေးရှင်းအချို့ နဲ့ စတင်စမ်းသပ်ခဲ့ပါတယ်။ အဲဒီ အက်ပလီကေးရှင်းတွေဟာလည်း အချိန်အားဖြင့် အကန့်အသတ်(Trial Version) နဲ့သာ အသုံးပြုခွင့်ရခဲ့တာ ဖြစ်ပြီး ၂၀၁၅ မှာတော့ App Runtime for Chrome – ARC ဆိုတဲ့ လုပ်ဆောင်ချက်ကို ထပ်မံ ဖန်တီးခဲ့ပြန်ပါတယ်။ ထို ARC စနစ်ဟာလည်း အချိန် ကန့်သတ်မှု ရှိနေပြီး ထို လုပ်ဆောင်ချက်ကိုလည်း Chrome OS v51 မှာ ရွေးချယ် လုပ်ဆောင်နိုင်တယ်လို့ Developer တွေရဲ့  ပြောကြားချက်အရ သိရပါတယ်။

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...