မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, April 28

iPhone SE ( သို့) မြန်မာငွေငါးသိန်းခန့်နဲ့ ရနိုင်သော Apple ရဲ့ iPhone အသစ်


သတင်းတွေ ကြားထားတဲ့ အတိုင်းပဲ Apple ဟာ ဖုန်းအသေးကြိုက်တဲ့ သူတွေအတွက် ၄ လက်မ ပဲရှိတဲ့ iPhone SE ကို ဒီ မတ်လ 21 ရက်နေ့ မှာ မိတ်ဆက်ပေးခဲ့ပါတယ် ။ ဒီ iPhone SE ထုတ်ရခြင်းရည်ရွယ်ချက်ကတော့ အရင်ခေတ်တုန်းက ထုတ်တဲ့ iPhone 5 တို့လိုမျိုး screen သေးသေးနဲ့ဖုန်းကို စွမ်းဆောင်ရည်မြင့်မြင့်နဲ့ သုံးစွဲချင်သူတွေ အတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။
Apple-iPhone-SE-images
iPhone SE ဟာ ဒီဇိုင်းအရတော့ iPhone 5 နဲ့ ဆင်တူပြုလုပ်ထားပါတယ် ။ iPhone SE ရဲ့ ပုံပန်းဒီဇိုင်းကတော့ iPhone 5 နဲ့ တူပေမဲ့ ပါဝင်တဲ့ hardware specification တွေကတော့ iPhone 6S မှာသုံးထားတဲ့ hardware specification တွေကိုသုံးထားပါတယ်။ CPU မှာဆိုရင် အရင်နှစ်ကထွက်ထားတဲ့ iPhone 6S မှာသုံးထားတဲ့ Apple A9 CPU ကိုသုံးထားပြီးတော့ စွမ်းဆောင်ရည်မှာiPhone 6S နဲ့ တူတူပဲလို့ဆိုပါတယ် ။ ကင်မရာကလဲ 12 megapixel ရှိတဲ့ ကင်မရာပါဝင်ပြီးတော့ 4K vedio ကိုလဲ ရိုက်ကူးနိုင်တယ်လို့ဆိုပါတယ် ။အားသာချက်ကတော့ သူ့ရဲ့ ကင်မရာဟာ iPhone 6S တို့လိုမျိုး ဖုန်း body အပြင်ဘက်ကို ထွက်မနေပါဘူး ။ CPU စွမ်းဆောင်ရည်မှာဆိုရင် iPhone 5S ထက် ၂ဆ.. GPU စွမ်းဆောင်ရည်မှာဆိုရင် ၃ ဆ ခန့်ပိုမိုကောင်းမွန်တယ်လို့ဆို ထားတဲ့အတွက် powerful ဖြစ်တဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ် ။သူ့ က screen ၄ လက်မပဲရှိတဲ့အတွက် ဖုန်းအသေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေကတော့ တော်တော်သဘောကျမှာ သေချာပါတယ် ။ ဘတ်ထရီ ပမာဏ ဘယ်လောက်ပါဝင်တယ်ဆိုတာ မသိသေးပေးမဲ့ Apple Website မှာ ကြေငြာထားချက်အရ iPhone 6S ထက် ပိုသာတယ်ဆိုတာသိရပါတယ် ။ ဒါပေမဲ့ သူ့မှာ iPhone 6S တို့လိုမျိုး 3D Touch လုပ်ဆောင်ချက် ပါမလာပါဘူး ။
Apple-iPhone-SE
Apple-iPhone-SE
iPhone SE ဟာ အရောင် လေးမျိုး(Space Grey ၊ Rose Gold ၊ Silver ၊ Gold ) နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ် ။ စစခြင်း အနိမ့်ဆုံး ဖြစ်တဲ့ 16 version ကို မြန်မာငွေ ငါးသိန်းခန့်( $399 dollar ) နဲ့ ရောင်းချမှာဖြစ်ပါတယ် ။ 64 GB version ကိုတော့ $499 dollar နဲ့ ရောင်းမှာ ဖြစ်ပါတယ် ။မတ်လ ၂၄ ရက်နေ့ကနေစပြီး pre-order မှာလို့ရပြီးတော့ Apple Store တွေမှာ မတ် ၃၁ ရက်မှာ စတင်ရောင်းချမယ်လို့ သိရပါတယ် ။ ဘာပဲပြောပြော စွမ်းဆောင်ရည်မြင့်မားတဲ့ နောက်ဆုံးပေါ် iPhone အသစ်တစ်လုံး ကို မြန်မာငွေ ငါးသိန်းခန့်နဲ့ ရရှိနိုင်မှာဆိုတဲ့ အတွက် တန်တယ်လို့ ထင်ပါတယ် ။

ref - http://www.myanmarithub.com/
အဆင်ပြေပါစေ..
-

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...