မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Friday, May 13

♪ Android ဖုန်းတွေ မှာ Copy ကူးယူလို့မရတဲ့ စာတွေကို Copy ကူးယူနိုင်မဲ့ Universal Copy (For Android) ♫

Universal Copy ဆိုတဲ့ App က Android မှာ Copy လုပ်လို့ မရတဲ့ စာတွေကို ကူးယူနိုင်အောင် ပြုလုပ်ပေးပါတယ်။ ဥပမာ – Facebook app နှင့် Facebook အသုံးပြုတဲ့ အခါ newsfeed က စာတွေ comment တွေကို copy လုပ်လို့မရပါဘူး။ အဲ့လိုအခါမျိုးမှာ Universal Copy ရဲ့ အကူအညီ နှင့် သင်သိမ်းဆည်း ထားလို တဲ့ စာတွေကို copy ပြုလုပ်နိုင်ပါတယ်။Universal Copy ကို အသုံးပြုဖို့ Play Store မှာ ရရှိနိုင်ပါတယ်။ ဒီလင့် ကနေသွားလိုက်ပါ (အောက်မှာလည် တိုက်ရိုက် Download Link ကိုချိတ်ပေးထားပါတယ်)။
Install လုပ်ပြီး app ကို run လိုက်လျှင် ပေါ်လာမယ့် interface မှာ Universal Copy ဆိုတဲ့ service ကိုမြင်ရပါမယ်။ ထို service ကို activate လုပ်ပေးဖို့လိုအပ်ပါတယ်။
clip_image002

Universal Copy ဆိုတဲ့ စာရဲ့ ဘေးနားက button လေးကို On လိုက်လျှင် Android ရဲ့ Accessibility settings ထဲကို ရောက်သွားပါမယ်။ အဲ့ settings မှာ ထပ်ပြီး တွေ့ရမယ့် Universal Copy ဆိုသည့် service ထဲဝင်ပြီး On ပေးလိုက်ပါ။
clip_image004
Use Universal Copy? ဆိုသည့် box လေးပေါ်လာလျှင် OK ကိုနှိပ်ပေးပြီး approve လုပ်လိုက်ပါ။ ဒါဆိုရင် Universal Copy က activate ဖြစ်သွားပါပြီ။Activate ဖြစ်သွားပြီ ဆို Phone ရဲ့ notification bar လေးကို ဆွဲချကြည့်လိုက်ပါ။

Universal Copy ဆိုတဲ့ app လေး ရှိနေတာ တွေ့ရင် အသုံးပြုလို့ရသွားပါပြီ။
clip_image006
သင် copy လုပ်လိုတဲ့ စာကို တွေ့ပြီဆို တစ်ခါတည်း ကူးယူလို့တော့မရပါဘူး။ Universal Copy နှင့် copy လုပ်မယ်ဆို text ကို copy မလုပ်ခင် notification bar ကို ဆွဲချပြီး Universal Copy ကို touch တစ်ချက်ပေးပြီး activate လှမ်းလုပ်ရပါတယ်။
clip_image008
ပြီးလျှင်တော့ သင်ကူးယူလိုတဲ့ text ကို select ပေးပြီး screen ရဲ့ ညာဘက် အပေါ်ထောင့်မှာ ပေါ်လာမယ့် copy icon လေးကို နှိပ်ပြီး
ကူးယူနိုင်ပါတယ်။
clip_image009
copy icon ရဲ့ ဘေးက ခဲတံပုံ icon ကိုနှိပ်လျှင်တော့ သင် select ပေးလိုက်တဲ့ စာတွေကို ပြန်လည် edit ပြုလုပ်နိုင်ပါတယ်။Universal Copy ကို အသုံးပြုပြီး ကိုယ်ကူးယူထားလိုတဲ့ စာတွေကို၊ တဆင့်ပြန်ရှယ်လိုတဲ့ စာတွေကို အလွယ်တကူ ကူးယူအသုံးပြုနိုင်ပါတယ်။ Copy လုပ်လို့မရလိုရ screenshot ထားရတာမျိုးမရှိနိုင်တော့ပါဘူး။


http://softguidecomputer.com





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...