မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, May 11

♪ Android မှာ ရှုပ်နေတဲ့ Google Search Bar ကို ဖျောက်မယ် ♫

1

Google က Android Phone ထုတ်လုပ်သူတိုင်းကို ဖုန်းများမျာ သူ့ရဲ့ Apps များနဲ့ ၀န်ဆောင်မှုများကို ထည့်သွင်းပေးဖို့ တောင်းဆိုထားပါတယ်။ ဒါကြောင့်လည်း Android Phone အားလုံးနီးပါးမှာ Google Apps နဲ့ Google Search Bar များကို တွေ့ရတာပါ။ Google Search Bar ကို Home Screen မှာ မထားချင်တဲ့ လူတွေလည်း ရှိကြပါတယ်။ အဓိက အကြောင်းပြချက်ကတော့ Google Search Bar ကြောင့် သင့် Apps များအတွက် နေရာ မလုံလောက်တော့တာပါ။ Google Search Bar ကို ဖယ်ရှားရတာ မခက်ပါဘူး။ ဒါပေမယ့် ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူညီပါဘူး။ ဥပမာအားဖြင့် Samsung , LG Handsets များမှာ အခြား Widget များကို ဖယ်ရှားသလိုပဲ ဖယ်ရှားနိုင်ပါတယ်။ Sony Xperia Handsets များမှာတော့ နည်းလမ်း မတူညီပါဘူး။
(၁) Samsung
Google Search Bar ကို ဖိထားပါ။ ထိပ်မှာ ပေါ်လာတဲ့ အမှိုက်ပုံး အိုင်ကွန်ပေါ်သို့ Search Bar ကို ဆွဲတင်ပါ။
1
Search Bar ကို Home Screen မှာ ပြန်ထားချင်ရင် နေရာလွတ်တစ်ခုပေါ်ကို ဖိထားပါ။ ပေါ်လာတဲ့ Menu ထဲမှ Widgets ကို နှိပ်ပါ။ Google App ဖိုဒါထဲသွားပါ။ Search Bar ကို Home Screen ပေါ်သို့ လက်နဲ့ ဖိဆွဲချပါ။
2
(၂) Sony
Sony Handsets များမှာ Google Search Bar ကို ဖိထားပါ။ Hide ခလုတ်ပေါ်လာရင် နှိပ်ပါ။ Home Button သို့မဟုတ် Back Button ကို နှိပ်ပါ။
3
ဒါဆိုရင် Home Screen မှာ Google Search Bar ပျောက်သွားမှာပါ။
4
Search Bar ကို Home Screen မှာ ပြန်ထားချင်ရင် Settings > Apps> All > Xperia Home ထဲသွားပြီး Clear Data ကို နှိပ်ပါ။ ( ဒီလိုလုပ်ရင် Google Search Bar ပြန်ပေါ်လာမှာ ဖြစ်ပေမယ့် Home Screen ကို Default အနေအထား ပြန်လုပ်သွားမှာပါ။ အဲဒီအတွက် Home Screen ကို Set Up ပြန်လုပ်ရမှာပါ။ )
(၃) Custom Launcher
Google Search Bar ကို Home Screen ကနေ ဖျောက်နိုင်တဲ့ အခြားနည်းလမ်းတစ်ခုက Nova Launcher , Apex Launcher များလို Launcher များကို အသုံးပြုတာပါပဲ။ ဒီ Launcher များက သင့်ရဲ့ Android Phone ကို ကြိုက်သလို Customize လုပ်နိုင်ပါတယ်။ Google Search Bar ကိုလည်း ဖျောက်ပေးနိုင်ပါတယ်။
Apex Launcher – http://goo.gl/mpSGAA
Nova Launcher – http://goo.gl/bxQSkV

(၄) Custom ROM

သင့်ဖုန်းကို Root လုပ်ထားပြီး Custom ROM များကို အသုံးပြုရင်လည်း Home Screen မှ Google Search Bar ကို ဖျောက်နိုင်ပါတယ်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...