မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Friday, May 20

ကိုယ်ရိုက်ထားတဲ့စာသားနဲ့လိုက်တဲ့ emoji ကို အလိုအလျောက်ရွေးချယ်ပေးမယ့် ကီးဘုတ်တစ်ခုကို SwiftKey စမ်းသပ်


ကိုယ်ရိုက်ချင်တဲ့စကားကို အလိုအလျောက်ခန့်မှန်းပေးနိုင်တဲ့ feature ကြောင့် နာမည်ကျော်တဲ့ SwiftKey ကီးဘုတ်ဟာ အခုအခါ emoji တွေကို ခန့်မှန်းပေးမယ့် ကီးဘုတ်အသစ်တစ်ခုကို စမ်းသပ်လျက်ရှိတယ်လို့ သိရပါတယ်။

Swiftmoji လို့ အမည်ပေးထားတဲ့ အဆိုပါ Android ကီးဘုတ်အသစ်ဟာ ၎င်းရဲ့ prediction engine ကို အသုံးပြုပြီး၊ ကိုယ်ရိုက်ထားတဲ့စာသားနဲ့ လိုက်မယ့် emoji တွေကို ခန့်မှန်းပေးမှာဖြစ်ပါတယ်။

Microsoft ကုမ္ပဏီက မကြာသေးခင်က၀ယ်ယူထားတဲ့ SwiftKey ရဲ့ ပြောကြားချက်အရ emoji ခန့်မှန်းပေးတဲ့ဘားကို ကီးဘုတ်အတွင်းက word suggestion ဘားအပေါ်မှာ တွေ့မြင်ရမှာဖြစ်ပြီး၊ စာသားနဲ့ အလိုက်ဆုံး emoji တွေကို ရွေးချယ်ဖော်ပြပေးမှာဖြစ်ပါတယ်။

Swiftmoji ကီးဘုတ်ကို beta စမ်းသပ်ချင်တဲ့လူတွေအနေနဲ့ အောက်က လင့်ခ်ကို ကလစ်နှိပ်ပြီး စမ်းသပ်သုံးကြည့်နိုင်ပါတယ်။

Sign up for the Swiftmoji beta on Android

Credit to ==> Digital Times

<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ >>>
 
 




No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...