မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Saturday, May 21

ဒေတာတွေမတော်တဆမှားဖျက်မိတာတွေကိုတားဆီးပေးတော့မယ့် Google Chrome


Google Chrome ဟာ နောက်ဆုံးမှာတော့ လူတွေအနေနဲ့ သူတို့ရဲ့အလုပ်တွေကို မတော်တဆမှားယွင်းဖျက်မိတာတွေကို တားဆီးပေးတော့မယ်လို့ သိရပါတယ်။ အနာဂါတ်ဗားရှင်းမှာ Backspace ခလုတ်နဲ့ မှားပြီး ဖျက်မိတာတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် “Back” ဆိုတဲ့ ခလုတ်တစ်မျိုးကို ထည့်သွင်းမှာဖြစ်ပြီး လူတွေအနေနဲ့ ဆိုက်ပေါ်မှာ မတော်တဆဖျက်ဆီးမိခဲ့သမျှတွေကို ရှောင်လွဲနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ တချို့သောအသုံးပြုသူတွေထံကို Experimental ဗားရှင်းအနေနဲ့ ရောက်ရှိအသုံးပြုနေကြပြီဖြစ်ပြီး Developer တွေကတော့ ဒီလုပ်ဆောင်ချက်ဟာ လက်ရှိမှာ တစ်စိတ်တစ်ပိုင်းသာ အလုပ်လုပ်သေးတယ်လို့ ဆိုကြပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ လူတွေအနေနဲ့ မတော်တဆဖျက်မိတဲ့ အမှားတွေသာ ပြန်ရမှာဖြစ်ပြီး အလုပ်တွေအားလုံးကို တမင်ဖျက်လိုက်တယ်ဆိုရင်တော့ ပြန်ရဖို့မလွယ်ကူဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဒီလိုမျိုးမှားယွင်းပြီး ဖျက်မိတဲ့ စာလုံးတွေ၊ စာကြောင်းတွေကို Save လုပ်ထားတဲ့ Extension တွေ ထွက်ရှိပြီးသားဖြစ်ပါတယ်။ The Lazarus tool လိုမျိုး tool တွေဖြစ်ပြီး Web Form အနေနဲ့ ရိုက်ထားတဲ့ လတ်တလောစာသားတွေကို မှတ်သားထားပေးပြီး မှားယွင်းဖျက်တောက်မိတဲ့အခါ အသုံးပြုသူအနေနဲ့ အနောက်ကိုပြန်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...