မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Friday, May 6

♪ “Huawei က Honor 5C ကို မိတ်ဆက်” ♫


Huawei က တရုတ်နိုင်ငံမှာ Honor 5C ကို မိတ်ဆက်လိုက်ပါတယ်။ Huawei Honor 5C မှာ ၅.၂ လက်မ IPS LCD Full HD Display တပ်ဆင်ထားပါ တယ်။ Cortex-A53 2.0GHz Core လေးလုံးနဲ့ Cortex-A53 1.7GHz Core လေးလုံး ပါရှိတဲ့ Huawei ရဲ့ ကိုယ်ပိုင် Kirin 650 Chipset မောင်းနှင်မှာဖြစ်ပါ တယ်။

2GB RAM , 16GB Internal Storage တပ်ဆင်ထားပြီး 128GB အထိ ၀င်ဆန့်တဲ့ microSD Card ထည့်သွင်းနိုင်ပါတယ်။ အနောက်ဘက်မှာ 13 MP Camera နဲ့ LED Flash တစ်ခုကို တွဲဖက်တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 8MP Camera ပါရှိပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာကို တပ်ဆင်ထားပါတယ်။

Dual SIM Phone ဖြစ်ပြီး 2G/3G/4G LTE ဆက်သွယ်မှုအားလုံးကို ထောက်ပံ့ပါတယ်။ အမြန်ဆုံး အနေနဲ့ Download Speed မှာ 300Mbps ဖြစ်ပြီး Upload Speed မှာ 50Mbps ဖြစ်ပါတယ်။ Bluetooth 4.1, WiFi b/g/n, GPS, FM Radio များပါရှိပါတယ်။

 အရွယ် အစား အပြည့်အစုံမှာ 147.1 x 73.8 x 8.3mm ဖြစ်ပြီး အလေးချိန်မှာ ၁၅၆ ဂရမ် ဖြစ်ပါတယ်။ 3000mAh Battery တပ်ဆင်ထားပြီး USB Type-C မပါဘဲ microUSB 2.0 သာပါရှိပါတယ်။ Android 6.0 Marshmallow ကို EMUI Version 4.1 နဲ့ တွဲဖက်ထားပါတယ်။ တရုတ်မှာ 3G Model ကို ယွမ် ၈၉၉ ( ဒေါ်လာ ၁၃၉) ၊ 4G Model ကတော့ ယွမ် ၁၀၀ ပိုမို များပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...