မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, May 12

♪ “My Ooredoo app အတွက် ပိုမိုပြည့်စုံသည့် ဗားရှင်းသစ်ထုတ်ပြန်” ♫


အူရီဒူးသုံးစွဲသူများအနေဖြင့် Function များစွာပါဝင်ပြီးသုံးစွဲရလွယ်ကူသည့် My Ooredoo App ၏ ဗားရှင်း သစ်ကို ရယူနိုင်ပြီဖြစ်ကြောင်း အူရီဒူးမြန်မာမှ သတင်းထုတ်ပြန်ပါသည်။My Ooredoo App ကို ဝန်ဆောင်ခပေးရန်မလိုဘဲ အသုံးပြုပြီး အလွယ်တကူငွေဖြည့်ခြင်း၊ လက်ကျန်ငွေစစ်ဆေးခြင်း၊ ထိုမျှမက အူရီဒူးထုတ်ကုန်အပါအဝင် နာမည်ကြီးအူရီဒူးဝန်ဆောင်မှုအသစ်တို့နှင့် မျက်ခြည်မပြတ် ရှိနေမည်ဖြစ်သည်။

'' My Ooredoo '' အပလီကေးရှင်း Version 2.0 ကိုအသုံးပြု၍ မိမိ၏ကိုယ်ပိုင်အကောင့်ကို လိုအပ်သလို စီမံ နိုင်မည်ဖြစ်သကဲ့သို့လျင်မြန်စွာငွေဖြည့်ခြင်း၊ ငွေလွှဲခြင်း၊ တယ်လီဖုန်း ပြောဆိုမှု၊ အင်တာနက် အသုံးပြုမှုနှင့် ပတ်သက်၍ မိမိစိတ်တိုင်းကျ အစီအစဉ်များအား ဝယ်ယူအသုံးပြုနိုင်ခြင်း၊ မိမိကြိုက်နှစ်သက်ရာ ဆင်းကတ် နံပါတ်အလှကိုရှာဖွေ၍ ကြိုတင်မှာယူနိုင်ခြင်း အစရှိသည်တို့ ပြုလုပ်နိုင်မည်ဖြစ်ပြီး အခြားအူရီဒူး အပိုဝန်ဆောင်မှု များကိုလည်း ရယူ နိုင်မည်ဖြစ်ကြောင်းသိရသည်။

အက်ပလီကေးရှင်းဗားရှင်းသစ်အား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် အသုံးပြုနိုင်ပြီး Ooredoo Zone, Apple App Store နှင့် Google Play တို့တွင် "My Ooredoo" ဟုရိုက်ထည့်ရုံဖြင့် အလွယ်တကူတွေ့နိုင်ပါသည်။ မူလဗားရှင်းကို Install ပြုလုပ်ထားသူများ အနေဖြင့်လည်း အခမဲ့ upgrade ပြုလုပ်သုံးစွဲနိုင်မည်ဖြစ်သည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...