မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, May 23

♪ ဈေးနှုန်းချိုသာသောစမက်ဖုန်း “Vital Smart Phone GOAL” ♫


ပြည်တွင်းဈေးကွက်မှာဖုန်းတံဆိပ်မြောက်မြားစွာရှိပြီးအချို့တံဆိပ်တွေက တော့ ဈေးနှုန်းတန်ဖိုး မြင့်မားကြပါတယ်။ တံဆိပ်အသီးသီးဟာ ဈေးကွက် ထဲတွင် အောင်မြင်မှုရရန် နည်းမျိုးစုံဖြင့် ကြိုးစားနေကြပါတယ်။ Vital Smart Phone များထဲမှ အခြားဖုန်းတွေထက် တစ်မူထူးခြားသည့် GOAL Model အသစ်သည် အခြားဖုန်းများထဲသို့ အားသွင်းလို့ရတဲ့ Power Bank အနေနဲ့ အသုံးပြုလို့ရမှာဖြစ်ပြီး Phone ထဲမှ Data များကို Computer ကဲ့သို့ ပေးပို့၊ ရယူလို့ရတဲ့စနစ် ပါဝင်လာပါတယ်။

လှပတဲ့ဒီဇိုင်း (Metalic Cover) နှင့် စမတ်ကျတဲ့အပြင် အကြမ်းခံလိုင်းဆွဲအားကောင်းပြီး ဖုန်းအသုံးပြုရတာ မြန်ဆန်တဲ့ GOAL ဖုန်းကို ပြည်တွင်းဈေးကွက်မှာ ၀ယ်ယူရရှိနိုင် ပါပြီ။ ပေးဝယ်ယူရတဲ့ ဈေးနှုန်းနဲ့တန်အောင်၊ သုံးစွဲလို့ ကောင်းမွန်အောင် ဖန်တီး ပေးထားသော စမတ်ဖုန်းအမျိုးအစားဖြစ်ပါတယ်။ သွက်လက်မြန်ဆန်တဲ့ အထိအတွေ့ကိုရရှိစေဖို့ သာမန် Processor 4 လုံးစာအလုပ်လုပ်နိုင်စွမ်းရှိတဲ့ Quad Core 4×RAM Cortex-A7 1.3GHZ နဲ့ RAM 1GB တို့ကိုပေါင်းစပ် ဖန်တီးပေးထားပါတယ်။

Movies, Music, Photo, Application, Data များကို ဖုန်းအတွင်းပိုမို သိမ်းဆည်း နိုင်ရန်အတွက် Storage 8GB ကိုထည့်သွင်း ပေးထားသည့် အပြင် ကြည်လင် ပြတ်သားပြီး မြင့်မားတဲ့ရုပ်ထွက် အရည်အသွေးကို ထုတ်ပေးနိုင်တဲ့ 540 × 960 Pixels ကိုအသုံးပြုထားပါတယ်။ ကင်မရာ နှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီးအရှေ့ဘက်ကင်မရာငယ်ရဲ့ စွမ်းရည်မှာ 2 Megapixel ဖြစ်ပြီးအနောက်ဘက် ကင်မရာရဲ့ စွမ်းရည်မှာ 5 Megapixel ဖြစ်ပါတယ်။

ဘက်ထရီသက်တမ်းကြာရှည်ခံတဲ့ Li-Ion အမျိုးအစားဘက်ထရီ တွင် Real 3600 mAhကိုအသုံးပြုထားတဲ့အတွက် Internet နဲ့ ဖုန်းများများ ပြောသောသူများနှင့် ဂိမ်းဆော့ဝါသနာပါသူများ အတွက် အဆင်ပြေစေမှာ ဖြစ်ပြီး ဖုန်းအားခဏခဏသွင်းရ သည့် ပြဿနာကိုလည်းဖြေရှင်းပေးနိုင် မှာဖြစ်ပါတယ်။

<Specification>
Network - GSM/WCDMA
Memory - up to 64 GB
CPU - 4×RAM Cortex A7 1.3GHz
Camera - 5MP
Screen - 5 inches
OS - Android OS, v5.1
Contact - 09-454566688
Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal


<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ >>>
 
 




No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...