မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Friday, May 20

♪ “Xiaomi က ၆.၄၄ လက်မ အရွယ် Mi Max စမတ်ဖုန်းကို မိတ်ဆက်” ♫


Xiaomi က အရွယ်ကြီးမားပြီး တန်ဖိုးသက်သာတဲ့ Phablet အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ Xiaomi Mi Max လို့ အမည်ပေးထားပြီး သတ္တု ကိုယ်ထည် တပ်ဆင်ပေးထားပါတယ်။ ၇.၅ mm အထူရှိပါတယ်။ ပမာဏ များပြားတဲ့ 4850mAh Battery တပ်ဆင်ပေးထားတဲ့အတွက် အရွယ်ကြီး စမတ်ဖုန်းအတွက် လုံလောက်တဲ့ စွမ်းအင်ကို ပံ့ပိုးပေးနိုင်ပါတယ်။ အလေးချိန်မှာ ၂၃၀ ဂရမ် ဖြစ်ပါတယ်။

 Xiaomi က Mi Max ကို မော်ဒယ် သုံးမျိုးထုတ်လုပ်ပေးထားပါတယ်။ စွမ်းရည် အမြင့်ဆုံး မော်ဒယ်မှာ Snapdragon 652 Chipset , 4GB RAM , 128GB Internal Storage ထည့်သွင်းပေးထားပါတယ်။ 3GB RAM, 64GB Internal Storage ကိုလည်း ရွေးချယ်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ Snapdragon 650, 3GB RAM , 32GB Internal Storage ထည့်သွင်းထားပါတယ်။ မော်ဒယ် နှစ်ခုစလုံးမှာ Adreno 510 GPU တပ်ဆင်ထားတဲ့အတွက် Full HD Display ကို ထိန်းကျောင်းဖို့ လုံလောက်ပါတယ်။ မော်ဒယ်သုံးခုစလုံးမှာ Dual-SIM Slot များ တပ်ဆင်ထားပေမယ့် Slot တစ်ခုကို microSD Card နဲ့ မျှဝေ အသုံးပြုရမှာ ဖြစ်ပါတယ်။

 Xiaomi Mi Max မှာ Android 6.0 Marshmallow ကို အခြေပြုထားတဲ့ MIUI 8 မောင်းနှင်မှာ ဖြစ်ပါတယ်။ လုံခြုံရေးအတွက် အနောက်ဘက်မှာ လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာ တပ်ဆင်ပေးထားပါ တယ်။ အနောက်ဘက်မှာ 16MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera ပါပါတယ်။ ငွေ၊ အညိုဖျော့၊ ရွှေရောင်များ ထုတ်လုပ်ပေးထားပြီး မေလ ၁၇ ရက်နေ့မှာ ရောင်းချမှာပါ။ S650/3GB/32GB Model ကို ဒေါ်လာ ၂၃၀ ၊ S652/3GB/64GB Model ကို ဒေါ်လာ ၂၆၀ နဲ့ S652/4GB/128GB Model ကို ဒေါ်လာ ၃၀၀ သတ်မှတ်ထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 

www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...