မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Sunday, June 19

♪ Android စနစ်ရဲ့ပျော့ကွက် ရှာဖွေနိုင်သူတွေကို တစ်ယောက် ကျပ်သိန်းရှစ်ဆယ်နီးပါး ပေးခဲ့တဲ့ Google ♫


ပြီးခဲ့တဲ့ နှစ်က Google ဟာ သူတို့ရဲ့ Android စနစ်ရဲ့ပျော့ကွက်တွေကို ရှာဖွေနိုင်တဲ့ သူတွေကို ဆုချီးမြှင့်တဲ့အစီအစဉ်မှာ ဆုကြေးငွေအဖြစ် ဒေါ်လာ ၅၅၀,၀၀၀ ကိုအသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဒီအစီအစဉ်အတွက် အရည်အသွေးပြည့်ပြီး ပြုလုပ်နိုင်ခဲ့တဲ့သူ အယောက် ၂၅၀ ကျော်မှာ ၈၂ ယောက်က တင်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် တစ်ယောက်ကို ပျမ်းမျှဒေါ်လာ ၂၂၀၀ (ကျပ် ၂၆သိန်းကျော်) ပေးခဲ့ပြီး သုတေသနသမားတွေကိုတော့ ဒေါ်လာ ၆၇၀၀ (ကျပ် ၇၉သိန်းကျော်ခန့်) ပေးခဲ့တယ်လို့ သိရပါတယ်။ ပျော့ကွက် ၂၆ခုကိုတင်ပြနိုင်ခဲ့ပြီး အများဆုံး ရှာဖွေနိုင်ခဲ့တဲ့ ထိပ်ဆုံးက သုတေသီအတွက် ဒေါ်လာ ၇၅,၇၅၀ ချီးမြှင့်ခဲ့ပြီး တခြားသုတေသီ ၁၅ယောက်ကိုတော့ ဒေါ်လာ ၁၀,၀၀၀ နဲ့ အပိုဆုကြေးတွေပေးခဲ့ပါတယ်။

ဒီပရိုဂရမ်ဟာ Google ကထုတ်လုပ်တဲ့ Nexus ဖုန်းတွေအတွက် အဓိကရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်၊ ဇွန်လ ၁ရက်နေ့ ကတည်းက စတင်ခဲ့တာပါ။ ဒီလိုမျိုးအစီအစဉ်ကို Google သာမက လူမှုကွန်ယက် ကုမ္ပဏီကြီးဖြစ်တဲ့ Facebook ကလည်း ဒီလိုမျိုး အစီအစဉ်ကို ၂၀၁၁ ခုနှစ်ကတည်းက စတင်လုပ်ဆောင်နေတာဖြစ်ပြီး ၂၀၁၅ခုနှစ်တစ်နှစ်တည်းမှာပဲ ဒေါ်လာ တစ်သန်းနီးပါးအထိ ဆုကြေးငွေပေးအပ်ခဲ့ပါတယ်။ အဲ့ဒီအပြင် Facebook ပိုင်ဆိုင်တဲ့ Instagram ကို အသက်ဆယ်နှစ်အရွယ် ကလေးငယ်က ဟက်နိုင်ခဲ့တဲ့ အကြောင်းကို ဒီနေရာကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...