မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, June 23

HTC အမှုဆောင်အရာရှိချုပ်ဟောင်း ပီတာချူ ကုမ္ပဏီမှ တရားဝင်နုတ်ထွက်




ထိုင်ဝမ်စမတ်ဖုန်းကုမ္ပဏီ HTC ၏ အမှုဆောင်အရာရှိချုပ်ဟောင်း ဖြစ်သူ ပီတာချူသည် ပြီးခဲ့သည့် စက်တင်ဘာလက အကြံပေးအဖြစ်မှ နုတ်ထွက်ကာ အနားယူသွားပြီ ဖြစ်ကြောင်း ကုမ္ပဏီက အတည်ပြုသွားခဲ့သည်။

“၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဒီဂျစ်တယ်ကဏ္ဍဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် ပီတာချူက ကုမ္ပဏီမှ နုတ်ထွက်သွားသည်ကို HTC က အတည်ပြုနိုင်ကြောင်း၊ သို့ရာတွင် သူ၏အတွေ့အကြုံများဖြင့် တွန်းအားပေးရန် HTC တွင် အကြံပေးနေရာ ရယူခဲ့သေးကြောင်း၊ ယခုလုပ်ငန်းတွင် ကာလကြာရှည် လုပ်ကိုင်ခဲ့မှုအတွက် ပီတာကို ကျွန်ုပ်တို့ ကျေးဇူးတင်ကြောင်း၊ လုပ်ငန်းမှ အနားယူရာတွင် ကျန်းမာရေးကောင်းစေရန် ဆုမွန်ကောင်းတောင်းကြောင်း” ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပီတာချူသည် ဆယ်စုနှစ်ကျော်တိုင်အောင် HTC ၏ ထိပ်တန်းအမှုဆောင်တစ်ဦး အဖြစ် တာဝန်ယူခဲ့သည်။ ကုမ္ပဏီ၏ ၂၀၁၅ ခုနှစ် အထင်ကရစမတ်ဖုန်း One M9 ၏ရလဒ်များကြောင့် ယမန်နှစ်က အမှုဆောင်အရာရှိချုပ်သစ်ကို ခန့်အပ်ခဲ့သည်။

HTC ၏ တွဲဖက်တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ချာဝမ်ကို ပီတာချူနေရာတွင် အစားထိုး၍ အမှုဆောင်အရာရှိချုပ် ရာထူးခန့်အပ်ခဲ့သည်။ ထိုအချိန်က ပီတာချူအနေဖြင့် ထုတ်ကုန်သစ်များ ထုတ်လုပ်ရာတွင် ကူညီသည့် အခန်းကဏ္ဍသစ်ကိုတာဝန်ယူပြီး ကုမ္ပဏီ၌ ဆက်လက်ရှိနေမည် ဖြစ်ကြောင်း HTC က ပြောကြားခဲ့သည်။

Ref: CNET
Credit Internetjournal

သီဟထိုက်
www.thihahtike.com






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...