မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, June 20

♪ Opera browser တိုင်းမှာ ကြော်ငြာပြသမှုပိတ်ပေးတဲ့ Ad-blocker ပါဝင်လာ ♫


ဝဘ်ဆိုဒ်တွေမှာကြော်ငြာပြသမှုပိတ်ပင်ခြင်း Ad-blocking ဟာ အငြင်းပွားဖွယ်ရာ feature တစ်ခုအဖြစ်ရှိနေသေးပေမယ့် Opera ကတော့ အခုအခါ Opera main ဘရောက်ဆာကော၊ Opera Mini မှာပါ Ad-blocker ကို တပါတည်းထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။

အရင်က iOS နဲ့ Windows ဖုန်းတွေဆို Opera Mini မှာပဲ Ad-blocker ပါတာဖြစ်ပြီး၊ ယခုအခါမှာတော့ မိုဘိုင်းပလက်ဖောင်းမရွေး Opera ကော Opera Mini မှာပါ Ad-blocker ကိုထည့်ပေးလိုက်တာဖြစ်ပါတယ်။  ဘရောက်ဆာဝင်ဝင်ချင်းမှာတော့ Ad-blocker ကို ဖွင့်ထားပေးမှာမဟုတ်ဘဲ၊ ကိုယ်ပိတ်ချင်မှသာ ဘရောက်ဆာ settings ထဲဝင်ပြီး သွားပိတ်ပေးရမှာဖြစ်ပါတယ်။

“ Ad-blocker ဖွင့်ထားလို့ရှိရင် ဘရောက်ဆာတွေဖွင့်ရတာ ပိုမြန်ဆန်တာကြောင့် အသုံးပြုသူတိုင်းက ဒီ feature ကို တောင်းဆိုနေကြပါတယ်” လို့ Opera ရဲ့ မိုဘိုင်းဘရောက်ဆာဌာနအကြီးအကဲဖြစ်သူ Nuno Satima က ပြောကြားခဲ့ပါတယ်။

“ Opera အသုံးပြုသူတွေအနေနဲ့ ဒီ ad-blocker ကို ဖွင့်ပြီး ဒေတာစားတဲ့ကြော်ငြာတွေနဲ့ မိမိဒေတာကို track လုပ်ထားမှုတွေကို ပိတ်ထားပစ်နိုင်ပါတယ်။ ဒီနည်းနဲ့ မိုဘိုင်း web အသုံးပြုမှုမှာ ပိုမိုမြန်ဆန်မှာဖြစ်သလို၊ အင်တာနက်ဒေတာဖိုးလည်း ပိုမိုချွေတာနိုင်မှာဖြစ်ပါတယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ad-blocker နဲ့ compression လုပ်ဆောင်ချက်တွေဖွင့်ထားစဉ်မှာ၊ Opera for Android ကနေ ၀က်ဘ်စာမျက်နှာတစ်ခုကို ဖွင့်ကြည့်တာဟာ Chrome ကနေဖွင့်တာထက် ၁၄ ရာခိုင်နှုန်းပိုမြန်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီ့အပြင် web စာမျက်နှာတစ်ခုတက်လာဖို့ ဒေါင်းလုဒ်ဆွဲရတဲ့ပမာဏဟာ Opera for Android မှာ 229KB သာရှိခဲ့ပြီး၊ Chrome ထက် ၈၄ ရာခိုင်နှုန်းတောင် ပိုနည်းနေကြောင်း သိရှိရပါတယ်။

သင်ကိုယ်တိုင်လည်း ဖုန်းမှာ Opera browser တစ်ခုခုသုံးပြီး၊ Ad-blocker ဖွင့်ချင်တယ်ဆိုရင်
  • Opera for Android မှာ O မီနူးကိုနှိပ်၊ ထို့နောက် Settings > Data > savings > Block ads
  • Opera Mini for iOS မှာ Data Savings Summary ထဲသွားပြီး၊ Opera Turbo > Block ads လုပ်ပေးလိုက်ပါ။
  • Windows Phone ကနေ သုံးတယ်ဆိုရင်တော့ O မီနူးကိုနှိပ်ပြီး၊ Settings > Block ads လုပ်ပေးလိုက်ပါ။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...