မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, June 20

♪ RAM 8GB အထိ ပါတဲ့စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်ဖို့ LeEco လုပ်ဆောင်လျက်ရှိကြောင်း သတင်းထွက်ပေါ် ♫


အခုခေတ်စမတ်ဖုန်းတွေဟာ ကွန်ပြူတာတွေထက်တောင် RAM ပိုများလာတာကို တွေ့နေရပြီး၊ စွမ်းဆောင်ရည်ပိုင်းမှာ အကောင်းဆုံးဖြစ်အောင် သူ့ထက်ငါ ပြိုင်ဆိုင်နေကြပါတယ်။

၂၀၁၆ ခုနှစ်အစောပိုင်းမှာတင် RAM 6GB ပါတဲ့ Vivo Xplay5 Elite ၊ LeEco LeMax2 ၊ Asus Zenfone 3 Deluxe စတဲ့ ဖုန်းတွေ စထွက်လာတာကို တွေ့မြင်ခဲ့ရပြီး၊ မကြာသေးမီကလည်း RAM 6GB ပါတဲ့ OnePlus 3 ဖုန်း ထပ်ထွက်လာတာကို ဖတ်မိမှာပါ။

အခုအခါမှာတော့ တရုတ်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ LeEco ဟာ တခြားစမတ်ဖုန်းကုမ္ပဏီတွေထက်အရင် ကမ္ဘာ့ပထမဆုံး RAM 8GB ပါတဲ့ဖုန်းကို လုပ်ဆောင်နေပြီလို့ သိရပါတယ်။

သြဂတ်စ်လထဲမှာ LeEco ဟာ Snapdragon 821 SoC အသစ် အသုံးပြုထားတဲ့၊ RAM 8GB ပါ စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်သွားဖို့ ရှိနေတယ်လို့ တရုတ်ပြည်တွင်းသတင်း တစ်ခုမှာ ဖော်ပြထားပါတယ်။

ဒီစမတ်ဖုန်းဟာ LeEco ရဲ့ လက်ရှိ Le Max 2 ဖုန်းကိုပဲ နောက်ထပ် ပြန်လည်ဆန်းသစ်ပြီး၊ RAM 8GB နဲ့ ထုတ်လုပ်ဖွယ်ရှိတယ်လို့ သိရပြီး၊ ပေါက်ကြားလာတဲ့ဓာတ်ပုံတွေအရတော့ ဒီဇိုင်းပိုင်းက ဘာမျှမပြောင်းလဲသွားပါဘူး။

ဒီဖုန်းဟာ ကင်မရာပိုင်းမှာလည်း 25MP ကင်မရာအထိ ပါဝင်လာမှာဖြစ်ပြီး၊ လက်ဗွေရာဆန်ဆာလည်း ပါမှာဖြစ်တယ်လို့ သိရပါတယ်။

စမတ်ဖုန်းမော်ဒယ်အသစ်တွေနဲ့ ပတ်သတ်ပြီးထွက်ပေါ်လာတဲ့ ကောလဟာလသတင်းတွေဟာ အမြဲတမ်းတော့ အမှန်ချည်းမဟုတ်ပေမယ့်၊ iPhone SE ထွက်မယ်လို့ သတင်းထွက်တာမျိုးတွေမှာတော့ လုံးဝအတိအကျ ဖြစ်ခဲ့တာကို စာဖတ်သူတို့ သတိပြုမိမှာပါ။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...