မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Friday, June 17

♪ Snapdragon 430 SoC ပရော်ဆက်ဆာနဲ့ finger print ဆန်ဆာပါဝင်လာတဲ့ Redmi 3s ♫


Xiaomi ရဲ့ အနီးဆုံးပြိုင်ဘက်ဖြစ်လာတဲ့ Meizu က m3 ကို ထုတ်လုပ်အပြီးမှာ Meizu m3s ဆိုပြီး နောက်ထပ်မော်ဒယ်တစ်မျိုးနဲ့          ဖုန်းဈေးကွက်ကို ထိုးကျွေးလိုက်တာကြောင့် Xaiomi ကလည်း Redmi 3 ကို အဆင့်မြှင့်ထားတဲ့ Redmi 3s ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

Redmi 3s ဟာဆိုရင်တော့ 2GB RAM နဲ့ storage 16GB ပါရှိတဲ့ ဗားရှင်းမှာ ၁၀၉ ဒေါ်လာ ( မြန်မာငွေ တစ်သိန်းသုံးသောင်း ) နဲ့ 3GB RAM နဲ့ storage 32GB မှာ ဒေါ်လာ ၁၄၀ (မြန်မာငွေ တစ်သိန်းခြောက်သောင်းကျော်) ကျသင့်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တန်ဖိုးနည်းနည်းနဲ့ စွမ်းဆောင်ရည်ကောင်းကောင်းဖုန်းတစ်လုံးကို ကိုင်နိုင်မယ်လို့ ဆိုရမှာပါ။

Redmi 3S 1

Xiaomi Redmi 3s မှာ မျက်နှာပြင်အကျယ်က ငါးလက်မဖြစ်သွားပြီး IPS 720p display ကို အသုံးပြုထားပါတယ်။ ဖုန်းရဲ့ အလေးချိန်ကတော့ 144 g ရှိမှာဖြစ်ပြီး အရင် Redmi 3 မှာ ပါဝင်လာခြင်းမရှိတဲ့ finger print ဆန်ဆာကို ဖုန်းရဲ့ ကျောဘက်မှာ ထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။ အခုလို အပြင်ပိုင်းပြင်ဆင်ရုံတင်မကဘဲ အတွင်းပိုင်းက ပရော်ဆက်ဆာတွေကို Redmi 3s မှာ အဆင့်မြှင့်တင်ထားပါတယ်။

ပရော်ဆက်ဆာကို ကြည့်မယ်ဆိုရင်တော့ Redmi 3s မှာ စွမ်းရည်ကောင်းတဲ့ octa-core Snapdragon 430 SoC ပရော်ဆက်ဆာကို အသုံးပြုထားပြီး Redmi 3 ရဲ့ Snapdragon 616 ထက်စာရင်တော့ ဖုန်းက ပိုမြန်သွားတာကို သတိထားမိမှာဖြစ်ပါတယ်။

Redmi 3s 2

ကင်မရာပိုင်းအနေနဲ့လည်း ကျောဘက်ကင်မရာဟာ အပါချာ f/2.0 , 13MP ဆန်ဆာ ၊ LED flash တစ်လုံးနဲ့ auto focus နည်းပညာကို အသုံးပြုထားပြီး ဆယ်လ်ဖီကင်မရာအနေနဲ့တော့ f/2.2 နဲ့ 5MP ရှိတဲ့ ဆန်ဆာကို အသုံးပြုထားတာပါ။ ဘက်ထရီအနေနဲ့တော့ 4100 mAh ပမာဏပါဝင်လာပြီး Redmi 3 နဲ့ ပမာဏအတူတူပဲ ဖြစ်ပါတယ်။ 10W charger ကို သုံးထားတာကြောင့် Redmi 3s က အားသွင်းတာ ပိုမြန်ဆန်မယ်လို့ သိရပါတယ်။ အသင့်အတင့် အသုံးပြုမယ်ဆိုရင်တော့ ဘက်ထရီသက်တမ်း နှစ်ရက်လောက်ခံနိုင်တယ်လို့ ပြောပါတယ်။

Connectivity တွေအနေနဲ့တော့ 4G LTE, Wi-Fi 802.11 b/g/n, Bluetooth 4.1 နဲ့ GPS + GLONASS တို့ပါဝင်လာပြီး ငွေရောင် ၊ ရွှေရောင်နဲ့ မီးခိုးရောင်စတဲ့ အရောင်သုံးရောင်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...