မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Friday, June 17

♪ " Tech World 16 တွင် Lenovo မှ ကွေးနိုင်သော ဖုန်းအပါအ၀င် နည်းပညာများစွာကို ပြသ " ♫


Lenovo Tech World ပွဲအား ဆန်ဖရန်စစ္စကိုတွင်ပြုလုပ်ခဲ့ပြီး Lenovo နှင့် Moto အမှတ်တံဆိပ်မှ နည်းပညာများကို ပြသသွားခဲ့ကြောင်း သိရသည်။ Lenovo မှ ပြသသွားသည့် နည်းပညာပစ္စည်းများထဲတွင် မကွဲအက်နိုင်သော screen လည်းပါဝင်ခဲ့ပြီး ၆ ပေခန့်အကွာမှ ထို screen ဖြင့် ဖုန်းအားကျောက်တုံး များပေါ်ပစ်ချပြခဲ့ရာ မည်သည့်ထိခိုက်မှုမှမရှိကြောင်း သိရသည်။

နောက်ထပ်ပြသမှုမှာ ကွေးနိုင် ခေါက်ထားနိုင်သော ဖုန်းများဖြစ်ပြီး Lenovo မှ ထိုကဲ့သို့ဖုန်းများ ကို ပြသသွားခဲ့သည်။ ဖုန်းကို လက်၌လက်ပတ်သဖွယ် ပတ်ထားနိုင်ကြောင်းပြသခဲ့ပြီး ဖုန်းထည့်ရန်နေရာကို သီးခြားရှာစရာမလိုတော့ပေ။ ထို့အပြင် 8" အရွယ် tablet ကိုလည်း ဖုန်းကဲ့သို့ပင် ကွေးခေါက်နိုင်ကြောင်း နမူနာပြသခဲ့သည်။

နောက်ထပ်ပြသမှုမှာ Intel CEO ဖြစ်သူ Brian Krzancih မှ Lenovo Ideacentre Y900 PC နှင့် Oculus Rift သုံးကာ touch controller ဖြင့် VR သုံးစွဲပုံအားပြသခဲ့သည်။ Lenovo ၏ နောက်ထပ်ပြသမှုတစ်ခုမှာ စမတ်ဖိနပ်ဖြစ်ပြီး ကျန်းမာစေကာ စတိုင်ကျစေသည်ဟု Lenovo မှ ဆိုထားသည်။ Lenovo ၏ စမတ်ဖိနပ်သည် ထုံးစံအတိုင်း လှုပ်ရှားမှုများကို ခြေရာခံပေးနိုင်ရုံမျှမကဘဲ gaming နှင့် LED များ ထပ်မံထည့်သွင်းထားခဲ့သည်။ ထိုဖိနပ်အတွက် Intel processor ကိုသုံးထားပြီး ရောင်းချမည့်ကာလကိုမူ အတိအကျသိရခြင်းမရှိပေ။

ထိုပွဲ၌ပင် Lenovo မှ Phab 2, Phab 2 Plus နှင့် Phab 2 Pro ဖုန်း ၃ မျိုးအားပြသသွားခဲ့ပြီး Phab 2 Pro သည် Google ၏ Tango ပါဝင်သော ပထမဆုံးဖုန်းဖြစ်လာခဲ့သည်။ Moto Z နှင့် Moto Z Force စမတ်ဖုန်းများကိုလည်း ပြသသွားခဲ့ပြီး modular ဒီဇိုင်းဖြင့် အပိုပစ္စည်းများကို ထပ်မံချိတ်ဆက်နိုင်မည်ဟု သိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...