မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Saturday, June 18

♪ ကိုယ့် Timeline ထဲမရောက်ဘဲ၊ News Feed မှာပဲပေါ်မယ့် ‘ယာယီပို့စ်’ တွေကို Facebook စမ်းသပ် ♫


ကိုယ့် Timeline မှာ ပို့စ်တွေအများကြီးရှုပ်ယှက်ခတ်နေလို့ စိတ်ညစ်နေရပါသလား။ ဒီပြဿနာကို ဖြေရှင်းပေးဖို့အတွက် Facebook ဟာ ယာယီပို့စ် လုပ်ဆောင်ချက်ကို ယနေ့ပဲ စတင်ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

လောလောဆည်တော့ Desktop အတွက်ပဲ နိုင်ငံအကန့်အသတ်နဲ့ထုတ်ပေးခဲ့တာဖြစ်ပြီး၊ မကြာမီမှာ အားလုံးသုံးစွဲနိုင်မှာဖြစ်ပါတယ်။

“Hide from Your Timeline” ဆိုတာ  feature အသစ်လို့ မခေါ်နိုင်ဘဲ၊ အရင်ကလည်း ကိုယ့် timeline မှာ ပို့စ်တစ်ခုခုကို ဖျောက်ထားချင်တယ်ဆိုရင် ကိုယ့်အကောင့်ဝေါထဲဝင်၊ ပို့စ်ဘေးနားက မြှားကို နှိပ်ပြီး  ‘Hide from Timeline’ လုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် အခုအခါမှာတာ့ သီးသန့် သွားလုပ်နေစရာမလိုတော့ဘဲ၊ ပို့စ်စရေးကတည်းက Timeline မှာဖျောက်ထားမလား ဆိုတာ ရွေးချယ်နိုင်တော့မှာ ဖြစ်ပါတယ်။


35107F1B00000578-3632009-Facebook_is_rolling_out_a_new_option_that_lets_desktop_users_pub-m-46_1465417057840

ဒီနည်းလမ်းအားဖြင့် ကိုယ်အမြန်သိချင်တဲ့အကြောင်းအရာတစ်ခုခုကို Facebook ပေါ်မှာ ပို့စ်တင်ပြီးမေးတဲ့အခါတွေ၊ Timeline ထဲ မ၀င်စေချင်တဲ့ပို့စ်တွေအတွက် တော်တော်အဆင်ပြေသွားမှာဖြစ်ပြီး၊ ကိုယ့် Timeline မှာလည်း ပို့စ်တွေ ရှုပ်ယှက်ခတ်နေတော့မှာမဟုတ်ပါဘူး။

“ ပို့စ်တစ်ခုကို Timeline ကနေဖျောက်ထားလို့ရတဲ့ လုပ်ဆောင်ချက်က အစကတည်းကရှိပြီးသားပါ။ ဒီနေ့မှာတော့ ကိုယ်တင်တဲ့ပို့စ်တွေပေါ်မယ့်နေရာကို ရွေးချယ်ရာမှာ အရင်ကထက် ပိုမိုလွယ်ကူစေမယ့်နည်းလမ်းတစ်ခုကို ကျနော်တို့ စမ်းသပ်နေပါတယ်။ ဒါကတော့ ပို့စ်တင်တဲ့အခါ Timeline က ဖျောက်မှာလားဆိုတာ option ရွေးလို့ရမယ့်နေရာလေးပါဝင်လာတာဖြစ်ပါတယ်” လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက DailyMail သတင်းဌာနကို မေးလ်နဲ့ရှင်းပြခဲ့ပါတယ်။

“Hide from Your Timeline” လုပ်ပြီး News Feed အတွက်ပဲတင်ထားတဲ့ ပို့စ်တွေကို ပြန်ရှာချင်တယ်ဆိုရင်လည်း၊ Your Posts နေရာကနေ ပြန်ရှာကြည့်နိုင်ပါ တယ်။

ဒီ feature အသစ်ဟာ Desktop သုံး ၀က်ဘ်ဗားရှင်းအတွက် ထွက်ရှိနေပြီဆိုပေမယ့်၊ မြန်မာနိုင်ငံမှာတော့ မရရှိသေးဘဲ၊ အချိန်ခဏလောက်စောင့်ပေးရမှာဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...