မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Tuesday, June 21

♪ ရေစိုခံဖုန်းတွေ မထုတ်လုပ်တဲ့အကြောင်းရင်းကို Xiaomi တည်ထောင်သူ လေကျွင်း ဖွင့်ဟပြောကြား ♫


Xiaomi ဟာ အမိုက်စားစမတ်ဖုန်းတွေကို မော်ဒယ်တစ်မျိုးပြီးတစ်မျိုး ထုတ်နေပေမယ့်၊ ရေစိုခံဖုန်းတစ်လုံးမှ မထုတ်ဖူးသေးဘူးဆိုတာ သင်သိပါသလား။ ဒီလို ရေစိုခံဖုန်းတွေမထုတ်ဖြစ်ရတဲ့အကြောင်းရင်းကို Xiaomi တည်ထောင်သူ လေကျွင်း (Lei Jun) က အခုလို ပြောပြသွားခဲ့ပါတယ်။

ရေစိုခံဖုန်းတွေဟာ တစ်ခုခုထိခိုက်မှုရှိသွားရင် ရေစိုခံနိုင်စွမ်းရည် တဖြည်းဖြည်းကျဆင်းလာပြီး၊ အချိန်ကြာလာတဲ့အခါ ဖုန်းက လုံးလုံးရေစိုခံနိုင်တော့မှာမဟုတ်ဘူးလို့ Jun က ဆိုပါတယ်။ ဒီ့အပြင် ရေစိုခံ/ရေစိမ်ခံနိုင်တဲ့ဖုန်းကို ထုတ်လုပ်မယ်ဆိုရင် ဖုန်းတန်ဖိုးကလည်း ဒီထက်မြင့်တက်လာမှာဖြစ်တယ်လို့ လေကျွင်းက ရှင်းပြသွားခဲ့ပါတယ်။

Xiaomi သုံးစွဲသူတွေရဲ့ တောင်းဆိုမှုအများဆုံး feature တွေထဲမှာ ရေစိုခံနိုင်စွမ်းရည်လည်း တစ်ခုအပါအ၀င်ဖြစ်တာကြောင့်၊ အကယ်၍ Xiaomi ပရိတ်သတ်တွေဘက်ကသာ၊ ရေစိုခံစွမ်းရည်ထည့်ပေးဖို့ လိုအပ်တဲ့ နောက်ထပ်ကုန်ကျစရိတ်ရဲ့ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းကို ပေးအပ်ဖို့ ကြည်ဖြူတယ်ဆိုရင်တော့ ဒီ feature ကို ထည့်သွင်းပေးနိုင်ခြေရှိတယ်လို့လည်း လေကျွင်းက ၀န်ခံပြောကြားသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်တုန်းက Sony ဟာ သူရဲ့ Xperia ဖုန်းတွေကို ရေအောက်မှာအသုံးပြုလို့ တစ်ခုခုဖြစ်သွားခဲ့ရင်၊ အာမခံပေးမှာမဟုတ်ကြောင်း ကြေငြာခဲ့တာကြောင့်၊ စမတ်ဖုန်းကုမ္ပဏီတွေက ထည့်သွင်းပေးထားတဲ့ ရေစိုခံနိုင်စွမ်းရည်အပေါ် ဖုန်းသုံးစွဲသူအများအပြားက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ Sony ဟာ သူ့ရဲ့ဖုန်းတွေ ရေစိုခံ/ရေစိမ်ခံနိုင်ကြောင်း မကြာခဏထုတ်ဖော်ပြောကြားလေ့ရှိတာကြောင့် အခုလို ရေအောက်မှာ သုံးလို့ပျက်စီးသွားရင် အာမခံမရဘူးဆိုတဲ့အချက်ကြီးက ရယ်စရာလိုဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရေစိုခံစမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ ပြောရမယ့်ဖုန်းကတော့ Samsung ရဲ့ Galaxy S7 နဲ့ S7 Edge တို့ဖြစ်ပြီး၊ အရည်နဲ့ဖုန်မှုန့်လုံခြုံမှုအဆင့်အတန်းမှာ အမြင့်ဆုံးအဖြစ် IP68 အဆင့်အထိ ရရှိထားတဲ့ ဖုန်းတွေဖြစ်ပါတယ်။

Xiaomi CEO လေကျွင်းပြောခဲ့သလိုပဲ၊ သုံးစွဲသူတွေဘက်ကသာ ဖုန်းဈေးနည်းနည်းတက်လာတာကို လက်ခံပေးနိုင်မယ်ဆိုရင်၊ ရေစိုခံတဲ့ Mi ဖုန်းတွေကို တွေ့မြင်လာရဖို့ရှိပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...