မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Saturday, July 9

♪ မြန်မာငွေ ၂ သိန်းဝန်းကျင်နဲ့ ၀ယ်ယူရရှိနိုင်မယ့် အကောင်းဆုံး 4G စမတ်ဖုန်း (၅) မျိုး ♫


အခုဆို မြန်မာနိုင်ငံက တယ်လီကွန်းအော်ပရေတာတွေကလည်း 4G ကွန်ရက်တွေ စပေးနေပြီဖြစ်တာကြောင့်၊ 4G သုံးနိုင်မယ့်စမတ်ဖုန်းလေးတစ်လုံးလောက် ၀ယ်ထားသင့်တာပေါ့။  ဒါပေမယ့် အမှတ်တံဆိပ်အမျိုးမျိုးနဲ့ ရွေးချယ်စရာဖုန်းတွေများနေတော့ ဘာဝယ်ရမလဲမသိဖြစ်နေ သူတွေအတွက် မြန်မာငွေ ၂ သိန်းဝန်းကျင်နဲ့ ၀ယ်ယူရရှိနိုင်မယ့်အကောင်းဆုံးစမတ်ဖုန်း (၅) မျိုးကို ရွေးချယ်ပေးလိုက်ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း၊ ထွက်ရှိထားတဲ့ စမတ်ဖုန်းမော်ဒယ်အသစ်တွေထဲက ရွေးချယ်ပေးထားတာဖြစ်ပြီး၊ စာဖတ်သူအကြိုက်နဲ့ ကျနော်တို့အကြိုက် ကွဲပြားကောင်းကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် ပိုက်ဆံနည်းနည်းနဲ့ 4G ဖုန်းတစ်လုံးလောက်ဝယ်ဖို့ အခက်အခဲဖြစ်နေသူတွေအတွက် အသုံးဝင်မယ်လို့ထင်ပါတယ်။

၁။ Asus ZenFone Max (2016)

4G သုံးဖို့ စမတ်ဖုန်းတစ်လုံးလိုချင်နေတယ်ဆိုကတည်းက၊ မိတ်ဆွေဟာ 4G အင်တာနက်ကို အဓိကထားသုံးဖို့ ရည်ရွယ်ထားတယ်ဆိုတာ သိသာပါတယ်။ မိုဘိုင်းအင်တာနက်ကို အဓိကသုံးမယ်ဆိုတော့ ဘက်ထရီကောင်းကောင်းဖုန်းတစ်လုံးလောက် လိုတာပေါ့။ Asus ရဲ့ Zenfone Max (2016) မှာ 5000mAh ဘက်ထရီပါရှိပြီး၊ တစ်နေကုန်အေးဆေး အင်တာနက်သုံးနိုင်မယ့်ဖုန်းဖြစ်ပါတယ်။ ဖုန်းစွမ်းဆောင်ရည်ကလည်း မဆိုးဘူးလို့ပြောရမှာဖြစ်ပြီး၊ ကင်မရာကလည်း အရည်အသွေးကောင်းပါတယ်။ အားနည်းချက်ကတော့ display နည်းနည်း ရုပ်ထွက်မကောင်းပါဘူး။
ဒီဖုန်းရဲ့ အဓိကအချက်တွေကတော့ ၅.၅ လက်မအရွယ် (720×1280 pixels) display ၊ 1.5GHz octa-core Snapdragon 615 ပရိုဆက်ဆာ၊ RAM 2GB နဲ့ ဖုန်းတွင်း storage 32 GB တို့ ပါရှိပါတယ်။ ရှေ့ကင်မရာက 5-megapixel ဖြစ်ပြီး၊ ကျောကင်မရာကတော့ 13 megapixel ပါရှိပါတယ်။ ဈေးနှုန်းကတော့ မြန်မာငွေ ၂၂၉၀၀၀ ရှိပါတယ်။
asus_zenfone_max_back_panel_official_3513_800X600_526201643140PM

၂။ Xiaomi Redmi Note 3

ဒုတိယဖော်ပြချင်တာကတော့ နာမည်ကျော် Xiaomi Redmi Note 3 ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်ရုပ်ထွက်က တော်တော်လေးကောင်းမွန်တဲ့ဖုန်းဖြစ်ပြီး၊ စမတ်ဖုန်းကောင်းတစ်လုံးမှာလိုအပ်တဲ့ ကြန်အင်လက္ခဏာတွေ အကုန်စုံတဲ့ဖုန်းဖြစ်ပါတယ်။ RAM 2GB/16GB မော်ဒယ်ဆို မြန်မာငွေ ၁ သိန်းခွဲလောက်ပဲရှိပြီး၊ ဒီထက်နည်းနည်းပိုသုံးချင်တယ်ဆိုရင် RAM 3GB/32GB ကို ၁ သိန်း ၇ သောင်း နဲ့ ၀ယ်နိုင်ပါတယ်။ ဒီထက် ပိုကောင်းတဲ့၊ microSD ကတ်ပါစိုက်လို့ရတဲ့ Redmi Note 3 Pro ၀ယ်ချင်ရင်လည်း ၂ သိန်းမကျော်ဘဲ၊ မြန်မာငွေ ၁ သိန်း ၉ သောင်းလောက်ပဲရှိပါတယ်။
Redmi_3_DB_3119_480X960_34201671712PM

၃။ Coolpad Note 3 Plus

Coolpad Note 3 Plus ဖုန်းကလည်း display တော်တော်ကောင်းတဲ့ဖုန်းတစ်လုံးဖြစ်ပြီး၊ ကင်မရာအရည်အသွေးလည်း မိုက်ပါတယ်။ လက်ဗွေရာဆန်ဆာလည်းပါဝင်ပြီး၊ ဆန်ဆာအလုပ်လုပ်တာ မြန်ဆန်မှုရှိပါတယ်။ Coolpad OS ကတော့ သုံးလေ့မရှိသူအတွက် နည်းနည်းအခက်တွေ့နိုင်ပါတယ်။
Coolpad Note 3 Plus ဖုန်း specs ကတော့ ၅.၅ လက်မအကျယ်ရှိတဲ့ (1080×1920 pixels) မျက်နှာပြင်၊ 1.3GHz octa-core MTK 6754 ပရိုဆက်ဆာတို့ အသုံးပြုထားပါတယ်။ RAM 3GB နဲ့၊ ဖုန်းတွင်း storage 16GB ပါရှိပြီး၊ microSD ကတ်လည်း ထပ်စိုက်နိုင်ပါတယ်။ dual-SIM ဖုန်းပါပဲ။ ဈေးနှုန်းကလည်း မြန်မာငွေ ၁ သိန်း ၇ သောင်းခန့်သာရှိပါတယ်။
56201610352PM_635_coolpad_note_3_plus

၎။ LeEco Le 1s Eco

LeEco က ထုတ်တဲ့ Le 1s Eco ဖုန်းကလည်း ပေးရတဲ့ငွေနဲ့ တန်တဲ့ဖုန်းတစ်လုံးပါပဲ။ ဘက်ထရီသက်တမ်းနဲ့ ကင်မရာသိပ်မကောင်းပေမယ့်၊ ဖုန်းစွမ်းဆောင်ရည်ကတော့ တော်တော်လေးကောင်းပါတယ်။
၅.၅လက်မအကျယ်ရှိတဲ့ (1080×1920 pixels) မျက်နှာပြင်ပါရှိပြီး၊ 1.85GHz octa-core MediaTek Helio X10 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။  RAM 3GB ပါရှိသလို၊ ဖုန်းတွင်း storage ကလည်း 32GB အထိ ပါရှိပါတယ်။ ဒီ့အပြင် ဒီဖုန်းဝယ်ရင် cloud storage 5TB အထိကို တစ်နှစ်တိတိ အလကားရမှာဖြစ်ပါတယ်။ ဖုန်းနောက်ကျောမှာ လက်ဗွေရာဆန်ဆာလည်း ပါဝင်တာကြောင့် ခေတ်မီမီကိုင်နိုင်မှာပါ။ ဈေးနှုန်းကတော့ မြန်မာငွေ ၂ သိန်း ၁ သောင်းဝန်းကျင်ရှိပါတယ်။
552016123901PM_635_leeco_le_1s_eco

၅။ Lenovo Vibe K5 Plus

နောက်ဆုံးအနေနဲ့ဖော်ပြချင်တာကတော့ Lenovo ရဲ့ Vibe K5 Plus ဖုန်းပါ။ ဒီစာရင်းထဲမှာ တန်ဖိုးအနည်းဆုံးဖုန်းဖြစ်ပြီး၊ ဘတ်ဂျတ်အနည်းဆုံးနဲ့ 4G ဖုန်းကိုင်ချင်သူတွေ အကြိုက်ပါပဲ။ အိန္ဒိယမှာတော့ ရူပီးငွေ ၇၀၀၀ (မြန်မာငွေ ၁ သိန်း ၃ သောင်းခန့်သာ) ရှိပေမယ့်၊ ဒီမှာတော့ အခုထိ ၁၉၉၀၀၀ ဈေးရှိနေတာတွေ့ရပါတယ်။ စောင့်နိုင်မယ်ဆိုရင် နည်းနည်းလောက်ထပ်စောင့်လိုက်ရင် ဈေးကလောက်ပါတယ်။ ဘက်ထရီသက်တမ်းသိပ်မခံပေမယ့်၊ ဒီဇိုင်းမိုက်သလို သုံးပျော်တဲ့ 4G ဖုန်းဖြစ်ပါတယ်။
ဖုန်းရဲ့အဓိကအချက်တွေကတော့ ၅လက်မအရွယ် (1080×1920 pixels) မျက်နှာပြင်၊ 1.2GHz octa-core Snapdragon 616 ပရိုဆက်ဆာ၊ RAM 2GB နဲ့ ဖုန်းတွင်း storage 16GB တို့ပါရှိပါတယ်။ microSD ကတ်လည်း 32 GB အထိ ထပ်စိုက်နိုင်ပါတယ်။ ကင်မရာမှာတော့ 13-megapixel ကျောကင်မရာနဲ့ 5-megapixel ရှေ့ကင်မရာတို့ ပါဝင်ပါတယ်။ ဘက်ထရီကတော့ 2750mAh ဘက်ထရီပဲ ပါရှိပါတယ်။
222201620008AM_635_lenovo_vibe_k5_plus
အခုဖော်ပြထားတဲ့ မြန်မာငွေ ၂ သိန်းဝန်းကျင်နဲ့ ၀ယ်ယူနိုင်မယ့် 4G စမတ်ဖုန်းစာရင်းမှာ စာဖတ်သူစိတ်ကြိုက် တခြားဖုန်းအမျိုးအမည်တစ်ခုရှိရင်လည်း comment မှာ ဝေမျှဖို့ ဖိတ်ခေါ်ပါတယ်။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

2 comments :

Related Posts Plugin for WordPress, Blogger...