မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, July 13

♪ မျက်နှာပြင်ကို ၃၆၀ ဒီဂရီလှန်ချိုးပြီး၊ တက်ဘလက်အဖြစ်ပါ အသုံးပြုနိုင်တဲ့ Asus ZenBook Flip UX360 လက်ပ်တော့ ဈေးကွက်ဝင် ♫


မျက်နှာပြင်ကို နောက်လှန်ချိုးပြီး၊ တက်ဘလက်တစ်လုံးအနေနဲ့ပါ သုံးလို့ရတဲ့ စွယ်စုံသုံးလက်ပ်တော့မျိုးကိုမှ ကြိုက်နှစ်သက်သူတွေအတွက် ထိုင်ဝမ်အခြေစိုက် Asus ကုမ္ပဏီရဲ့ ZenBook Flip UX360 လက်ပ်တော့ ဈေးကွက်ဝင်လာပြီဖြစ်ပါတယ်။

လက်ပ်တော့ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ပြုလုပ်ထားပြီး၊ ၃၆၀-ဒီဂရီအထိ လှည့်သုံးနိုင်တဲ့မျက်နှာပြင် ပါဝင်ပါတယ်။
asus_zenbook_flip_ux360_front
Windows 10 Home စနစ် တပါတည်းပါဝင်ပြီး၊ 256GB SSD နဲ့ အနိမ့်ဆုံးမော်ဒယ်ကို ၆၉၉ ဒေါ်လာဈေးနဲ့ အမေရိကန်နိုင်ငံမှာ စတင်ဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။ 512GB SSD မော်ဒယ်ကတော့ ၇၉၉ ဒေါ်လာဈေးရှိပြီး၊ 128GB မော်ဒယ်လည်း ထွက်ရှိမယ်လို့ သိထားပါတယ်။

ZenBook Flip UX360 မှာ ၁၃.၃ လက်မအကျယ်ရှိတဲ့ full-HD (1920×1080 pixels) မျက်နှာပြင်ပါရှိပြီး၊ IPS touchscreen မျက်နှာပြင်ဖြစ်တာကြောင့်၊ တက်ဘလက်အနေနဲ့လည်း အဆင်ပြေပြေသုံးနိုင်မှာဖြစ်ပါတယ်။ ကိုယ်ထည်က အလွန်ပါးလျမှုရှိတဲ့အပြင်၊ အလေးချိန်ကလည်း ၁.၃ ကီလိုဂရမ်သာရှိတာကြောင့်၊ သယ်ဆောင်ရလွယ်ကူပေါ့ပါးမှုရှိပါတယ်။

Asus ကုမ္ပဏီရဲ့အဆိုအရ ယခုလက်ပ်တော့ဟာ အားတစ်ခါအပြည့်သွင်းပြီးရင် ဘက်ထရီသက်တမ်း ၁၀ နာရီအထိခံတယ်လို့ သိရပါတယ်။

ZenBook Flip UX360 လက်ပ်တော့မော်ဒယ်တွေမှာ Intel ရဲ့ 6th-gen Core M ပရိုဆက်ဆာတွေကို အသုံးပြုထားပြီး၊ Core m3 ၊ m5 နဲ့ m7 ဆိုပြီးကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဂရပ်ဖစ်ပိုင်းမှာတော့ မော်ဒယ်အကုန်လုံး Intel HD Graphics 515 နဲ့ပဲ ဖြစ်ပါတယ်။ RAM 8GB LPDDR3-1866 RAM ပါရှိပြီး၊ RAM ကိုလည်း 4GB မော်ဒယ်နဲ့ ၀ယ်ယူနိုင်ပါတယ်။

ချိတ်ဆက်မှုအပိုင်းမှာ Intel WiDi အသုံးပြုနိုင်တဲ့ Wi-Fi ၊ Bluetooth 4.0 ၊ USB 3.0 Type-C အပေါက် တစ်ပေါက်၊ USB 3.0 Type-A အပေါက်နှစ်ပေါက်၊ micro-HDMI တစ်ပေါက် နဲ့ SD card reader တို့ ပါဝင်ပါတယ်။

Credit to ==>Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...