မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, July 14

♪ တန်ဖိုးသင့်၊ စွမ်းဆောင်ရည်မြှင့် Asus ZenPad 3S 10 တက်ဘလက်ထွက်ရှိ ♫


ပြီးခဲ့တဲ့လပိုင်းက ထွက်ရှိမယ်လို့ ပြောကြားခဲ့တဲ့ တက်ဘလက်အမျိုးအစားသစ်တစ်မျိုးကို ယခုအခါမှာ တရားဝင်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ZenPad 3S ကို ထိုင်ဝမ်နိုင်ငံမှာကျင်းပတဲ့ ပွဲမှာ ပြီးခဲ့တဲ့ နာရီအနည်းငယ်တုန်းကပဲ ထုတ်ဖော်ပြသခဲ့တာပြီး ဈေးကွက်အတွင်းကိုတော့ လာမယ့် သြဂုတ်လ ၁ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ အမေရိကန်ဒေါ်လာ ၃၄၂ ခန့်တန်ကြေးရှိမှာဖြစ်ပါတယ်။

ZenPad 3S 10မှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေအနေနဲ့ကတော့ မျက်နှာပြင်အကျယ် ၉.၇လက်မအရွယ် 2048×1536 Resolution (iPad များနှင့် Samsung Galaxy Tab S2 9.7 တို့၌လည်းပါဝင်) ရှိတဲ့ မျက်နှာပြင်၊ MediaTek ရဲ့ MT8176 SoC, hexa-core CPU တို့ပါဝင်ပါတယ်။

asus-zenpad-3s-10-2

Internal RAM အနေနဲ့ 4GB ပါဝင်မှာဖြစ်ပြီး 32GB ရှိတဲ့ချဲ့ထွင်နိုင်တဲ့ Storage၊ ကျောဘက်ကင်မရာ 8 MP နဲ့ ရှေ့မျက်နှာကင်မရာ 5MP တို့ပါဝင်ပါတယ်။ ဘက်ထရီမှာဆိုရင် 5,900 mAh ဘက်ထရီကိုအသုံးပြုထားတာကြောင့် ဘက်ထရီအားပမာဏ များပြားတယ်လို့ ဆိုနိုင်ပြီး Android 6.0 Marshmallow နဲ့ Asus ZenUI တို့ကို အသုံးပြုထားပါတယ်။ အတိုင်းအတာအနေနဲ့ 240.5 x 163.7 x 5.8-7.16 mm ရှိပြီး အလေးချိန်အနေနဲ့ 430g ရှိမှာဖြစ်ပါတယ်။



Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...