Facebook Messenger မှာ စာပို့၊ ဖုန်းပြောကြတဲ့အခါမှာ အစိုးရအာဏာပိုင်များ၊ ဟက်ကာများက ကြားဖြတ်ခိုးယူလို့ မရအောင် Encrypted စွမ်းရည်ကို Facebook က ထည့်သွင်းပေးလိုက်ပါတယ်။ Encrypt လုပ်ထားတဲ့အတွက် Facebook ကုမ္ပဏီ ကိုယ်တိုင်ကတောင် အသုံးပြုသူများရဲ့ Messages များကို ခိုးယူလို့မရဘူးလို့ ကုမ္ပဏီက ပြောပါတယ်။

ဒါ့အပြင် Facebook က အချိန်အတိုင်းအတာ တစ်ခု ရောက်တာနဲ့ ပို့ထားတဲ့ Message ကို အလိုအလျှောက် ဖျက်ဆီးပေးတဲ့ စွမ်းဆောင်ချက်ကိုလည်း စမ်းသပ်နေပါတယ်။

အဆိုပါ စွမ်းဆောင်ချက်ကို Secret Conversation လို့ အမည်ပေးထားပါတယ်။ Secret Conversation ကို အသုံးပြုရင်တော့ GIFs , Videos များကို ပေးပို့လို့မရပါဘူး။ ငွေပေးချေမှုကိုလည်း ပြုလုပ်လို့ မရပါဘူး။ အွန်လိုင်းမှာ လုံခြုံချင်သူများက Signal , Telegram တို့လို Encrypted Messaging Apps များကို အသုံးပြုနေကြပါတယ်။

Facebook ကလည်း Encrypt စွမ်းဆောင်ချက်ကို Messenger မှာ ထည့်သွင်းခြင်းဖြင့် လုံခြုံစိတ်ချ ချင်သူများအတွက် နှစ်သက်စေမှာ ဖြစ်ပါတယ်။ Facebook Messenger ကို လစဉ် အသုံးပြုသူ သန်း ၈၀၀ ရှိပြီလို့ ယခုနှစ် ဇန်န၀ါရီလက Facebook က ပြောပါတယ်။