မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Sunday, July 10

♪ Gigabyte ၏ Aero 14 တွင် ၁၀ နာရီအသုံးပြုနိုင်သည့် ဘက်ထရီ ပါဝင်လာ ♫


Gigabyte သည် ပြီးခဲ့သည့်နှစ်အနည်းငယ်က Razer နှင့်ပူးပေါင်းပြီး အထင်ကရ Blade gaming laptop ကို ထုတ်လုပ်ခဲ့သည်။ ယခုအခါတွင် Gigabyte သည် gaming laptop အပြင် လုပ်ငန်းသုံး ကွန်ပျူတာအဖြစ်လည်း အသုံးပြုနိုင်သည့် Aero 14 laptop တစ်မျိုးကို မိတ်ဆက်လိုက်ပြီဖြစ်သည်။ အဆိုပါ laptop သည် productivity mode ဖြင့်သုံးပါက ၁၀ နာရီ အသုံးပြုနိုင်သည်။

Aero 14 laptop မျက်နှာပြင်အရွယ်မှာ ၁၄ လက်မဖြစ်ပြီး QHD 2560 x 1440 IPS Display ကို အသုံးပြုထားသည်။ ၎င်းတွင် DDR4 RAM 32GB အထိ အသုံးပြုနိုင်ကာ Intel ၏ ဆဋ္ဌမမြောက်မျိုးဆက် Core i7 Skylake ပရိုဆက်ဆာကို အသုံးပြုထားသည်။ Aero 14 တွင် Type-C USB 3.1 တစ်ခု၊ USB 3.0 port သုံးခု၊ HDMI 2.0 တစ်ခုနှင့် SD card reader တို့အပြင် mini Display port ပါဝင်လာသည်။ အခြားချိတ်ဆက်မှုများအဖြစ် 802.11ac Wi-Fi နှင့် Bluetooth 4.1 တို့ပါဝင်သည်။ Laptop ၏ ခလုတ်များမှာ ကြီးမားပြီး အလိုအလျောက်ချိန်ညှိနိုင်သည့် backlit keyboard ဖြစ်သည်။

Aero 14 laptop အလေးချိန်မှာ ၄.၂ ပေါင်အောက်သာရှိပြီး အထူက ၁၉.၉ မီလီမီတာဖြစ်သည်။ ကွန်ပျူတာကို ကျွမ်းကျင်စွာ အသုံးပြုသူများအတွက် Aero 14 ကို အခြားမော်နီတာ သို့မဟုတ် full 4K ရုပ်ထွက်အရည်အသွေး display နှင့်ချိတ်ဆက်နိုင်ရန် HDMI 2.0 ထည့်သွင်းပေးထားသည်။ Fan Tweak ကဲ့သို့ ဆော့ဖ်ဝဲပါဝင်ပြီး ပန်ကာမြန်နှုန်းကို ချိန်ညှိနိုင်မည် ဖြစ်သည်။ Laptop တွင်ပါဝင်သော macro key များကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး ပါဝင်သည့် Macro Hub ဆော့ဖ်ဝဲဖြင့် အရောင်များ ပြောင်းလဲနိုင် မည် ဖြစ်သည်။

Gigabyte Aero 14 ကို အနက်၊ လိမ္မော်နှင့် အစိမ်းဟူ၍ အရောင်သုံးမျိုးဖြင့် ထုတ်လုပ်ထားပြီး ကန်ဒေါ်လာ ၁၅၉၉ မှ စတင်ရောင်းချမည် ဖြစ်သည်။


Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...