မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, July 20

♪ Hidden Disk အသုံးပြု၍ Partition များကို ကာကွယ်ခြင်း ♫


Windows Operating System အသုံးပြုနေ သူတွေအနေ နဲ့ မိမိ PC အတွင်းမှာ ထည့်သွင်းထားတဲ့ Hard Drive partition တွေကို အခြားသူတွေ အလွယ်တကူ ဝင်ရောက်မသုံးစွဲ နိုင်စေဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်း ပေါင်းစုံတွေထဲက မှ Third Party Software တစ်ခုဖြစ်တဲ့ Hidden Disk  ဆိုတဲ့ ဆော့ဖ်ဝဲကို အသုံးပြုပြီး မိမိ Partition တွေကို Password နဲ့ ကာကွယ်ထား နိုင်သလို၊ Hidden လည်း ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

Hidden Disk ဟာ အခမဲ့ သုံးစွဲနိုင်မယ့် Freeware အမျိုးအစား တစ်ခုဖြစ်ပြီး download ပြုလုပ်မယ်ဆိုရင် https://goo.gl/957xo6 ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ သွားရောက် download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Hidden Disk ကို download ပြုလုပ်ပြီးပြီဆိုရင် ညွှန်ကြားချက်များအတိုင်း Install ပြုလုပ်ပေးရပါမယ်။ Install ပြုလုပ်ပြီးပြီဆိုရင် အဆိုပါ ဆော့ဖ်ဝဲကို ဖွင့်ရမှာ ဖြစ်ပါတယ်။ Hidden Disk ကို ဖွင့်ပြီးသွားရင် ပထမဦးဆုံး ကိုယ်ကနေအခြား သူတွေကို အသုံးမပြုစေချင်တဲ့ drive ကိုရွေးပေးရပါမယ်။ Drive ကို ရွေးချယ်ပေးပြီးရင် Create/update password ဆိုတာကိုနှိပ်ပြီး password ကို ထည့်သွင်း ပေးရပါမယ်။ ပြီးသွားရင် ကိုယ်ရွေး ချယ်ထားတဲ့ Drive Letter နဲ့ Create ဆိုတဲ့ button ကို နှိပ်ပေးရပါမယ်။ အဆိုပါ create button ကို နှိပ်ပြီးရင် သတိပေးတဲ့ dialog box ပေါ်လာပါလိမ့်မယ်။ Hidden Disk လုပ်ထားတဲ့အချိန်မှာ System disk  ကိုမဖျက်ဖို့   ဖျက်မိတယ်ဆိုရင် Hidden လုပ်ထားတဲ့ disk ထဲမှ အချက်အလက်တွေ ဆုံးရှုံးနိုင်မယ်ဆိုတဲ့ သတိပေးစာတွေကို ဖော်ပြပေးထား ပါလိမ့်မယ်။ I will remember ဆိုတာကို နှိပ်ပြီး ထွက်လိုက်ပါ။

ဒီအဆင့်တွေ ပြီးသွားရင်  ကိုယ်ရွေးချယ်ထားတဲ့ Drive letter နဲ့ Partition တစ်ခု ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် ကိုယ် အသုံးမပြုစေချင်တဲ့ Drive ကို ဖယ်ရှား ပေးသွားမှာဖြစ်ပြီး အသုံးပြုလိုတဲ့ အချိန်မှာ Password ရိုက်ထည့်ပြီး အဆိုပါ Drive ကို အသုံးပြုရပါမယ်။ အကယ်၍ Hidden Disk မပြုလုပ် လိုတော့ဘူး ဆိုရင် ဆော့ဖ်ဝဲကိုဖွင့်ပြီး Disable disk ဆိုတာကို ရွေးချယ်ပေးလိုက်ရင် Hidden ပြုလုပ်ထားတဲ့ Drive ကို ပြန်လည်ဖော်ပြ ပေးမှာဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...