မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Friday, July 8

♪ “Huawei P9” ကိုအသေးစိတ်လေ့လာကြည့်ရအောင် ♫


Huawei အနေနဲ့ High End စမတ်ဖုန်းတွေ ထုတ်လုပ်တဲ့အချိန်မှာ P line ကို ကင်မရာသီးသန့်ဖုန်းအဖြစ် ခွဲခြားထားပါ တယ်။ တရုတ်နိုင်ငံရဲ့ စမတ်ဖုန်း ထုတ်လုပ်သူတွေထဲမှာ ထိပ်တန်းအဆင့်ရပ်တည်လျက်ရှိတဲ့ Huawei ဟာ ဒီတစ်ကြိမ် ထုတ်လုပ်မှုမှာ အများထင်မှတ်မထားတဲ့ ပေါင်းစပ်မှုတွေကိုပြသ ခဲ့ပါတယ်။ အံ့သြလောက်ဖွယ်ရာ ကောင်းမွန်တဲ့ပုံရိပ်တွေကို ရရှိစေနိုင်မယ့် Dual-Lens ကင်မရာကို သုံးထားလို့ပါ။ နိုင်ငံအနေအထားပေါ်မူတည်ပြီးတော့ အရောင်(၆)မျိုးနဲ့ Single-SIM, Dual-SIM ဆိုပြီး ခွဲခြားဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်တည်းက စတင်ထုတ်လုပ်လာခဲ့တဲ့ P series တွေရဲ့ လေးဆက်မြောက်မျိုးဆက်လို့သတ်မှတ်နိုင်မယ့် P9 ဟာ လတ်တလောထွက် ထားတဲ့ စမတ်ဖုန်းတွေနဲ့ယှဉ်လိုက်မယ်ဆိုရင် ကင်မရာ လုပ်ဆောင်ချက်ပိုင်း မှာ အကောင်းဆုံးအဆင့်မှာရှိပါတယ်။ သုံးစွဲသူတွေအနေနဲ့ မတူကွဲပြားတဲ့ RAM, Storage အမျိုးအစားတွေ ကို ရွေးချယ်ဝယ်ယူရပါလိမ့်မယ်။ Huawei အနေနဲ့ P9 ကို ယခုပုံစံအတိုင်း ထုတ်လုပ်နိုင်စေဖို့အတွက် လေ့လာမှုပေါင်း များစွာ နဲ့အတူ ဒီဇိုင်းပိုင်းနဲ့ပတ်သက်လို့လည်း စိတ်ကြိုက်မဖြစ်မချင်း အကောင်အထည်ဖော်ခဲ့ရတယ်လို့သိရပါတယ်။

ဒီဇိုင်းအရောင်ပိုင်းတွေနဲ့ ပတ်သက်လို့ ကုမ္ပဏီရဲ့ဒီဇိုင်းထုတ်လုပ်မှုပိုင်းမှာ တာဝန်ယူထား သူတွေဟာ ပြင်သစ်မှာသွားရောက် လေ့လာခဲ့ကြ ပါတယ်။ ဖုန်းထုတ်လုပ်မှုပိုင်းနဲ့ ပတ်သက်လို့ အာရှ၊ ဥရောပနဲ့ အမေရိကန်မှာ ဘယ်လိုအရောင်တွေကို လူကြိုက်များနေတယ် ဆိုတာက စလို့ ဘေးဘောင်တွေရဲ့ အကွေးဒီဇိုင်း ပုံဖော်မှုတွေအဆုံးကို အဖွဲ့ဝင်များစွာ ပါဝင်တဲ့ Design Team တစ်ခုဖွဲ့ပြီး လေ့လာစေခဲ့တာပါ။ ဒါကို Huawei ရဲ့ YouTube မှာ တင်ထားတဲ့ဒီဇိုင်းအဖွဲ့ ရဲ့ Video တွေကို ကြည့်လိုက်တာနဲ့သိနိုင်ပါတယ်။ P9 ရဲ့ဒီဇိုင်းပိုင်းကို ကြည့်လိုက်မယ်ဆိုရင် သူ့ရှေ့မှာ ထွက်ထားတဲ့ Series တွေနဲ့ အရွယ်အစား တူညီပါတယ်။ ၅.၂ လက်မနဲ့သာ ထုတ်လုပ်ထားတာကြောင့်ပါ။

လက်ရှိထွက်ထားတဲ့ပြိုင်ဘက် ထုတ်လုပ်သူတွေဖြစ်တဲ့ Galaxy S7(5.1inch), LG G5(5.3inch) တို့ရဲ့ ကြားအရွယ်အစားမှာရှိပါတယ်။ ဖုန်းရဲ့နောက်ကျော ဘက်မှာတော့ လေးထောင့်သဏ္ဌာန် Fingerprint Sensor ကို တပ်ဆင် ထားပါတယ်။ သွက်လက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ပုံရိပ်တွေကိုဖမ်းယူ နိုင်မယ့် Leica ကင်မရာတွေကတော့ နောက်ကျောဘက်ရဲ့ထိပ်ဆုံးမှာ သီးသန့်တည်ရှိနေပါလိမ့်မယ်။ ကင်မရာကို ပူးပေါင်းထုတ်လုပ်ထားတဲ့ ကင်မရာကုမ္ပဏီရဲ့ အမှတ် အသားကိုလည်း ထည့်သွင်းပေးထားပြီး Huawei အမှတ်အသားကတော့ ဖုန်းရဲ့အောက်နားမှာ ခတ်နှိပ်ထားမှာပါ။ P9 အရွယ် အစားဟာ 145×71×7mm ရှိမှာဖြစ်ပြီး အလေးချိန်ကတော့ ၁၄၄ ဂရမ်ရှိပါ တယ်။ 3000mAh ဘက်ထရီထည့်ထားတယ် ဆိုပေမယ့် 7mm ဟာ သိပ် အထူကြီးတော့ မဟုတ်ပါဘူး။


SIM, SD card slot တွေကတော့ ဖုန်းကိုယ်ထည် မှာရှိတဲ့ Tray ကို ထုတ်ယူပြီး ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ ၅.၂လက်မရှိတဲ့ ဖန်သားမှာ FHD LCD panel ကိုသုံးထားပါတယ်။ ပုံရိပ်တွေ ကိုဖော်ပြ နိုင်စွမ်းကောင်းမွန်ပြီး နေ့အလင်းရောင်၊ နေရောင်တိုက်ရိုက်ကျ တဲ့အချိန်မှာတောင် ဖန်သားကပြတ်သားမှုရှိရှိ ဖော်ပြနိုင်တယ်လို့ ဆိုပါတယ်။ ကင်မရာရဲ့စွမ်းဆောင်ချက်နဲ့ OS တစ်ခုရဲ့လုပ်ဆောင်မှုတွေကို အသားကျစွာ ထိန်းချုပ်နိုင်စေဖို့အတွက် သူ့မှာ သုံးစွဲထားတဲ့ ပရိုဆက်ဆာကတော့ ကိုယ်တိုင် ထုတ်လုပ်တဲ့ Hisilicon Kirin 955 ဖြစ်ပါတယ်။ပြင်ပဆူညံသံ တွေကိုလျှော့ချပေးပြီး ကြည်လင်ပြတ်သားတဲ့ အသံရရှိအောင် စွမ်းဆောင် ပေးမယ်လို့ပြောထားပေမယ့် Ear Phone နဲ့ နားဆင်တာကတော့ စိတ် အချရဆုံးဖြစ်ပါလိမ့်မယ်။ P9 မှာ သုံးစွဲသူတွေစိတ်ကြိုက် လိုအပ်တဲ့ သိုလှောင်မှုနဲ့ ၀ယ်နိုင်စေဖို့ 3GB RAM (32GB Storage), 4GB RAM (64GB storage) တွေနဲ့ဖြစ်ပါတယ်။

ဆော့ဝဲပိုင်းနဲ့ ပတ်သက်ရင်တော့ Android ရဲ့ နောက်ဆုံးထွက်ထားတဲ့ ဗားရှင်း 6.0.1(Marshmallow) နဲ့ဖြစ်ပြီး Emotion UI4.1 ပါ တွဲဖက်သုံးနိုင်ပါ လိမ့်မယ်။ လိုအပ်သလိုပြောင်းလဲသုံးစွဲနိုင်မယ့် UI တွေကို Packages လိုက် ထည့်သွင်းပေးထားပါတယ်။ Huawei ID သာရှိမယ်ဆိုရင် theme အသစ် တွေကို ထပ်မံဒေါင်းလုပ်စ်ပြုလုပ် နိုင်ဦးမှာပါ။ ဖုန်းရဲ့နောက်ကွယ်ကနေ စွမ်းအားအလေအလွင့်ဖြစ်အောင် ပြုလုပ်နေတဲ့ App တွေကိုလည်း စီမံခန့်ခွဲ ထားနိုင်ပါ သေးတယ်။ App တွေကို Backup, Restore ပြုလုပ်ပြီးတော့ အခြား Huawei ဖုန်းတွေဆီကို လွှဲပြောင်းနိုင်ပါလိမ့်မယ်။ Huawei ရဲ့ P9 မှာသုံးထားတဲ့ ကင်မရာရဲ့နည်းပညာက ပိုဆန်းသစ်နေပါတယ်။ မတူကွဲပြား တဲ့ ကင်မရာလုပ်ဆောင်ချက်တွေနဲ့ ပုံရိပ်တွေ ဖမ်းယူပေးမှာပါ။


ကင်မရာ တစ်ခုဟာ RGB Sensor ပါဝင်ပြီး အရောင်စုံနဲ့ ပုံတွေရိုက်ကူးတဲ့ပုံစံဖြစ်ကာ ကင်မရာတစ်ခုမှာတော့ Monochrome Sensor နဲ့ဖြစ်ပါတယ်။ တိကျစွာ ဆိုရမယ်ဆိုရင် အဖြူ၊ အမည်းရိုက်ကူးနိုင်စွမ်းပါ။ ပုံမှန် Lens တွေမှာ သုံးထားတဲ့ RGB Filtering မပါတော့တာကြောင့် အလင်းအမှောင် သိပ်သည်းဆ ကိုပဲ တိုက်ရိုက်အာရုံခံပေးတော့မှာဖြစ်ပါတယ်။ ဒါကြောင့် Object တစ်ခုကိုရိုက်ကူးလိုက်တာနဲ့ Lens နှစ်ခုဟာ သူတို့ လုပ်ဆောင်ချက် တစ်ခုချင်းကိုပြုလုပ်ပေးပြီး အလင်းအမှောင် ပြတ်သား၍ Focus တည်ငြိမ်တဲ့ ပုံကောင်းတစ်ပုံထုတ်ပေးမှာပါ။

အလင်းရောင် အရမ်းအားနည်းတဲ့ အချိန်မှာ တောင် ပြတ်သားတဲ့ ပုံထွက်ကိုပေးပါလိမ့်မယ်။ အဓိကကင်မရာဟာ 12MP Sensor မှာ f/2.2 aperture နဲ့ဖြစ်ပြီး Selfie ကင်မရာကတော့ 8MP မှာ f/2.4 နဲ့ဖြစ်ပါတယ်။ပါရှိသည့်ဘက်ထရီဟာ ဖုန်းကိုကြာရှည်စွာသုံးတဲ့သူတွေ အတွက် အဆင်ပြေမယ့်စွမ်းအားနဲ့ ဖြစ်ပြီး ဗီဒီယိုတွေကြည့်ရှုတာ၊ ဓာတ်ပုံရိုက် တာ တွေကို အချိန်ကြာကြာပြုလုပ်နိုင်တဲ့အပြင် အားသွင်းရတာလည်း မြန်ဆန်ပါလိမ့်မယ်။ ၁၀ မိနစ်ကြာ အားသွင်းလိုက်တာနဲ့ ၅ နာရီကြာ အသုံးပြု နိုင်ပါလိမ့်မယ်။ P9 ဈေးနှုန်းမှာ ၅၅၉၀၀၀ိ/- ကျပ်ဝန်းကျင်ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...