ယနေ့ ခေတ်တွင် အွန်လိုင်းအသုံးပြုမှုပိုမိုတွင်ကျယ်လာသည်နှင့်အမျှအွန်လိုင်းဈေးကွက်များ တွင် လည်း အရောင်းအ၀ယ်များကိုပိုမိုတွင်ကျယ်စွာအသုံးပြုလာကြသည်။ မိမိတို့ အိမ်တွင်အသုံးမလိုတော့သည့် ပစ္စည်းများအား ပြန်လည်ရောင်းချလာသည်ကိုလည်း အများအပြားတွေ့ ရှိရသည်။

အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Ads.com.mm မှ Head Of Content & Product တာဝန်ရှိသူ ကိုဟိန်းအောင်ကျော်မှ “ ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ  အသုံးမလိုတော့သည့်ပစ္စည်းတွေကို ပြန်ပြီးရောင်းကြတဲ့ လူဦးရေ တစ်နေ့ ကို အယောက်တစ်ရာ ကျော်ရှိပါတယ် ။

သူတို့ အနေနဲ့ ကိုယ်မလိုတော့တဲ့ပစ္စည်းတွေကိုပြန်ရောင်းပြီးအိမ်အတွက်ဝင်ငွေပြန်ရသလို အသုံးလိုသည့်ပစ္စည်းတွေကိုလည်းပြန်ပြီးဝယ်နိုင်ကြတော့အဆင်ပြေတာပေါ့ခုလဲသူတို့ အသုံးမလိုတော့တဲ့ ပစ္စည်းတွေ ပြန်ရောင်းချပြီး  iPhone SE ကံစမ်းနိုင်မယ့်Campaign တစ်ခုကိုစီစဉ်ပေးထားပါတယ်။ ကိုယ့်မှာရှိတဲ့အသုံးမလိုတော့တဲ့ပစ္စည်းပဲဖြစ်ဖြစ် ကိုယ်ရောင်းချင်တဲ့ဘယ်လိုပစ္စည်းမျိုး ကိုမဆို ကြော်ငြာများများတင်ပြီး iPhone SE ကိုဝင်ရောက်ကံစမ်းနိုင်ပါတယ်။ ကံစမ်းမဲကာလက ဂျူလိုင် ၁၉ ကနေ သြဂုတ်လ ၁၈ ရက်နေ့ ထိပါ။ www.ads.com.mm/posts/new မှာအခမဲ့ကြော်ငြာတင်ပြီး ကံစမ်းနိုင်ပါတယ်။iPhone SE ကံထူးသွားတဲ့ ကံထူးရှင်ကိုတော့ သြဂုတ်လ ၁၉ ရက်နေ့ မှာကြေငြာပေးမှာပဲဖြစ်ပါတယ်”ဟုပြောကြားခဲ့ပါသည်။ Ads.com.mm သည် မြန်မာပြည်၏    နံပါတ်(၁) အခမဲ့ကဏ္ဍစုံကြော်ငြာ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည်။ ယင်းဝက်ဘ်ဆိုက်တွင် အိမ်ခြံမြေ ၊ကား ၊အလုပ်အကိုင်မှ စသောအမျိုးအစားစုံလင်သော ပစ္စည်းများ ၀န်ဆောင်မူများကို   ယင်းဝက်ဘ်ဆိုက်တွင်   အခမဲ့ကြော်ငြာတင်၍ရောင်းချနိုင်သည်။ဝန်ဆောင်ခများ ၊ပွဲစားများမလိုအပ်သည့် အတွက်     ရောင်းဝယ်မူမှ ရရှိလာသော   အကျိုးအမြတ်ကို အပြည့်အ၀ ခံစားရရှိနိုင်ပါသည်။ Ads.com.mm သည် Rocket Internet ၏ venture တစ်ခုဖြစ်ပြီး House.com.mm ,Motors.com.mm ,work.com.mm , Kaymu.com & Shop.com.mm တို့ ဖြင့် မြန်မာပြည်တွင်း Partner အဖြစ် လုပ်ဆောင်လျှက်ရှိလေသည်။