မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, July 20

♪ Laptop နေရာကိုအစားထိုးမယ်ဆိုတဲ့ HP ရဲ့ Elite X3 Windows ဖုန်း လာမယ့်လအတွင်း ထွက်ရှိမည် ♫


Laptop လိုမျိုး အမြင့်စားလုပ်ဆောင်ချက်တွေကို လုပ်ပေးနိုင်မယ့် HP ရဲ့ Elite X3 Windows ဖုန်းကတော့ လာမယ့်လအတွင်းမှာ ထွက်ရှိလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ရက်အတိအကျဆိုရင်တော့ သြဂုတ်လ ၂၉ ရက်နေ့လို့ သတင်းတွေထွက်နေပါတယ်။ ဒီဖုန်းထွက်လာမယ်လို့ သတင်းတွေထွက်တည်းက ဝယ်ချင်နေတဲ့သူတွေ များပြားလျက်ရှိနေပါတယ်။

HP Elite X3 a

HP က ဖုန်းလို့သာ နာမည်ပေးထားပေမယ့်လည်း ဖုန်းထက်ပိုတဲ့ လုပ်ဆောင်ချက်တွေ ကို ဒီဖုန်းမှာတွေ့ရမှာ ဖြစ်ပါတယ်။ Laptop နဲ့ desktop တွေမှာ လုပ်ဆောင်နိုင်မယ့် အရာတွေကို ဒီဖုန်းမှာ ပြုလုပ်နိုင်အောင်လို့ HP က စီစဉ်ထားတာပါ။ HP အတွက် ၂ နှစ်အတွင်းမှာ ပထမဆုံးထုတ်လုပ်တဲ့ဖုန်းဖြစ်လာတဲ့ Elite X3 ကတော့ ကုမ္ပဏီရဲ့ အောင်မြင်မှုရယူနိုင်မယ့် ဖုန်းအဖြစ် မျှော်မှန်းခံထားရတာပါ။

HP_Elite_x3_Desk_Promo

Microsoft ရဲ့ Window OS နယ်ပယ်က ဖုန်းရောင်းအားဟာ ကျဆင်းလျက်ရှိနေပေမယ့်လည်း HP ကတော့ ဒီဖုန်းရဲ့ တန်ဖိုးကို ၆၉၉ ဒေါ်လာ အထိ သတ်မှတ်ထားပါတယ်။ ဒီဖုန်းကတော့ မော်နီတာကို Desk Dock နဲ့တွဲဖက်လိုက်တဲ့အချိန်မှာ ကွန်ပျူတာတစ်လုံးလို အလုပ်လုပ်နိုင်တယ်လို့ သိရပြီး headset , နဲ့ Desk Dock အပါအဝင်ဆိုရင်တော့ ၇၉၉ ဒေါ်လာကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...