မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, July 18

♪ “Lego City My City 2”


Lego ဟာမိုဘိုင်းဂိမ်းကောင်းကောင်းတွေထုတ်လုပ်ရာမှာနာမည်ကောင်း ရထားပြီးပုံမှန်ကြော်ငြာနဲ့in-app purchase တွေကိုသိပ်အသားမပေးတာ ကြောင့် ကလေးတွေအတွက်အဆင်ပြေစေပါတယ်။LEGO ဂိမ်းတိုင်းဟာသူတို့ ရဲ့ကစားစရာအရုပ်တွေကို ကြော်ငြာပြီးဖြစ်စေတာကြောင့် ကြော်ငြာထပ်ထည့် စရာမလိုတော့တာလည်းဖြစ်နိုင်ပါတယ်။

Lego City My City 2 ဟာMyCity အရုပ်တွေကိုသုံးတဲ့ဂိမ်းဇာတ်လမ်းဖြစ်ပြီးဒါဟာLego ရဲ့လက်ရှိမိုဘိုင်းဂိမ်း တွေထဲမှာ ခေတ်စားနေတဲ့ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။My City ပထမ Version ဟာMini Games တွေဖြစ်ပြီးယခု My City 2 မှာတော့ပိုမိုပီပြင်လာခဲ့ပါ တယ်။မြို့ရဲ့အစိတ်အပိုင်း အသစ်တွေကိုတည်ဆောက်ယူရမှာဖြစ်ပြီးယာဉ်တွေကိုပါတည်ဆောက်ယူရမှာဖြစ်ပါတယ်။ Public Service mission တွေကနေ အစိတ်အပိုင်းတွေရလာမှာဖြစ်ပြီး နောက်ထပ်မြို့အစိတ်အပိုင်းနဲ့Mission တွေ ရလာမှာဖြစ်ပါတယ်။

ယာဉ်တွေနဲ့အဆောက်အဦတွေကိုတကယ့်LEGO Set တွေပေါ်မှာအခြေခံဖန်တီးထားပြီuးnlocked components တွေနဲ့ပုံစံကို စိတ်ကြိုက်ဖန်တီးခွင့်ပေးထားပါတယ်။Lego City My City 2 ကိုFree Download ရယူခွင့်ပေးထားပြီး in-app purchase ပါဝင်ခြင်းမရှိလို့ကလေး တွေအတွက် အထူးကောင်းမွန်ပါတယ်။3Dဂရပ်ဖစ်အနည်းငယ်မြင့်မားတာ ကြောင့်GPU ကောင်းကောင်းသုံးထားတဲ့ Android ဖုန်း (သို့) Tablet နဲ့ကစား သင့်ပါတယ်။


Download


Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...