မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, July 20

♪ OPPO A37 ရဲ့အကြောင်းအသေးစိတ်ဖော်ပြချက်များ ♫


Device Support - OPPO
Price - 229,000 Ks

အားသာချက်
ဈေးနှုန်းသင့် အလယ်အလတ်တန်းစား ဖုန်းဖြစ်ပေမယ့် ဖုန်းမှာပါဝင်တဲ့ ဂရပ်ဖစ် GPU, Memory ပိုင်းတွေမှာ သင့်တင့်ကောင်းမွန်ပါတယ်။ ကင်မရာပိုင်းမှာလည်း စုံလင်တဲ့ဓာတ်ပုံ စနစ်တွေကို အသုံးပြုနိုင်တဲ့ အပြင်ရှေ့ကင်မရာမှာ Screen Flash ပါဝင်တဲ့အတွက် အလင်းအားနည်းတဲ့ နေရာတွေမှာလည်း ဓာတ်ပုံကောင်းကောင်း ရိုက်နိုင်ပါလိမ့်မယ်။ Sensor စနစ်ပိုင်းမှာလည်း ဖုန်းအသုံးပြုခြင်းကို လွယ်ကူစေနိုင်မယ့် Screen Off Gesture စနစ်နဲ့ Quick Gesture စနစ်တွေ ပါဝင်ပါတယ်။
အားနည်းချက်
Sim Card နှစ်ကတ်နဲ့ SD Card ကို Card Slot တစ်ခုတည်းမှာ အတူတွဲပြီး ပြုလုပ်ထားတဲ့အတွက် ကတ်တစ်ခုကို ထုတ်သွင်းလဲလှယ် ပြုလုပ်ချင်တဲ့ အချိန်တိုင်းမှာ ကတ်အားလုံးကို တစ်ပြိုင်တည်း ထုတ်သွင်းပြုလုပ် နေရမှာ ဖြစ်ပါတယ်။
ဒီဇိုင်း
ပုံစံဒီဇိုင်းသေသပ်တယ်လို့ ဆိုနိုင်တဲ့ဖုန်းဖြစ်ပြီး အရွယ်အစားကလည်း ကိုင်တွယ်အသုံးပြုရတာ အဆင်ပြေပါတယ်။ ရှေ့မျက်နှာပြင်မှန်ဟာ အနားလုံးမှန် အခုံးပုံစံမျိုးဖြစ်ပြီး ဖုန်းကိုယ်ထည်ကတော့ သတ္တုနဲ့တည်ဆောက် ထားတာပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက် အမြင့် ၁၄.၃၁ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၁ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၇၇ စင်တီမီတာရှိပြီး အလေးချိန်ကတော့ ၁၃၆ ဂရမ်ရှိပါတယ်။ စပီကာတွေကို ဖုန်းရဲ့အောက်ခြေ ဘောင်ပေါ်မှာ တပ်ဆင်ပေးထားပြီး နောက်ဘက် ကာဗာကတော့ ဖြုတ်လို့တပ်လို့မရတဲ့ ကာဗာအသေပါပဲ။
မြင်ကွင်း
၅.၀ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 720 x 1280 Pixels (~294 ppi pixel density) ထိရှိနိုင်ပါလိမ့်မယ်။
နည်းပညာ
နည်းပညာ ပိုင်းမှာတော့ ထူးခြားတဲ့ နည်းပညာတွေကို အများအပြား ထည့်သွင်းထားတာမျိုး သိပ်မရှိပေမယ့် ရှေ့ကထွက်ခဲ့တဲ့ OPPO ဖုန်းတွေမှာ ပါဝင်တဲ့ ပုံမှန်နည်းပညာတွေကိုတော့ ဒီဖုန်းမှာထိတွေ့ အသုံးပြုနိုင် ပါလိမ့်မယ်။ Screen ပိတ်ထားချိန်မှာ သတ်မှတ်ထားတဲ့ သင်္ကေတတွေကို Screen ပေါ်မှာ ရေးဆွဲပြီး ကိုယ်အသုံးပြုချင်တဲ့ စနစ်တွေထဲကို ဝင်နိုင်တဲ့ Screen Off Gesture စနစ်၊ ဖုန်းကို Screen ဖွင့်ပိတ် အလွယ်တကူ အသုံးပြုနိုင်တဲ့ Double Tap စနစ်တွေပါဝင်တဲ့ Quick Gesture စနစ်၊ Smart Call အစရှိတဲ့ စနစ်တွေကိုမြင်တွေ့နိုင်ပါတယ်။ ရှေ့ကင်မရာမှာ အသုံးပြုနိုင်မယ့် စနစ်တွေ ပိုမိုပါဝင်လာပြီး ကင်မရာရဲ့ အလင်းသိရှိမှု နှုန်းကလည်း ပိုမိုကောင်းမွန် လာတာတဲ့အတွက် အလင်းအားနည်းတဲ့ နေရာတွေမှာ ဓာတ်ပုံရိုက်ဖို့ အဆင်ပြေစေပါတယ်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ OPPO ရဲ့ A37 ဟာ ဂရပ်ဖစ် GPU ပိုင်း၊ မှတ်ဉာဏ်ပိုင်းနဲ့ ဖုန်းတွင်းအသုံးပြု Gesture & Motion စနစ်ပိုင်းတွေမှာ ကောင်းမွန်တဲ့ ဖုန်းဖြစ်ပြီး ဖုန်းကို Screen ဖွင့်ပိတ်ပြုလုပ်ခြင်း၊ Screen ပိတ်ထားချိန်တွင် ဖုန်းစနစ်များအတွင်းသို့ Gesture စနစ်များ အသုံးပြုပြီး ဝင်ရောက်ခြင်းတွေမှာ လွယ်ကူကောင်းမွန်ပါတယ်။ ကင်မရာပိုင်းမှာလည်း Megapixel တွေက အလယ်အလတ် တန်းစားဖြစ်နေပေမယ့် ဓာတ်ပုံအသုံးပြု စနစ်တွေမှာတော့ ကောင်းမွန်တာကို တွေ့ရမှာပါ။
Network        GSM - 2G/ 3G/ 4G
SIM               Dual SIM (Nano SIM Dual Standby)
OS                Android V 5.1.1
CPU              Quad-core 1.2 GHz Cortex-A53
GPU              Adreno 306
Memory         Internal 16GB, 2GB RAM, micro SD 256GB
Camera         8 MP, f/2.0, autofocus, LED flash, geotagging, touch focus, face detection,                         panorama, Video, Front 5 MP, f/2.4
Wi-Fi             Wi-Fi 802.11 a/b/g/n, hotspot
Bluetooth      v4.0, A2DP
Battery          Li-Ion 2630 mAh Battery
သူတို့အမြင်
AMT Mobile
ဒီဖုန်းရဲ့ အားသာချက်ကတော့ Sim Card နှစ်ကတ် တစ်ပြိုင်တည်း သုံးနိုင်သလို SD Card လည်းစိုက်လို့ရတယ်။ ဒီဇိုင်းလေးက သေသေသပ်သပ်ရှိပြီး အရောင်အဆန်းလေးတွေ ရတဲ့အတွက် သုံးတဲ့သူတွေ စိတ်ဝင်စားတယ်။ ကင်မရာကတော့ ခုနောက်ပိုင်းထွက် ဖုန်းတွေနဲ့ယှဉ်လိုက်ရင် Mega Pixel နည်းတယ်လို့ ခံစားရပေမယ့် ဓာတ်ပုံရိုက်ကြည့် ချိန်မှာတော့ ပုံထွက်ကောင်းပါတယ်။ Present box ပါသေးတယ်။ User အတွက်တော့ တန်တယ်လို့ မြင်ပါတယ်။ အချို့ User တွေကလည်း အဲဒီလိုမျိုး လက်ဆောင် ပစ္စည်းလေးတွေရတာကို သဘောကျကြတယ်။
ကိုဝေဖြိုးအောင် (OPPO PR)
A37 ကိုဝယ်ရင် Ooredoo Sim Card ပါပါမယ်။ အဲဒီကတ်မှာ အင်တာနက် 1GB Plan ကို ၄ လ အခမဲ့အသုံးပြု ခွင့်လည်းပါပါတယ်။ အင်တာနက် 1GB Plan ကိုအသုံးပြု နိုင်ဖို့အတွက် အဲဒီ Ooredoo ကတ်ထဲကို ငွေ ၅,၀၀၀ ဖြည့်ရပါမယ်။ ဖြည့်တဲ့ ၅,၀၀၀က အင်တာနက် အသုံးပြုခွင့်အတွက် Activate လုပ်နိုင်ဖို့ပါပဲ။ အင်တာနက်စပြီး အသုံးပြုမယ်ဆိုရင် ကိုယ့်ပိုက်ဆံထဲက မဖြတ်ပါဘူး။ 1GB Plan ထဲကနေပဲ စပြီးဖြတ်ပါမယ်။ 1GB ကုန်သွားပြီဆိုမှ ကိုယ်ဖြည့်ထားတဲ့ ၅,၀၀၀ ထဲက ဖြတ်မှာပါ။ 1GB Plan ကို ၄ လဆက်တိုက် အသုံးပြုချင်တယ် ဆိုရင်တော့ လစဉ် ၅,၀၀၀ ဖြည့်ရမှာပါ။ Present Box ကတော့ selfie stick, Ollie တံဆိပ်ပါတဲ့ ရေဘူး၊ Ollie အရုပ်စပီကာ၊ 32GB SD Card တွေပါဝင်ပါမယ်။
D Mobile
သူ့ဈေးနဲ့သူ့ လုပ်ဆောင်ချက်နဲ့ကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အသုံးပြုတဲ့ သူတွေကတော့ F1 နဲ့ F1 Plus ကို ပိုစိတ်ဝင်စားကြတယ်။ ဒါပေမဲ့ ဈေးကတော့ A37 က F1 တွေ F1 Plus တွေထက် ပိုသက်သာတဲ့အတွက် ဒါက ရွေးချယ်စရာ တစ်ခုလည်း ဖြစ်နေပါတယ်။ ပြီးတော့ လက်ဆောင် ပစ္စည်းတွေပါတဲ့အတွက် Present Box  ကိုလည်း User တွေက စိတ်ဝင်စားကြတယ်။ ကျွန်တော့်အမြင် ဆိုရင်တော့ ကင်မရာက ကောင်းပါတယ်။ ကင်မရာ ကြိုက်တယ်။ ဒါပေမဲ့ ဖောင့်တွေ သေးတယ်လို့ ခံစားရတယ်။ Setting ထဲမှာ Font Size ကိုကြီးလို့ ရပေမယ့် Setting နဲ့ Contacts တွေထဲမှာပဲ Fonts တွေကကြီးသွားပြီး App Icon တွေနဲ့ ကင်မရာတွေမှာတော့ Fonts တွေက နဂိုအတိုင်းပဲ။
OPPO ကနေ အသစ်ထပ်မံ တင်သွင်းထားတဲ့ ဖုန်းအမျိုးအစားဖြစ်ပြီး ဒီဖုန်းမှာတော့ Finger Print မပါဝင်ပါဘူး။ ဒီဖုန်းရဲ့ အားသာချက် တစ်ခုကတော့ ဂိမ်းကစားတဲ့အချိန်၊ အင်တာနက် အသုံးပြုတဲ့ အချိန်တွေမှာ ဖုန်းအပူချိန် မြင့်မားလာတာမျိုး မတွေ့ရပါဘူး။
ရှေ့ကင်မရာမှာ အသုံးပြုနိုင်တဲ့ စနစ်တွေကတော့ Time Lapse, Video, Photo, Beauty, Panorama ဆိုတဲ့စနစ်တွေကို အသုံးပြုနိုင်ပြီး Screen Flash စနစ်လည်း ပါဝင်ပါတယ်။
ရှေ့ကင်မရာကို အသုံးပြုပြီး ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ပုံမှန်အခြေအနေနဲ့ရိုက်ခြင်း၊ Touch စနစ်၊ အသံစနစ်၊ Plam လို့ခေါ်တဲ့ လက်ကိုထောင်ပြပြီး လက်ရဲ့လှုပ်ရှားမှု အမူအရာနဲ့ ဓာတ်ပုံရိုက်တဲ့ စနစ်တွေကို အသုံးပြုနိုင် ပါတယ်။ ဒါ့အပြင် ရှေ့ကင်မရာမှာ Various Filters, Gif, Double Exposure အစရှိတဲ့ စနစ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။
နောက်ဘက် ကင်မရာမှာလည်း ရှေ့ကင်မရာမှာလိုပဲ ပုံမှန်အခြေအနေနဲ့ ရိုက်ခြင်း၊ Touch စနစ်၊ အသံစနစ်၊ Plam လို့ခေါ်တဲ့ လက်ကိုထောင်ပြပြီး လက်ရဲ့လှုပ်ရှားမှု အမူအရာနဲ့ ဓာတ်ပုံရိုက်တဲ့ စနစ်တွေကို အသုံးပြုနိုင်ပါတယ်။
နောက်ဘက် ကင်မရာကို အသုံးပြုတဲ့ အခါမှာတော့ Ultra HD, Various Filters, Gif, Double Exposure စနစ်တွေအပြင် ဓာတ်ပုံကင်မရာတွေလိုမျိုး Manual စနစ်ရိုက်နိုင်မယ့် Expert Mode စနစ်လည်း ပါဝင်ပါတယ်။
Security Center စနစ်ထဲမှာတော့ ဖုန်းနဲ့ပတ်သက်တဲ့ Virus Scan စနစ်၊ Permission Monitor စနစ်၊ Check and update virus data-base စနစ် အစရှိတဲ့ စနစ်တွေ ပါဝင်ပါတယ်။
Setting ထဲမှာပါတဲ့ Camera စနစ်ထဲမှာတော့ ကင်မရာမှာ အသုံးပြုလိုတဲ့ စနစ်တွေကို ဖွင့်နိုင်၊ ပိတ်နိုင်ပါတယ်။
Setting ထဲမှာရှိတဲ့ Photo ဆိုတဲ့ စနစ်ထဲမှာတော့ ဓာတ်ပုံဖိုင်တွေက ဖြစ်ပေါ်လာတဲ့ မလိုအပ်တဲ့ Cache ဖိုင်တွေကို ရှင်းလင်းနိုင်တဲ့ Clear Cache စနစ်ပါဝင်ပါတယ်။
ကင်မရာရဲ့ Sensor အရွယ်အစားဟာ 1/3.2" ဖြစ်ပြီး အလင်းသိရှိမှု နှုန်းကတော့ 1.4 µm ဖြစ်တဲ့အပြင် ကင်မရာရဲ့ အလင်းသိရှိမှုနှုန်းကိုလည်း စိတ်ကြိုက်ချိန်ညှိ အသုံးပြုနိုင်ပါတယ်။
OPPO A37 SIM Slot


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...