မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, July 7

♪ ရုပ်ထွက်ကောင်းကောင်းနဲ့ မျက်နှာပြင်ကြီးကြီးဖုန်းကြိုက်သူတွေအတွက် Panasonic Eluga Note ဖုန်းထွက်ရှိ ♫


ဖုန်းဆိုရင် မျက်နှာပြင်ကအနည်းဆုံး ၅.၅ လက်မလောက်မှ သုံးတတ်ပြီး၊ ရုပ်ထွက်ကောင်းကောင်းလိုချင်သူ တွေအတွက် Panasonic ရဲ့ Eluga စီးရီးထဲက စမတ်ဖုန်းအသစ်ထွက်ရှိလာပါပြီ။

Panasonic Eluga Note လို့အမည်ပေးထားတဲ့စမတ်ဖုန်းဟာ မြန်မာငွေအားဖြင့် ၂ သိန်း ၃ သောင်းခန့် သာရှိပြီး၊ 4G LTE နဲ့ VoLTE တို့ သုံးစွဲနိုင်ပါတယ်။ VoLTE ဆိုတာ ဒီစနစ်ထောက်ပံ့မှုပေးထားတဲ့ မိုဘိုင်းလိုင်းတွေမှာ မိုဘိုင်းအင်တာနက်နဲ့ အရည်အသွေးမြင့်အသံခေါ်ဆိုမှုလုပ်နိုင်တဲ့ feature တစ်ခု ဖြစ်ပါတယ်။
ဖုန်းကိုယ်ထည်နောက်ကျောကို အစင်းကြောင်းပုံစံဖော်ထားပြီး၊ လူငယ်ပရိတ်သတ်တွေကို အဓိကဆွဲဆောင်ဖို့ ဖြစ်တယ်လို့ Panasonic ကုမ္ပဏီက ပြောကြားသွားခဲ့ပါတယ်။

Panasonic Eluga Note ဖုန်းမျက်နှာပြင်အကျယ်က ၅.၅ လက်မရှိပြီး၊ full-HD 430ppi (1080×1920 pixels) LTPS မျက်နှာပြင်ဖြစ်ပါတယ်။ 1.3GHz octa-core ပရိုဆက်ဆာအသုံးပြုထားပြီး၊ RAM 3GB နဲ့ ဖုန်းတွင်း storage 32 GB တို့ပါရှိပါတယ်။ မျက်နှာပြင်ကြီးသလို၊ စွမ်းဆောင်ရည်လည်းကောင်းတဲ့ဖုန်းဖြစ်တာကြောင့်၊ ရုပ်ရှင်ကြည့်၊ဂိမ်းဆော့ လုပ်လို့ကောင်းတဲ့ဖုန်းတစ်လုံးပါ။ microSD ကတ်လည်း ထပ်စိုက်နိုင်ပေမယ့်၊ 32GB အထိပဲ ထပ်စိုက်နိုင်တာကတော့ အားနည်းချက်လို့ ပြောလို့ရပါတယ်။

ဖုန်းကင်မရာပိုင်းအတွက်လည်း 16MP ကျောကင်မရာကိုအသုံးပြုပြီး၊ ထူးခြားချက်က LED ဖလက်ရှ်မီး သုံးလုံးပူးသုံးထားတာတွေ့ရပါတယ်။ အလင်းနည်းတဲ့အချိန်တွေမှာတောင် ပုံကောင်းကောင်း အသာအယာရိုက်နိုင်မယ့်ဖုန်းမျိုးပါ။ ရှေ့ကင်မရာကိုတော့ 5-megapixel ကင်မရာပဲသုံးထားပြီး၊ ဘက်ထရီက 3000mAh ဘက်ထရီဖြစ်ပါတယ်။

Eluga Note ဖုန်းဟာ SIM နှစ်ကတ်ထိုးဖုန်းဖြစ်ပြီး၊ 4G ကွန်ရက်သုံးစွဲနိုင်သလို၊ 3G HSPA+ ၊ Wi-Fi ၊ Bluetooth နဲ့ တခြားပုံမှန်ဖုန်းတွေလိုပဲ ကွန်ရက်ချိတ်ဆက်နိုင်မှုတွေ ပါဝင်ပါတယ်။ ဒီ့အပြင် ဖုန်းမှာ IR ဆန်ဆာလည်း ပါဝင်တာကြောင့်၊ မိမိအိမ်တွင်းက လေအေးပေးစက်၊ တီဗီစတာတွေကို ဖုန်းနဲ့တင် ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ Android စနစ်ကလည်း နောက်ဆုံးပေါ် Android 6.0 Marshmallow ဖြစ်ပါတယ်။

Panasonic Eluga Note ဖုန်းကို ရှန်ပိန်ရွှေရောင်နဲ့သာ ထုတ်လုပ်မှာဖြစ်ပြီး၊ အိန္ဒိယနိုင်ငံမှာပဲ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

img_98411

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...