မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, July 20

♪ Redmi Pro စမတ်ဖုန်းအသစ်ကိုလာမယ့် ဇူလိုင်လ ၂၇ရက်တွင်ထုတ်လုပ်မည်ဟု Xiaomi အတည်ပြု ♫


တရုတ်လူမှုကွန်ယက် Weibo မှာတင်ထားတဲ့ Post တစ်ခုအရ Xiaomi ဟာသူတို့ရဲ့ ပစ္စည်းသစ်ဖြစ်တဲ့ Redmi Pro စမတ်ဖုန်းအသစ်ကို လာမယ့် ၂၇ရက်နေ့မှာ ပြုလုပ်မယ့်ပွဲမှာ ထုတ်ဖော်ပြသမယ်လို့ သိရပါတယ်။ Xiaomi အနေနဲ့ Redmi Pro ဖုန်းကို ထုတ်လုပ်ဖို့အတွက် သတင်းတွေ ကြိုတင်ပြေးနေခဲ့တာဖြစ်ပြီး ယခုအချိန်မှ တရားဝင် ထွက်ရှိလာခဲ့တာပါ။


အခုလိုထွက်လာမယ့် Redmi Pro ဖုန်းဟာ Helio X20 MT6797M Chipset ကိုအသုံးပြုထားမှာဖြစ်ပြီး RAM အနေနဲ့ 3GB ရှိမယ့်မော်ဒယ်နဲ့ MediaTek Helio X25 MT6797T Chipset ပါဝင်တဲ့ 4 GB ရှိတဲ့ RAM ပါဝင်တဲ့ ဖုန်းဆိုပြီး နှစ်မျိုးထွက်ရှိမှာဖြစ်ပါတယ်။
Redmi Pro စမတ်ဖုန်းကို Android 6.0 Marshmallow ဗားရှင်းနဲ့ အလုပ်လုပ်မှာဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ထားတဲ့ သတင်းတွေအရ ဒီဖုန်းဟာ Huawei ရဲ့ P9 စမတ်ဖုန်းလိုမျိုးပဲ Dual Camera ပါဝင်လာမယ့် စမတ်ဖုန်းတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...