မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Friday, July 22

♪ အူရီဒူးမြန်မာမှ Samsung A9 Pro နှင့်အတူ 4GB အင်တာနက်အစီအစဉ်လက်ဆောင် ပေးအပ် ♫

Samsung A9-FB

အူရီဒူးမြန်မာအနေဖြင့် မြန်နှုန်းမြင့်အင်တာနက် 4G Plus ဝန်ဆောင်မှုများအား စတင်မိတ်ဆက်လိုက် သည်နှင့် သုံးစွဲသူများအတွက် 4G အသုံးပြုနိုင်မည့် အရည်အသွေးမြင့်ပစ္စည်းများအား ဖြန့်ဖြူးပေးနိုင်ရန် မိုဘိုင်း ဖုန်းမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခု Samsung နှင့် ပူးပေါင်း၍ 4G အသုံးပြုနိုင်မည့် Samsung A9 Pro အတွက် အရောင်းမြှင့်တင်ခြင်းအစီအစဉ် ဆောင်ရွက်သွားမည်ဖြစ် သည် ။

အူရီဒူးမြန်မာသည် ကမ္ဘာ့အဆင့်မီနောက်ဆုံးပေါ်နည်းပညာဖြစ်သည့် 4G ကွန်ရက်ကို မြန်မာနိုင်ငံတွင် ပထမဆုံး မိတ်ဆက်ပေးသည့် တယ်လီကွန်းအော်ပရေတာဖြစ်သည့်အပြင့် သုံးစွဲသူတိုင်းအတွက် အထူး သင့်လျော်မည့် 4G အသုံးပြုနိုင်မည်ဖြစ်ပြီး အရည်အသွေးကောင်းသည့် ပစ္စည်းအသီးသီးအား ကမ်း လှမ်းပေးနိုင်ရန် အမြဲဆောင်ရွက်လျက်ရှိပါသည်။ သုံးစွဲသူများစိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်ရန်အတွက် အရည် အသွေးမြင့် တန်ဖိုးကြီးပစ္စည်းများသာမက ဈေးနှုန်းချိုသာသည့်ပစ္စည်းများ၊ ကြည်လင်ပြတ်သားသည့် ကင်မရာ ပါရှိသော ဟန်းဆက်များ၊ မျက်နှာပြင်ကျယ်ဖုန်းများ အစရှိသဖြင့် 4G အသုံးပြုနိုင်မည့် ပစ္စည်းအမျိုးမျိုး အား ဈေးကွက်အတွင်းစုံလင်စွာ ရရှိနေနိုင်စေရန် မိုဘိုင်းဖုန်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

ယခုအခါ 4G အသုံးပြုနိုင်မည့် အရည်အသွေးမြင့် Samsung A9 Pro ကို ဈေးကွက်အတွင်း စတင်ဖြန့်ဖြူးပေးတော့မည်ဖြစ်ရာ ပရိုမိုးရှင်းအနေဖြင့် အူရီဒူးဆင်းကတ်နှင့်တကွ တစ်လလျှင် ၅၀၀၀ကျပ် သာ ငွေဖြည့်လိုက်တိုင်းတွင် အူရီဒူး 4G အင်တာနက် 1GB စီဖြင့် စုစုပေါင်း အခမဲ့   4GB အင်တာနက် အသုံးပြု ခွင့် အစီအစဉ်ကို ရရှိနိုင်မည်ဖြစ်သည် ။

Samsung A9 Pro သည် အရည်အသွေးကောင်းသည့် ကင်မရာပါရှိကာ သုံးစွဲသူများအထူးနှစ်ခြိုက်မည့် ပစ္စည်းကောင်းတစ်ခု ဖြစ်ပါသည်။ ၄င်းသည် ယခုဈေးကွက်ထဲတွင် ရရှိနိုင်သည့် အကောင်းဆုံးသော စမတ်ဖုန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မျက်နှာပြင်အရွယ်အစား ၆ လက်မပါရှိ၍ ဂိမ်းကစားသူများ၊ HD ဗီဒီရိုကြည့်ရှုလိုသည့် သုံးစွဲသူများအတွက် အထူးသင့်လျော်မည်ဖြစ်သည်။ အဖြူရောင်၊ အ နက်ရောင်နှင့် ရွှေရောင် စသဖြင့် အရောင်သုံးမျိုးဖြင့် ရရှိနိုင်မည်ဖြစ်သည်။ LED Flash နှင့်အတူ ၁၆ megapixel ရှိသည့် နောက်ကင်မရာပါရှိသောကြောင့် သုံးစွဲသူများအတွက် ကြည်လင်ပြတ်သားပြီး လှပသည့်ဓာတ်ပုံ များ ပေးစွမ်းနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအတွက် Samsung A9 Pro အား ၅၅၅,၀၀၀ ကျပ်ဖြင့် စတင် မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။

အူရီဒူးမြန်မာ၏ 4G နည်းပညာအား အဆိုပါ အရည်အသွေးမြင့်စမတ်ဖုန်းဖြင့် ကိုယ်တိုင်ကိုယ်ကျ အသုံးပြုနိုင်မည်ဖြစ်ရာ သုံးစွဲသူများအနေဖြင့် အဆင့်အမြင့်ဆုံးနည်းပညာ၏ အကျိုးကျေးဇူးများကို ကိုယ်တိုင် ကိုယ်ကျ တွေ့ကြုံခံစားနိုင်မည် ဖြစ်သည်။ Samsung A9 Pro တွင် RAM 4GB ပါရှိသဖြင့် 4G နည်းပညာ၏ အမြန်ဆန်ဆုံးသောနှုန်းကို  ရယူစေနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် အမြန်ဆန်ဆုံးသောအင်တာနက်ဖြင့် website သို့ ဝင်ရောက်ကြည့်ရှုခြင်း၊ e-mail များပေးပို့ခြင်းနှင့် လက်ခံခြင်း၊ Facebook, Viber အစရှိသည့် social media များပေါ်သို့ ဗွီဒီယိုများ၊ ဓာတ်ပုံများတင်ခြင်း၊ download ဆွဲခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။

အူရီဒူးမြန်မာ၏ Marketing and Communication Director ဖြစ်သည့် ဒေါ်ပွင့်ဦးဆွေ က “ 4G နည်းပညာဆိုတာက လက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးဆက်သွယ်ရေး နည်းပညာ ဖြစ်ပါ တယ်။ ၄င်းက သုံးစွဲသူတွေအတွက် အမြန်ဆန်ဆုံးသော အင်တာနက်ကို ယူဆောင်လာပေးမှာဖြစ်ပြီး  အကောင်း ဆုံးသော နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားစေနိုင်မှာပဲဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ မိုဘိုင်းပစ္စည်းအမျိုးမျိုး၊ အရောင်းမြှင့်တင်ခြင်းနဲ့ အခမဲ့အင်တာနက်လက်ဆောင်တွေ၊ အကောင်းမွန် ဆုံးသောဝန်ဆောင်မှုတွေကို အူရီဒူး သုံးစွဲသူတွေအတွက် ကမ်းလှမ်းပေးအပ်ချင်ပါတယ်။ အူရီဒူးသုံးစွဲသူတွေ သင့်တင့်လျောက်ပတ်တဲ့ဈေးနှုန်းနဲ့ အဆင့်မြင့်နည်းပညာနဲ့ ပစ္စည်းကောင်းတွေကို အသုံးပြုနေနိုင်မယ်၊ စိတ်ကျေနပ်မှုရရှိနေနိုင်မယ်ဆို ကျွန်မတို့ ကြိုးစားဆောင်ရွက်ရကြိုးနပ်ပါပြီ  “ ဟုပြောကြားခဲ့သည်။

Samsung A9 Pro ကို ဇူလိုင်လ ၂၂ ရက်တွင် ၅၅၅,၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်းရရှိနိုင်မည်ဖြစ်သည်။ အူရီဒူးမြန်မာမှ ကမ်းလှမ်းထားသည့် ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို သိရှိလိုပါက www.ooredoo.com.mm တွင်လည်းကောင်း၊ အူရီဒူးမြန်မာ၏ တရားဝင် Facebook တွင် လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင် မည်ဖြစ်သည်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...