မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Tuesday, July 12

♪ မျက်နှာပြင်အကျယ် ၇လက်မအရွယ် Samsung Galaxy J Max ထွက်ရှိလာ ♫


Samsung ဟာ မျက်နှာပြင်အကြီးစာ Phablet ဖုန်းအမျိုးအစားဖြစ်တဲ့ Galaxy J စီးရီး J Max ဖုန်းကို ထုတ်လုပ်လိုက်ပါတယ်။ Samsung အနေနဲ့ ဒီဖုန်းကို ထုတ်လုပ်ဖို့အတွက် ယခင်လကတည်းက သတင်းတွေ ထွက်ရှိနေတာဖြစ်ပြီး ကောလဟာလသတင်းတွေအတိုင်း quad-core 1.5GHz Processor ကို အသုံးပြုထားခဲ့ပါတယ်။

Internal RAM အနေနဲ့ 1.5GB ပါရှိပြီး 16GB Internal Storage နဲ့ ထပ်မံချဲ့ထွင်နိုင်တဲ့ SD Card Slot တွေလည်း ပါဝင်လာခဲ့ပါတယ်။ ဖုန်းအနေနဲ့ ဘက်ထရီပိုင်းကို အတော်ကောင်းမွန်အောင်ပြုလုပ်ထားပြီး 4,000 mAh အထိပါဝင်ပါတယ်။ Samsung Galaxy J Max ဟာ ကင်မရာပိုင်းမှာဆို 8 MP ကျောဘက်ကင်မရာနဲ့ 2 MP ရှေ့မျက်နှာကင်မရာတို့ ပါဝင်လာခဲ့ပါတယ်။ Android 5.1 Lollipop ဗားရှင်းနဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။

samsung-galaxy-jmax2

ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ ရောင်းချမှာဖြစ်ပြီး မျက်နှာပြင်ကြီးကြီးနဲ့ ဂိမ်းဆော့ချင်တဲ့သူတွေ၊ လူမှုကွန်ယက်မီဒီယာသုံးချင်တဲ့ သူတွေအတွက် ကောင်းမွန်တဲ့ ဖုန်းတစ်မျိုးပဲဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...