Sony က သူ့ရဲ့ စမတ်ဖုန်းများ နာမည် မကြီးတဲ့ အမေရိကန်လို နိုင်ငံများမှာ ဈေးကွက်ချဲ့ထွင်ခြင်းဖြင့် စမတ်ဖုန်း ဈေးကွက် နည်းဗျူဟာ အသစ်ကို ချဉ်းကပ်နေပါတယ်။ Sony က Xperia X Series စမတ်ဖုန်းများကို ဇွန်လက ရောင်းချပေးခဲ့ပါတယ်။ အခုတစ်ခါလည်း Xperia X Performance Model အသစ်တစ်ခုကို တည်ဆောက်နေတယ်လို့ GFX Bench ၀က်ဆိုက်မှ သတင်းအချက်အလက်အရ သိရပါတယ်။

မော်ဒယ် အသစ်မှာ Snapdragon 820 CPU , 3GB RAM , 5.1 “ Display , Android 6.0.1 Marshmallow တို့ တပ်ဆင်ထားပါတယ်။ 21MP Rear Camera, 12MP Front Camera တို့ ပါရှိပါတယ်။ မျက်နှာပြင်ဟာ မူလ Xperia X Performance ထက် ၀.၁ လက်မ ပိုမို ကြီးမားလာပါတယ်။ Sony က Xperia X Performance Model အသစ်အကြောင်းကို တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။