မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, July 11

Xiaomi Mi 5 ဖုန်းကို TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်း by CHAN LAY (MCMM)



မိတ်ဆက်

======
Xiaomi Mi 5 ဖုန်းကို TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်းကို
ဖုန်းကလစ်သူများနဲ့ ဆိုင်သမားများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ Bootloader Unlock ပြုလုပ်ပါမယ်
ပြီးတော့မှ Custom Recovery ထည့်သွင်းရပါမည်၊ နောက်ဆုံး Supersu ဖြင့်
Recovery Mode မှ Flash ပေးပြီး Root Access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။
ဖုန်းကို Bootloader Unlock ပြုလုပ်မယ်ဆိုရင်တော့ MiFlash Tool ကို
အသုံးပြုပြီး Official ကျကျ အလွယ်တကူ ပြုလုပ်ယူနည်းကို လေ့လာကြည့်ပါ

Custom Recovery ကတော့ ဒီဖုန်းအတွက် TWRP 3.0.2.0 Recovery ထွက်
ရှိထားပြီးပါပြီ၊ ဒါက Official TWRP Recovery ဖိုင်လည်း ဖြစ်ပါတယ်။

 မှတ်ချက်

=====
#ဖေါ်ပြပါ နည်းလမ်းသည် Xiaomi Mi 5 အတွက် သာသီးသန့်ဖြစ်ပြီး
တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။



Root လုပ်ခြင်း၏ ကောင်းကျိုးအချို့

===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


လိုအပ်ချက်များ

=========
၁။ ADB and fastboot နဲ့ driver ကို ကွန်ပျူတာတွင်
Install ပြုလုပ်ထားရပါမည်။

၂။ မိမိဖုန်းကို Bootloader Unlock ပြုလုပ်ထားရပါမည်။

၃။ TWRP Recovery for Xiaomi Mi 5

၎။  SuperSu for Xiaomi Mi 5



Minimal ADB and Fastboot Tool


Download Here ADB & Fastboot Zip


အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း


Download Xiaomi Mi5 TWRP Recovery


Download SuperSU zip for Xiaomi Mi5



Xiaomi Mi 5 ဖုန်း Root လုပ်နည်း

====================
၁။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ
အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီး Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ
ပေါ်လာတဲ့ Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

၂။ TWRP Recovery File ကိုဒေါင်းလော့ရယူလိုက်ပြီး ‘recovery.img’ ဆိုပြီး
နာမည်ပြောင်း ADB & Fastboot Folder မှာထည့်ထားပါ။

၃။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ။

၎။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။




၅။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
 ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

adb reboot bootloader

သို့တည်းမဟုတ် ဖုန်းကို ပါဝါပိတ်ပြီး “Power + Volume Down" ကီးများကို
တစ်ပြိုက်နက်တည်း တွဲနှိပ်ပြီးလည်း ၀င်ယူနိုင်ပါတယ်။

၆။ ဖုန်းမှာ Fastboot mode သို့ရောက်သွားတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု
အဆင်ပြေ မပြေ အောက်ပါ Command ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။

fastboot devices



၇။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

fastboot flash recovery recovery.img



၈။ Process တစ်ခု အောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါ ဖုန်းကို
Recovery Mode သို့ ဝင်ကြည့်လိုက်ပါ၊ ဒီအတွက် အောက်ပါ
comannd ကို ရိုက်ထည့်ပြီး ၀င်ကြည့်လိုက်ပါ။

fastboot boot recovery.img




သို့တည်းမဟုတ် Hard ware Button များကို အသုံးပြုပြီး ပုံမှန်အတိုင်း
“volume up + power button” များကို တွဲနှိပ်ပြီးတော့လည်း ၀င်နိုင်ပါတယ်။

၉။သင့်ဖုန်းမှာ TWRP Recovery ဖြင့်မြင်နေရရင်တော့
ဖုန်းကို Custom Recovery ထည့်သွင်းခြင်းအောင်မြင်ပါပြီ။

၁၀။ Recovery Mode တွင် အော်က်ပုံအတိုင်း preferred Language ကို
ရွေးချယ်ပေးပြီး “Never show this screen on boot again” နေရာကို
အမှန်ခြစ်ပေးပြီး Swipe to allow modification ဆိုပြီး ဆွဲလိုက်ပါ။




၁၁။ “Wipe” section သို့သွားလိုက်ပြီး “Format Data” ကို ရှင်းထုတ်ပေးလိုက်ပါ။

၁၂။ ဒီတစ်ခါ ‘SuperSu.zip’ ဖိုင်ကို Flash ပေးလိုက်ပါ။

၁၃။ Flashing Process အောင်မြင်ပြီးတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ။
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ။

Special Credit to ===> ဇူးနစ်(နည်းပညာ)

( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...