မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Sunday, August 14

♪ “Facebook က အိုလံပစ်အတွက် Photo Filters များစွာကို ဖြန့်ချိ” ♫


အိုလံပစ်ပွဲအတွက် နည်းပညာကုမ္ပဏီတွေဟာပရိုမိုးရှင်းများ ပြုလုပ်နေကြ ပါတယ်။ Google နဲ့ Twitter တို့ကလည်း ပြုလုပ်ခဲ့ကြပြီး ဒီတစ်ခါတော့ Facebook ရဲ့ အလှည့်ဖြစ်ပါတယ်။ Facebook မှ သင့်ရဲ့ ဓါတ်ပုံများမှာ သင်အားပေးတဲ့ နိုင်ငံ အသင်းအလံများဖြင့် အလှဆင်ထားတဲ့ Photo Frames များကိုအသုံးပြုနိုင်ပါပြီ။

ဒီလို Photo Frames များကိုအသုံးပြုခြင်း ဖြင့် တစ်ယောက်အားပေးတဲ့ အသင်းကိုသူငယ်ချင်းများက သိရှိနိုင်မှာ ဖြစ်ပါတယ်။ Facebook က MSQRD App ကိုလည်း ၀ယ်ယူထားပါတယ်။ အဲဒီ App ဟာမျက်နှာများကိုလဲလှယ်ပေးနိုင်တဲ့အပြင် မျက်နှာများကိုဆေးရောင်စုံများ ခြယ်သပေး နိုင်တဲ့ App ဖြစ် ပါတယ်။ အခုတော့ Facebook က အဲဒီ App မှာအိုလံပစ် အသင်းများရဲ့ ဆေးရောင်စုံ အလံများကိုမျက်နှာမှာ ခြယ်သပေးတဲ့ စွမ်းဆောင်ချက်ကိုထည့်သွင်းပေးလိုက်ပါတယ်။

MSQRD ကို Android နဲ့ iOS တို့အတွက် သက်ဆိုင်ရာ Google Play Store မှာအခမဲ့ ရယူနိုင်ပါတယ်။ MSQRD နဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံများကို Facebook မှာ မျှဝေနိုင်ပါတယ်။ အဲဒီ App ကနေ Live Video များလည်းဖန်တီးနိုင်ပြီးလူမှုကွန်ရက်များမှာ မျှဝေ နိုင်ပါသေးတယ်။ သြဂုတ် ၅ ရက်နေ့မှ စတင်ကာ Users များရဲ့ News Feed မှာအားကစားပြိုင်ပွဲများနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသလားဆိုတာကို Facebook က မေးမြန်းမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားသူများအတွက် အိုလံပစ် အားကစားပြိုင်ပွဲများနဲ့ပတ်သက်တဲ့ သတင်းများ၊ ဗီဒီယိုများ၊ ဆွေးနွေးခန်း များကိုပြသပေးမှာ ဖြစ်ပါတယ်။ Facebook က အိုလံပစ် ပြိုင်ပွဲပြီးဆုံးတဲ့ သြဂုတ်လ ၂၁ ရက်နေ့မှာကျင်းပမယ့် ပိတ်ပွဲအခမ်းအနားများကိုလည်း ပြသပေးမှာ ဖြစ်ပါတယ်။ Facebook မှာအိုလံပစ် အားကစားပြိုင်ပွဲများနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူများအတွက်တော့ အခု ၀န်ဆောင်မှုဟာ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...