မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, August 15

♪ လာမယ့်လအနည်းငယ်အတွင်း Galaxy Note 7 မှာ Android ဗားရှင်းအသစ် Nougat ကိုအသုံးပြုဖွယ်ရှိနေ ♫


ကိုရီးယားကနေထွက်ပေါ်လာတဲ့ သတင်းတစ်ရပ်အရ Samsung Electronic ရဲ့ မိုဘိုင်းလ်ဆက်သွယ်ရေး ဆိုင်ရာ ဥက္ကဌဖြစ်သူ Koh Dong Jin ဟာ လတ်တလောထွက်ရှိထားတဲ့ Samsung alaxy Note 7 ဖုန်းကို လာမယ့် ၂လ ၃လအတွင်းမှာ Android ရဲ့ နောက်ဆုံးထွက် ဗားရှင်းဖြစ်တဲ့ Android 7.0 Nougat နဲ့ ရရှိနိုင်အောင်ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။

ဒါပေမယ့် ဒီလို Update ပြုလုပ်မှုဟာ လာမယ့် နှစ်ကုန်ပိုင်းလောက်ထိတော့ ရရှိနိုင်ဖွယ်မရှိသေးကြောင်း မီဒီယာတွေက ဖော်ပြနေခဲ့ကြပါတယ်။ အခုလောလောဆယ်ထွက်ရှိထားတဲ့ Note 7 ဖုန်းကိုတော့ Android 6.0 Marshmallow ဗားရှင်းနဲ့ ထုတ်လုပ်ထားခဲ့တာပါ။

Nougat ဟာ လတ်တလောမှာ Beta အနေနဲ့သာ ထွက်ရှိထားတဲ့ Android ရဲ့ နောက်ဆုံးထွက် ဗားရှင်းဖြစ်ပြီး အသုံးပြုတဲ့ စမတ်ဖုန်းတွေလည်း လတ်တလောမှာမရှိသေးတာပါ။ အဲ့ဒီအပြင် အခုလိုမျိုး Update ပြုလုပ်မှုကို အဓိကစမတ်ဖုန်းဖြစ်တဲ့ Galaxy S7 စမတ်ဖုန်းမှာရော ပြုလုပ်မယ်။ မလုပ်သေးဘူး ဆိုတာ သဲသဲကွဲကွဲ သိရှိရခြင်း မရှိသေးပါဘူး။


Credit to ==> Digital Time
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...