မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Tuesday, August 16

♪ Galaxy S7 Edge အတိုင်း ဘေးမျက်နှာပြင်နှစ်ဖက်ကွေးဒီဇိုင်းနဲ့ ထွက်ရှိလာဖွယ်ရှိတဲ့ Xiaomi Mi Note 2 ♫


Xiaomi ဟာ Mi Note ရဲ့ နောက်မျိုးဆက်သစ်စမတ်ဖုန်းဖြစ်တဲ့ Mi Note 2 ကို စက်တင်ဘာလ ၅ ရက်နေ့မှာ မိတ်ဆက်သွားဖို့ ရှိပြီး၊ ဖုန်းရဲ့ မျက်နှာပြင်ဘေးနှစ်ဖက်စလုံးဟာ အကွေးဒီဇိုင်းနဲ့ ထွက်ရှိလာဖို့ရှိနေပါတယ်။

နောက်ဆုံးပေါက်ကြားလာတဲ့ဓာတ်ပုံတစ်ခုမှာ Xiaomi Mi Note ဖုန်းရဲ့ မျက်နှာပြင်လို့ ယူဆရတဲ့ မျက်နှာပြင်ဘောင်တစ်ခုကို တွေ့မြင်ရပြီး၊ Galaxy S7 Edge အတိုင်း မျက်နှာပြင်ဘေးနှစ်ဖက် က ကွေးနေတာကို တွေ့ရှိခဲ့ရပါတယ်။

Xiaomi-Mi-Note-2

ဒီ့အပြင် S7 Edge အတိုင်း ဟုမ်းခလုတ်နေရာတစ်ခုကိုလည်း အဆိုပါဓာတ်ပုံမှာတွေ့မြင်ရပြီး၊ Mi Note 2 မှာ လက်ဗွေရာဆန်ဆာနဲ့ ဟုမ်းခလုတ်ကို တွေ့မြင်ရဖို့ရှိနေပါတယ်။

အစောပိုင်းပေါက်ကြားထားတဲ့ ဖုန်းအသေးစိတ်အချက်အလက်တွေအရ၊ Mi Note 2 ဖုန်းဟာ 4GB RAM မော်ဒယ်နဲ့ 6GB RAM မော်ဒယ်နှစ်မျိုး၊ အားလုံးပေါင်း မော်ဒယ်သုံးမျိုးထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ၅.၇ လက်မအကျယ်ရှိ Super AMOLED မျက်နှာပြင်နဲ့ ဖြစ်ပြီး၊ 4GB RAM အလုံးက full-HD resolution နဲ့ဖြစ်ကာ၊ 6GB အလုံးတွေမှာတော့ QHD resoultion အထိ ပါဝင်ဖွယ်ရှိပါတယ်။

 နောက်ဆုံးထွက် Snapdragon 821 SoC ကို မော်ဒယ်သုံးမျိုးလုံးမှာ အသုံးပြုထားမှာဖြစ်ပြီး၊ ဘက်ထရီကတော့ 3600mAh ဘက်ထရီဖြစ်တယ်လို့ ဆိုပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...