မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, August 17

♪ Google ရဲ့အလွန်ရိုးရှင်းလွယ်ကူသော ဗီဒီယိုချက်တင်App Duo ထွက်ရှိလာ ♫


ပြီးခဲ့တဲ့ မေလတုန်းက Google ရဲ့ I/O ကွန်ဖရင့်စ်မှာ Google ဟာ Communication App အသစ်တစ်စုံကို မိတ်ဆက်သွားခဲ့ပါတယ်။ အဲ့ဒါတွေကတော့ Allo နဲ့ Duo လို့အမည်ရတဲ့ App တွေပဲဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကို ကျွန်တော်တို့ဆိုက်မှာ သတင်းတစ်ပုဒ်ရေးပြီး ဖော်ပြခဲ့ဖူးပါတယ်။  Allo ဟာ စာရိုက်ဆက်သွယ်တဲ့ စနစ်ကိုအခြေခံပြီး Duo ကတော့ ဗီဒီယို Call ခေါ်ဆိုတာတွေ လုပ်ပြီး ဆက်သွယ်နိုင်တဲ့ App ဖြစ်ပါတယ်။

ဒီနှစ်ခုထဲမှာ Allo ဟာ ပိုမိုစိတ်ဝင်စားဖို့ ကောင်းပြီး  AI စနစ်ဖြစ်တဲ့ Google Assistant Bot စနစ်ပါဝင်တဲ့ App ဖြစ်ပြီး Duo ကတော့ ရိုးရှင်းလွယ်ကူတဲ့ ဗီဒီယိုချက်တင် App ဖြစ်ပါတယ်။ ယခုတော့ Duo App ကို iPhone နဲ့ Android ဖုန်းနှစ်မျိုးလုံးမှာ ရရှိနိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Duo ဟာ အစကနေအဆုံးအထိ ရိုးရိုးရှင်းရှင်းပဲ အလုပ်လုပ်သွားမှာဖြစ်ပါတယ်။ အရင်ဆုံးအစမှာ သင့်အနေနဲ့ သင့်ဖုန်းနံပါတ်နဲ့ Register လုပ်ရမှာဖြစ်ပြီး သင့်ဖုန်း Contact ထဲက လူတွေကို ဆက်သွယ်ဖို့အတွက် ခေါ်ဆိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ တခြားဘာအကောင့်မှမလိုပဲ သင့်အနေနဲ့ Sign Up လုပ်ဖို့အတွက် အဆင့်အနည်းငယ်သာ လုပ်ဆောင်ရမှာပါ။


Google ဘလော့ဂ်မှာ ဖော်ပြထားချက်အရ ဒီ App အနေနဲ့ သင့်မှာ အလွန်နှေးကွေးတဲ့ အင်တာနက်လိုင်းသာ ရှိမယ်ဆိုရင်တောင် အလွန်လျှင်မြန်စွာချိတ်ဆက်ပြီး အလုပ်လုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အင်တာနက်ကွန်နက်ရှင်ပေါ်မူတည်ပြီး ခေါ်ဆိုတဲ့ အရည်အသွေးကို ချိန်ညှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Duo ဟာ Resolution လျှော့ချလိုက်ပေမယ့်လည်း အလွန်ချောမွေ့စွာနဲ့ ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။

ဒီ App ကိုထုတ်လုပ်လိုက်ပြီလို့ Google ကကြေငြာခဲ့ပေမယ့် တကယ်တမ်း ထွက်ရှိလာခြင်း မရှိသေးပါဘူး။ ကျွန်တော်ဝင်ကြည့်လိုက်တော့ Duo ရော၊ Allo ရောနှစ်ခုလုံးကို Coming Soon လို့သာဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ထွက်လာမယ့်အချိန်ကို စောင့်မျှော်ရင်း မြန်မာနိုင်ငံ အတွက်ရော အဆင်ပြေနိုင်မပြေနိုင်ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...