မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, August 17

♪ HTC Desire ဖုန်းသစ်တွေကို လာမယ့် စက်တင်ဘာ နှောင်းပိုင်းမှာ ထုတ်လုပ်မည် ♫


HTC ဟာ သူတို့ရဲ့ အဓိကစမတ်ဖုန်းအမျိုးအစားသစ်ဖြစ်တဲ့ Desire စမတ်ဖုန်းစုံတွဲကို လာမယ့် သုံးလပတ်နှောင်းပိုင်း (စက်တင်ဘာလနှောင်းပိုင်း) လောက်မှာ ထုတ်လုပ်နိုင်ဖို့အတွက် အားစိုက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

စမတ်ဖုန်းသစ်တွေကို Desire 10 Pro နဲ့ Desire 10 Lifestyle ဆိုပြီး Brand Name ပေးထားမှာဖြစ်ပါတယ်။ ဒီသတင်းကို ကုမ္ပဏီရဲ့ အတွင်းပိုင်းကနေပေါက်ကြားလာခဲ့တာ ဖြစ်ပြီး Venture Beat ကပြန်လည် ဖော်ပြခဲ့တာပါ။

Desire 10 Lifestyle ဟာ မျက်နှာပြင်အကျယ် ၅.၅လက်မရှိမှာဖြစ်ပြီး ကာလာအရောင် မျိုးကွဲများစွာနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ တစ်ခုချင်းစီရဲ့ ဘောင်ကွေးနေတွနဲ့ ကင်မရာမှန်ဘီလူးတွေ၊ Flash နဲ့ Antenna တွေမှာ အထူးသတ္တုဘောင်တွေကို တပ်ဆင်ထားတဲ့ဒီဇိုင်းသစ်တစ်မျိုးနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
htc-desires-2
ဖုန်းရဲ့ အချက်အလက်တွေအနေနဲ့ Android 6.0 Marshmallow ဗားရှင်းနဲ့အလုပ်လုပ်မှာ ဖြစ်ပြီး UI ကတော့ HTC ရဲ့ Sense ဖြစ်ပါတယ်။ Lifestyle ဖုန်းကို Lower ဗားရှင်းအနေနဲ့ ထုတ်လုပ်မှာ ဖြစ်ပြီး quad-core Qualcomm Snapdragon processor နဲ့ အလုပ်လုပ်မှာ ဖြစ်ပြီး Resolution ကတော့ 720p ရှိမှာပါ။ ကျောဘက်ကင်မရာ 13MP နဲ့ ရှေ့မျက်နှာ ကင်မရာ 5MP ရှိမှာဖြစ်ပါတယ်။ 1080p ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာလည်း ဖြစ်ပါတယ်။

ဒီဖုန်းတွေကို လာမယ့် စက်တင်ဘာလကုန်ပိုင်းလောက်မှာ ထုတ်ဖော်ဖို့အတွက် ရည်ရွယ်ထားပြီး ဈေးနှုန်းအတိအကျကိုတော့ သတ်မှတ်ရခြင်း မရှိသေးဘူးလို့ သိရပါတယ်။

htc-desire-530-1

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...