မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, August 15

♪ " Huawei မှ Honor Note 8 အား တရားဝင်ကြေညာ " ♫


Honor Note 8 အား ယခင်သတ်မှတ်သည့်အတိုင်း တရုတ်တွင် တရားဝင်ကြေညာသွားခဲ့ပြီး Huawei ၏ အဆင့်မြင့် phablet တစ်ခုဖြစ်လာခဲ့သည်။ ၆.၆ လက်မအရွယ်ရှိ display သည် 1440 x 2560 pixel resolution ရှိကာ 443 ppi density ရှိခဲ့ပြီး ကြည်လင်ပြတ်သားမှုရှိရန် အာမခံနိုင်ခဲ့သည်။

Huawei သည် အများအားလုံး ၎င်း၏ကိုယ်ပိုင် chipset ကို သုံးစွဲလေ့ရှိပြီး Note အတွက်လည်း Kirin 955 chipset အား သုံးစွဲထားသည်။ Kirin 955 သည် octa-core CPU ဖြစ်ကာ octa-core CPU ၄ ခုနှင့် Cortex A53 core ၄ ခု ပူးပေါင်းပါဝင်ကာ Mali -T880 MP4 GPU ကို သုံးစွဲထားသည်။ RAM 4 GB ပါဝင်သည်။ RAM 3 GB အမျိုးအစားကိုမူ မြင်ရရန်ရှိသည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်နေ သည်။ Storage အနေဖြင့် 32/64/128 GB 3 မျိုး ရွေးချယ်ခွင့်ရမည်ဖြစ်သည်။

အဓိကကင်မရာသည် 13 MP ဖြစ်ပြီး optical image stabilication ပါဝင်ကာ 1080 p Full HD ဗီဒီယိုရိုက်ကူးနိုင်သည်။ ရှေ့ဘက်တွင်မူ 8 MP ကင်မရာပါဝင်သည်။ Hornor Note 8 တွင် hybrid dual- SIM slot ပါဝင်ပြီး SIM ကတ်တစ်ကတ်သာ 4G/ 3 G net-work နှင့် ချိတ်ဆက်နိုင်မည်ဖြစ်သည်။

dual : band WiFi , Bluetooth 4.2 စသည်တို့ပါဝင်ကာ 4500 mAh ဘက်ထရီအား သုံးစွဲပေးထားသည်။ 178.8 x 90.9 x 7.18 mm အရွယ်အစားရှိကာ 219 g လေးသည်။ Android 6.0 Marshmallow အား သုံးစွဲထားသည်။ တရုတ်တွင် သြဂုတ် ၉ ရက်နေ့မှ စတင်ရောင်းချမည်ဟု သိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...