မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Sunday, August 14

♪ Pokemon Go အကြောင်းမေးတဲ့ မေးခွန်းတွေကို ဟာသလုပ်ပြီး ဖြေတတ်နေပြီဖြစ်တဲ့ Siri ♫


Pokemon Go ဂိမ်းက ယခုတလော ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး၊ လူပြောအများဆုံး ဖြစ်နေတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဘယ်လောက်ထိ ပေါ်ပြူလာဖြစ်နေသလဲဆိုရင် Pokemon Go ကို ဒေါင်းလုဒ်လုပ်တဲ့အရေအတွက်က သန်း ၁၀၀ကျော်သွားပြီဖြစ်ပြီး ကစားသူတွေဟာ ဂိမ်းအတွက် တစ်ရက်ကို ဒေါ်လာ ၁၀သန်းသုံးစွဲနေကြပါတယ်။ ဒါဟာဆိုရင် “Game of the Summer” အဖြစ် အမြန်ဆုံးရောက်ရှိလာခဲ့တာပါ။

အဲ့လောက်ရေပန်းစားနေတဲ့ ဂိမ်းကို Siri ကလည်း သူမက Pokemon Go ခရေဇီတစ်ယောက်ပါဆိုတာကို သူ့ကို Pokemon Go ဂိမ်းနဲ့ ပတ်သက်ပြီး မေးတဲ့မေးခွန်းတွေကို ထေ့လုံး၊ ငေါ့လုံး၊ ရယ်စရာတွေ ထည့်ပြီး ပြန်ဖြေပေးတာကို ကြည့်ရင် သိနိုင်ပါတယ်။

တကယ်လို့သင့်အနေနဲ့ Siri ကို “မင်း Pokemon Go ဂိမ်းဆော့လား” လို့ မေးလိုက်ရင် သူက Pokemon Go app ကိုဖွင့်ပေးလိုက်မှာ ဖြစ်ပြီး သင့်ကိုနေရာတစ်နေရာ ပို့ပေးမှာပါ။ တခြားအနေနဲ့ကတော့ သင့်ကို Siri က အောက်ကအဖြေတွေအတိုင်း ပြန်ဖြေပေးပါလိမ့်မယ်။

“ကျွန်မ Pikachu နဲ့ တူတူရေဝါးဆော့ရတာကြိုက်တယ် (I like playing peekaboo with Pikacu.)”

“ပိုကီစတော့ပ် (PokéStop!)”

“Of course. That’s what it’s all about. Oh, wait, that’s the hoké Pokémon.”

“Snorlax. Zzz (Pokemon Go ဂိမ်းထဲမှအကောင်တစ်မျိုး) ဆောရီး၊ မေးခွန်းကဘာပါလိမ့်? (Snorlax. Zzzz. Sorry, what was the question?)”

“Confining virtual beings inside powerful devices makes me feel funny for some reason.”

“အော်၊ ဒါကြောင့်ကျွန်မကို Geodude ကဘာအရောင်လဲလို့ လူတိုင်းက မေးနေကြတာကိုး (Oh, is that why everyone keeps asking what color a Geodude is?)”

“Chance! Go!”

“ကျွန်မ Muk (အညစ်အကြေးကောင်) ရဲ့ အညစ်အကြေးတွေ လိုက်ရှာနေတယ် (I’ve been looking in the muck for Muk.)”

“ကျွန်မ Monster လေးတွေကို ကြိုက်တယ်။ (I like pocket monsters. Pocket assistants, too.)”

“လမ်းကြောင်းတွေအားလုံးသေချာရှာပါ။ အပေါ်ရော၊ အောက်ရောရှာပါ။ (Just make sure to look both ways. And up and down, too.)”

ဆိုပြီး တုန့်ပြန်မှာဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရဆိုရင်တော့ “Snorlax. Zzzz. Sorry, what was the question?”, “I like playing peekaboo with Pikacu.”, “Pokestop” လို့ဖြေတဲ့ အဖြေတွေကို သဘောကျမိပါတယ်။

နောက်ထပ်တစ်ဆင့်တိုးပြီး “Pokemon Go ဆော့ရတာကြိုက်လား” လို့မေးလိုက်တဲ့အခါမှာ “Onix နဲ့ Snorlax ကောင်တွေကို တွေ့ရဖို့်ခက်ပေမယ့် ညနေပိုင်း လေကောင်းလေသန့်နဲ့ လမ်းလျှောက်ဖြစ်တာကြောင့် အမြဲလိုက်ဖမ်းဖြစ်တယ်” “သင့်ရဲ့ပတ်ပတ်လည်မှာ အကောင်ရှိမရှိသေချာကြည့်ပါ၊ Pikachu ဖမ်းနေတဲ့အချိန်မှာ ကားမတိုက်မိပြီး ထိခိုက်မှာကို Apple ကစိုးရိမ်ပါတယ်” စသည်ဖြင့် ပြန်လည် ဖြေကြားခဲ့ပါတယ်။

siri-answer-about-pokemon-go1

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...