မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Friday, August 5

♪ Prisma ပုံစံအတိုင်း ဗီဒီယိုရိုက်နိုင်တဲ့ အမိုက်စား app တစ်ခု ထွက်ပေါ်လာ ♫


Prisma လိုမျိုး ဗီဒီယိုတွေရိုက်လို့ရတဲ့ app တစ်ခုလောက်ရှိရင် ကောင်းမှာပဲလို့ တောင်းဆိုနေ သူတွေအတွက် တကယ့်အမိုက်စား app အသစ်တစ်ခုထွက်ပေါ်လာပါပြီ။

Artisto လို့ ခေါ်တဲ့ ယခု အက်ပလီကေးရှင်ဟာ ဗီဒီယိုတွေမှာလဲ Prisma လိုမျိုး အနုပညာဆန်ဆန် filter တွေထည့် ရိုက်ကူးထားနိုင်ပြီး၊ Android ကော iOS မှာပါ ထွက်ရှိလာတာဖြစ်ပါတယ်။

Artisto မှာ ရွေးချယ်စရာ filter တွေအများအပြားပါရှိပြီး၊ တစ်ချို့က Prisma က filter တွေနဲ့အတူတူပဲဖြစ်ပေမယ့်၊ လုံးဝမတူတဲ့ filter တွေလည်းပါရှိပါတယ်။ ခလုတ်တစ်ချက်အတွင်းမှာ ဗီဒီယိုကို အနုပညာသက်ဝင်မှုတွေ ထည့်သွင်းပေးနိုင်ပြီး၊ ဆိုရှယ်မီဒီယာမှာ အဆင့်သင့်တင်၊ share (ကြွား) ဖို့ပဲ လိုမှာဖြစ်ပါတယ်။

Video Player
My.com က ထုတ်လုပ်ထားတဲ့ Artisto အက်ပလီကေးရှင်းရဲ့  နောက်ထပ်မိုက်တဲ့တစ်ချက်ကတော့ ဗီဒီယိုတွေကို ကူးပြောင်းရမှာ စက္ကန့်ပိုင်းလောက်သာကြာပြီး၊ လုပ်ဆောင်ချက်တော်တော် မြန်ပါတယ်။
AI နည်းပညာသုံး ဓာတ်ပုံမွမ်းမံဆော့ဖ်ဝဲတွေ အပြိုင်အဆိုင်ထွက်ပေါ်လာမှာကြောင့် app ဈေးကွက်ဟာ ပိုမိုစိတ်ဝင်စားဖို့ ကောင်းလာပြီး၊ Prisma အနေနဲ့လည်း သူ့ပရိတ်သတ်တွေကို ဆွဲဆောင်ထားဖို့အတွက် ဗီဒီယို Mode ကို မကြာခင်ထုတ်ပေးသွားတော့မယ်လို့ သိရပါတယ်။

Artisto အက်ပလီကေးရှင်းကို App Store မှာတော့ အဆင်သင့်ဒေါင်းလုဒ်ယူနိုင်မှာဖြစ်ပြီး၊ Google Play မှာတော့ ကျနော်တို့ မြန်မာနိုင်ငံအတွက် မထုတ်ပေးသေးတာကြောင့် VPN သုံးပြီး ဒေါင်းလုဒ်ဆွဲရင်ဆွဲ ဒါမှမဟုတ် ဒီလင့်ခ်ကနေ သွားရောက်ရယူနိုင်မှာပါ။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...