မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, September 19

♪ ကွန်ပြူတာကနေလည်း Facebook Live Video လွှင့်နိုင်တော့မည် ♫


Facebook မှာ ရေပန်းစားနေတဲ့ Live Video တွေကို ယခုအခါ လက်ပ်တော့၊ကွန်ပြူတာတွေကနေပါ လွှင့်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

လောလောဆည် Facebook Live Video ကို Android ဖုန်းနဲ့ iOS ဖုန်းတွေမှာပဲ အသုံးပြုလို့ရသေးပြီး၊ Desktop အတွက်တော့ မကြာခင်ထုတ်ပေးသွားမှာဖြစ်ကြောင်း Facebook က အတည်ပြုပြောကြားခဲ့တာပါ။

“ Facebook အသုံးပြုသူတွေအနေနဲ့ လက်ပ်တော့နဲ့ စားပွဲတင်ကွန်ပြူတာတွေကနေလည်း ဗီဒီယိုတိုက်ရိုက်လွှင့်နိုင်မယ့် လုပ်ဆောင်ချက်ကို ကျနော်တို့ စတင်ထုတ်ပေးနေပါပြီ” လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Delilah Taylor အမည်နဲ့ Facebook အသုံးပြုသူတစ်ဦးဟာ သူမရဲ့လက်ပ်တော့ကနေ Live Video လွှင့်နိုင်နေတာကို တွေ့ရှိခဲ့ရပြီး၊ ချက်ချင်းပဲ တိုက်ရိုက်လွှင့်ခဲ့တာကို ယခုဗီဒီယိုမှာ ကြည့်ရှုနိုင်မှာပါ။

Faceboook ရဲ့ အနာဂတ်အစီအစဉ်တွေအကြောင်း သိရှိထားတဲ့ အမည်မဖော်လိုသူပုဂ္ဂိုလ်တစ်ဦးရဲ့ ပြောကြားချက်အရ ယခုလုပ်ဆောင်ချက်ကို ဂျာနယ်လစ်တွေ၊ ဘလော့ဂ်ဂါတွေနဲ့ DIY လုပ်ပြသူတွေရဲ့ တောင်းဆိုမှုကြောင့် ထည့်သွင်းပေးတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ လက်ပ်တော့၊ကွန်ပြူတာတွေကနေ လူတိုင်း Live လွှင့်နိုင်ဦးမှာမဟုတ်ဘဲ၊ Facebook က ရွေးချယ်ထားတဲ့ beta tester (ကနဦးစမ်းသပ်သူ) တွေပဲ ရရှိဦးမှာပါ။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...