မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Saturday, September 3

♪ ဘက်ထရီပြဿနာကြောင့် Galaxy Note 7 စမတ်ဖုန်းတွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြန်လည်သိမ်းယူသွားဖွယ်ရှိ ♫


Samsung ဟာ မကြာသေးမီကဖြန့်ချိထားတဲ့ အသစ်စက်စက် Galaxy Note 7 စမတ်ဖုန်းတွေကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အလုံးရေအမြောက်အများပြန်သိမ်းသွားဖို့ စီစဉ်နေတယ်လို့ သိရှိရပါတယ်။

တောင်ကိုးရီယားသတင်းဌာနတွေဖြစ်တဲ့ Yonhap ကော The Korean Herald မှာပါ အဆိုပါသတင်းကို ဖော်ပြထားတာတွေ့ရှိရပြီး၊ Samsung ကုမ္ပဏီအနေနဲ့ မကြာမီတရားဝင်ကြေငြာ သွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အားသွင်းနေရင်းနဲ့ ထပေါက်ကွဲသွားတဲ့ Galaxy Note 7 စမတ်ဖုန်းဓာတ်ပုံနဲ့ ဗီဒီယိုတွေ တောင်ကိုရီးယားလူမှုကွန်ရက်ဆိုက်တွေမှာ ပျံ့နှံ့လာပြီးနောက်မှာ အခုလိုပြန်လည်သိမ်းယူမယ့် အစီအစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

18090-16209-galaxy7_1-l
18090-16210-galaxy7_2-inline-l

လက်ရှိမှာလည်း Galaxy Note 7 စမတ်ဖုန်းကို ဈေးကွက်တစ်ချိ့မှာ တင်ပို့မှု ရွှေ့ဆိုင်းထားပြီး၊ “ ထုတ်ကုန်အရည်အသွေးပိုင်းဆိုင်ရာ နောက်ထပ်စမ်းသပ်မှုတွေ လုပ်နေတာကြောင့် တင်ပို့မှု ကြန့်ကြာနေတာဖြစ်ပါတယ်” လို့ Samsung ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Reuters သတင်းဌာနကို အတည်ပြုပြောကြားခဲ့ပါတယ်။

Note 7 ဘက်ထရီပေါက်ကွဲမှုတွေကို Samsung ဘက်က တရားဝင်အတည်ပြုပေးထားခြင်းမရှိသေးဘဲ၊ စုံစမ်းစစ်ဆေးဆဲဖြစ်ကာ၊ ရလဒ်တွေကို ယခုတစ်ပတ်အတွင်းမှာတင် လူသိရှင်ကြားကြေငြာ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...