မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, September 5

♪ Google Nexus 2016 ကို ကြိုတင်ခံစား ကြည့်တဲ့အခါ ♫



Nexus 5 ၊ Nexus 7 ၊ Nexus 9 တွေမှာ ပြောစမှတ်ပြုလောက်အောင် အရည်အသွေးပြည့်မှီခဲ့တဲ့ Google ရဲ့ Nexus ထုတ်ကုန် ကို အခု 2016 ခုနှစ်မှာတော့ Google Nexus 2016 ကို ရရှိခံစားရပါတော့မယ်။
အင်တာနက် ကုမ္ပဏီကြီး ဂူးဂဲလ် သူရဲ့ မိုဘိုင်း၊ တက်ဘလက် ၊ Phablet ထုတ်ကုန်တွေကို ထူးထူးခြားခြား ဖြစ်အောင် ရည်ရွယ်ပြီး Huawei,LG,Samsung,HTC တွေနဲ့ ထုတ်လုပ်ခဲ့ပြီး ဒီတစ်ခေါက်မှာတော့ စမတ်ဖုန်း ပုံစံ တစ်ခု နဲ့ တက်ဘလက်ပုံစံ တစ်ခု ထုတ်ဖို့ ရည်ရွယ်ထားပါတယ်။          2016 Google Nexus ကို သိုသိုသိပ်သိပ် နဲ့ တီထွင်နေပေမဲ့ Leaked သတင်းတွေကတော့ Code Name (Marlin နဲ့ SailFish) ဆိုပြီး သတင်းအစအနတွေ ပျံနှံ့လို့နေပါတယ်။ Stuff မဂ္ဂဇင်းကလည်း အဲဒီအကြောင်း ကို လိုက်လံလေ့လာပြီး တင်ပြထားခဲ့တဲ့ ပုံကို ပြန်ပြီး ဖောက်သည်ချပါရစေ။

ap_resize_002

@ Andriod Police စာမျက်နှာ – Google Nexus M1 , S1 လို့ အမည်ရှိနေတဲ့ Nexus 2016 ကို HTC ကပဲ တာဝန်ယူသွားဖို့ ရှိနေပါတယ်။ (ပြီးခဲ့တဲ့ Nexus 9 ဟာ HTC နဲ့ ပူးပေါင်းခဲ့ပြီး HTC Google Nexus 9 ဖြစ်ခဲ့တဲ့ Phone Tablet (Phablet) ဟာ ဥရောပတခွင် မှာ အောင်လံစိုက်ခဲ့တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ HTC ဟာ သူရဲ့ HTC one M9 နဲ့ HTC 10 တွေ အတွက် အလုပ်များနေမှာ ဖြစ်တဲ့ အတွက် Nexus 2016 ဟာ ရင်ခုန်ချင်စရာ မကောင်းလောက်ဘူး လို့ ထင်မြင်ယူဆရပါတယ်။

(Screen) မျက်နှာပြင်မှာ သုံးစွဲမည့် Pixel တွေဟာ Chromebook Pixel နဲ့ Pixel C တက်ဘလက်တွေမှာ သုံးစွဲခဲ့ရတဲ့ Pixel တွေ ကို အခြေခံထားမှာ ဖြစ်တဲ့အတွက် ရုပ်ရှင် ၊ဗွီဒီယိုတွေ နဲ့ ဂိမ်းတွေကို ကြည့်ရှုကစားတဲ့အခါမှာ ပိုပြီး smooth ဖြစ်လာမယ်။ Pixel တစ်ခုချင်း စီက ပုံရိပ်ယောင် တမျှ အရည်အသွေးထွက်မှာ ဖြစ်တဲ့အတွက် 3D ကမ္ဘာကို သွားရောက်လည်ပတ်တဲ့အခါမှာ ပိုပြီး ရှုချင်စဖွယ် မြင်ကွင်းတွေကို ရရှိမှာပါ။ ၅.၀ လက်မ နဲ့ ၅.၅ လက်မ အရွယ်အစား ၂ ခု ကို ဈေးကွက်မှာ မြင်တွေ့ရပါမယ်။

(Body) body တစ်ခုလုံးကလည်း All Metal Skin ဖြစ်လာမယ်။ သတ္တုသားတွေက Nexus 2016 ကို ခြုံလွှမ်းပေးမယ် သံချပ်ကာ ၀တ်ရုံလွှာတစ်ခုအနေနဲ့ တာဝန်ယူမှာ ဖြစ်ပါတယ်။ eye scan တော့ ပါရှိဦးမှာ မဟုတ်ဘဲ Finger Print ကိုသာ အလေးပေးပြီး သွားဖို့များနေပါတယ်။

(Hardware) Nexus နဲ့ ကုမ္ပဏီတွေရဲ့ ပေါင်းစပ်မှု ဟာ အရမ်းထူးခြားပြီး လိုချင်တဲ့ အနေအထားတစ်ခု ကို နည်းဗျူဟာမြောက် ချီတက်နေတယ် လို့ ယူဆရပါတယ်။ Snapdragon 820 chip ကိုပဲ သုံးစွဲထားပြီး 4GB RAM ထည့်သွင်းထားမယ် လို့ သိရပါတယ်။ ဒီ ထည့်သွင်းမှု ဟာ Nexus ဆိုတဲ့ အမှတ်တံဆိပ်အတွက်တော့ မစွပ်မပွတ် သေးငယ်တဲ့ ထည့်သွင်းမှုတစ်ခု ဖြစ်ပါတယ်။

(Camera) IFA 2016 မှာ ပြသမဲ့ အိုင်ဖုန်း 7 မှာ Dual-Lens Camera ပါဝင်လာဖို့ ရာနှုန်းပြည့် နီးပါး သေချာနေသလို Nexus မှာလည်း Dual Camera ပါဝင်လာမှာပါ။ SnapChat နဲ့ ဆဲလ်ဖီးတွေ အတွက် အကောင်းဆုံး ပုံရိပ်တွေ ရရှိစေမဲ့ Dual Camera ဟာ ရှေ့ဘက်အတွက် 8 Megapixel နဲ့ အနောက်ဖက်အတွက် 14 Megapixel အနည်းဆုံး ပါဝင်လာပါမယ်။

(Fisheye) Google Nexus ကနေ အားလုံးမျှော်လင့်နေကြတာ က FishEye နည်းပညာ ပဲ ဖြစ်ပေမဲ့ 2016 ထုတ်ကုန်မှာလည်း ပါဝင်လာဖို့ မသေချာသေးပါဘူး။

(Suggestion) ဒါပေမဲ့ အခု ဖော်ထုတ် ပြသခဲ့တဲ့ Nexus 2016 ရဲ့ Leaked သွင်ပြင်ကတော့ လိုချင်ဖွယ်ရာ မရှိခဲ့ဘဲ Nexus ရဲ့ မအောင်မြင်ခဲ့တဲ့ Nexus Motorola ဒီဇိုင်း ဆန်နေပြီး Nexus 4 နဲ့ အိုင်ဖုန်း ၂ ခု ပေါင်းစပ်ထားတဲ့ ရုပ်ဆင်းသွင်ပြင်မျိုး ဖြစ်ပါတယ်။ ထောင့်ချိုး ၊ ထောင့်ကွေး ၊ ပါးလျလျ ခေတ်ထဲမှာတော့ Old School ပုံတုံးတုံးကြီး လိုမျိုး မြင်နေရမှာတော့ လက်ရှိအချိန်မှာ မျက်မြင်ပါပဲ။         (Date) အောက်တိုဘာ ၄ ရက်နေ့မှာ Google Hardware အသစ်ကို မြင်တွေ့ရဖို့ ရှိနေပါတ်ယ။
 
အဲဒီ အောက်တိုဘာတွေဟာ ဂူးဂဲလ်ရဲ့ ထုတ်ကုန်အသစ်တွေကို ပုံမှန် တင်ပြတဲ့ ရက်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ စဉ်းစားရမှာက စက်တင်ဘာ မှာ IFA 2016 ရှိနေပြီး အိုင်ဖုန်း အပါအ၀င် အဓိက ပြိုင်ဘက်ဖြစ်တဲ့ ဆမ်ဆောင်း ကနေ ထုတ်ကုန်အသစ်တွေ ချပြလာမှာ ဖြစ်တဲ့ အတွက် ဂူးဂဲလ် ရဲ့ အခု ထုတ်ကုန်အသစ်ဟာလည်း အရင်လိုပဲ မှေးမှိန်ကွယ်ပျောက်သွားဖို့ အလားအလာ ရှိနေပါတယ်။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...