မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Friday, September 9

♪ နားကြပ်ပေါက်ပါဝင်မလာဘဲ၊ ကျောကင်မရာနှစ်လုံး၊ ရေစိုခံဒီဇိုင်းတို့နဲ့ ထွက်ရှိလာတဲ့ iPhone 7 နဲ့ iPhone 7 Plus ♫


Apple ပရိတ်သတ်တွေကော တစ်ကမ္ဘာလုံးကစမတ်ဖုန်းပရိတ်သတ်တွေပါ စိတ်ဝင်တစားစောင့်စားနေခဲ့တဲ့ iPhone 7 နဲ့ 7 Plus တို့ဟာ မကြာမီအချိန်ကပဲ တရားဝင်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ Apple Watch 2 အသစ်ကိုလည်း တပါတည်းမိတ်ဆက်သွားခဲ့ပါတယ်။

ကောလဟာလတွေအတိုင်း နားကြပ်ပေါက်မပါလာတော့တဲ့ဒီဇိုင်း၊ ကျောကင်မရာနှစ်လုံးတို့ ပါဝင်လာတာတွေ့ရပြီး၊ စွမ်းဆောင်ရည်ပိုင်းမှာလည်း အကောင်းဆုံး iPhone တစ်လုံးဖြစ်အောင် ထုတ်လုပ်ထားတာတွေ့ခဲ့ရပါတယ်။

iPhone 7 နဲ့ 7 Plus တို့မှာ ဘာတွေထူးခြားပြောင်းလဲသွားလဲဆိုတာ ကျနော်တို့နဲ့ အတူတူလေ့လာကြည့် လိုက်ရအောင်။

ဒီဇိုင်း

iphone-7-02a

ဒီဇိုင်းပိုင်းကစပြောရမယ်ဆိုရင်တော့ မနှစ်ကထွက်ထားတဲ့ iPhone 6s နဲ့ တော်တော်တူညီတာကို တွေ့ ရပေမယ့်၊ ကိုယ်ထည်က ပိုနက်သွားပြီး၊ ပိုလည်းတောက်ပပြောင်လက်လာပါတယ်။ အလူမီနီယမ် ကိုယ်ထည်ကို စက်ရုပ်တွေအသုံးပြုကာ ဒြပ်ပေါင်းမှုန့်တစ်မျိုးနဲ့ ( Tech Crunch က သဲလို့ရေးသား ထား)  ပြောင်လက်အောင် ပွတ်တိုက်ထားတာဖြစ်ပြီး၊ Apple ကတော့ ယခုကာလာအသစ်ကို “Jet Black” လို့ နာမည်ပေးထားပါတယ်။

နောက်ထပ်ထူးခြားချက်ကတော့ Apple လိုဂိုကို စတိန်းလက်စတီးနဲ့ ပြုလုပ်ထားပြီး၊ ကိုယ်ထည်နဲ့ မျက်နှာပြင်တို့က တပြေးညီသပ်ရပ်လှပနေပါတယ်။ သာမန်အတိုင်းပဲ ရိုးရိုးအနက်ရောင် အလုံး၊ ရွှေရောင်၊ ငွေရောင်နဲ့ Rose Gold အရောင်တွေလည်း သက်သက်ထွက်မှာပါ။ အနက်ရောင်အလုံးမှာ Apple လိုဂိုက အနက်ဖြစ်သွားမှာဖြစ်ပြီး၊ အလားတူပဲ Rose Gold နဲ့ Silver တို့မှာလည်း ဖုန်းအရောင်လိုက် Apple လိုဂိုရှိနေမှာပါ။

Home Button

apple-september-2016-event-iphone-7_29

Home Button မှာ Macbook က trackpad တွေအတိုင်း Apple ရဲ့ taptic engine ကို အသုံးပြုထားပြီး၊ Notification အလိုက် မတူညီတဲ့တုန်ခါမှုမျိုး ခံစားရမှာဖြစ်ပါတယ်။ Home ခလုတ်ကို third party app တွေအတွက်လည်း support ပေးထားပါတယ်။

Apple ရဲ့ ပထမဆုံးရေစိုခံဖုန်း

apple-liveblog0412

iPhone မျိုးဆက်သစ် iPhone 7 နဲ့ iPhone 7 Plus ရဲ့ ကိုယ်ထည်ကို ရေနဲ့ ဖုန်မှုန့်ဝင်မှုလုံးဝမဝင်နိုင်အောင်ပြုလုပ်ထားပြီး၊ ကိုယ်ထည်လုံခြုံမှုအဆင့်သတ်မှတ်ချက်အမြင့်ဆုံးဖြစ်တဲ့ IP67 ရရှိထားပါတယ်။ Apple ရဲ့ ပြောကြားချက်အရ ရေအနက် ၅၀ မီတာထိ ရေစိမ်ခံတာကြောင့် ရေကူးကန်ထဲမှာတောင် iPhone 7 ကို အေးဆေးသုံးနိုင်မှာပါ။

ကင်မရာ

apple-september-2016-event-iphone_05

iPhone 7 ရဲ့ အဓိကထူးခြားချက်ကတော့ ကင်မရာဖြစ်ပါတယ်။ ဒါပေမယ့် iPhone 7 Plus မှာပဲ ကျောကင်မရာနှစ်လုံးပါဝင်မှာ ဖြစ်ပြီး၊ iPhone 7 ကတော့ တစ်လုံးတည်းပဲဖြစ်ပါတယ်။ LED လေးလုံးသုံးဖလက်ရှ်မီးကို ဖုန်းနှစ်လုံးစလုံးမှာ အသုံးပြုထားတာတွေ့ရပါတယ်။

iPhone 7 ကျောကင်မရာကတော့ ၊ 12MP ဆန်ဆာဖြစ်ပြီး၊ အပါချာ f/1.8 ရှိတဲ့ Lens ပါဝင်ပါတယ်။ iPhone 7 ကင်မရာဟာ ၆၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာပြီး၊ LED လေးလုံးဖလက်ရှ်က အလင်းထုတ်လွှတ်မှု ၅၀ ရာခိုင်နှုန်းအထိ ပိုကောင်းလာပါတယ်။ ရှေ့ကင်မရာကိုလည်း Selfie ကြိုက်သူတွေအတွက် အကောင်းဆုံးပြုလုပ်ပေးထားပြီး၊ 7MP HD ကင်မရာဖြစ်သွားကာ မြင်ကွင်းကျယ် selfie ပုံတွေရိုက်ကူးနိုင်မှာပါ။

iPhone 7 Plus မှာတော့ zoom ဆွဲရိုက်ကူးဖို့ အထူးပြုလုပ်ထားတဲ့ 12MP ဆန်ဆာ ကျောကင်မရာတစ်လုံး ထပ်ပါလာပြီး၊ ကင်မရာနှစ်လုံးတွဲနဲ့ မြင်ကွင်းကျယ် telephoto ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ ပရော်ဖက်ရှင်နယ်ကျကျဓာတ်ပုံပြင်ဆင်ဖို့အတွက် RAW format နဲ့လည်း ရိုက်နိုင်မှာဖြစ်ပါတယ်။

ကျောကင်မရာအပိုတစ်လုံးကြောင့် ကင်မရာရိုက်ရင် zoom ခလုတ် သီးသန့်ပါဝင်လာတာ တွေ့ရမှာဖြစ်ပြီး၊ အဝေးက Object တစ်ခုကို 2x ကနေ 10x အထိ zoom သက်သက်ဆွဲပြီး၊အရည်အသွေးမကျဘဲ ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

switch_large_2x

Apple ရဲ့အဆိုအရ DSLR ကင်မရာတွေရဲ့ စွမ်းဆောင်ရည်အတိုင်း၊ depth of field ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Depth of Field လုပ်ဆောင်ချက်ကိုတော့ ဆော့ဖ်ဝဲ update အသစ်ကျမှ ရမယ်လို့ သိရပါတယ်။

အသံနဲ့ မျက်နှာပြင်ပိုင်း

large_2x

iPhone 7 ရဲ့ အဓိကစွမ်းဆောင်ရည်သစ် ၁၀ မျိုးကို မိတ်ဆက်သွားခဲ့တဲ့အထဲမှာ Audio နဲ့ Display ပိုင်းကလည်း ပရိတ်သတ်ရဲ့ လက်ခုပ်သြဘာ တခဲနက်ရရှိခဲ့တဲ့ စွမ်းဆောင်ရည်တွေဖြစ်ပါတယ်။

iPhone အသစ်မှာ မျက်နှာပြင်က ၂၅ ရာခိုင်နှုန်းပိုမိုတောက်ပမှုရှိမှာဖြစ်ပြီး၊ အရောင်အသွေးပိုမိုစုံလင်စွာ ဖော်ပြလာနိုင်ပါတယ်။ ဂိမ်းဆော့ရာမှာ ကောင်းမွန်ဆုံး ရုပ်ထွက်၊ animation လှုပ်ရှားမှုတွေကို အသေးစိတ်ခံစားနိုင်မှာဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစားတွေကတော့ iPhone 7 က ၄.၇ အကျယ် HD Retina Display ဖြစ်ပြီး၊ 3D Touch လည်း မပါမဖြစ်ပါဝင်မှာပါ။ iPhone 7 Plus ကတော့ ၅.၅ လက်မအကျယ်ဖြစ်ပြီး၊ iPhone 7 ရဲ့ audio ပိုင်းမှာ စတီရီယိုစပီကာတွေကို ပြောင်းသုံးထားပြီး၊ ဖုန်းအပေါ်ဘက်နဲ့ အောက်ဘက်မှာ ပါဝင်တာကြောင့်၊ ဘက်ပေါင်းစုံကနေ အသံထွက်နေသလို ခံစားရမှာပါ။ ဂီတချစ်သူတွေအကြိုက်ပါပဲ။

iphone-7-stereo-speaker

နားကြပ်

apple-liveblog0573

iPhone 7 မှာ ကောလဟာလတွေအတိုင်း နားကြပ်ပေါက်ပါဝင်မလာပါဘူး။ နားကြပ်ကြိုးကို သာမန် 3.5 မီလီမီတာဂျက်ပင်အစား Apple ရဲ့ နာမည်အကြီးဆုံး lightning port ကို အသုံးပြုထားပြီး၊ အားသွင်းဖို့ကော၊ အသံပိုင်းစနစ်အတွက်ပါ Lightning port ကိုပဲ သုံးရမှာဖြစ်ပါတယ်။ အရင်နားကြပ်ဟောင်းပိုင်ရှင်တွေအတွက်လည်း lightning port မှာ ထိုးဖို့အတွက် adapter ပါဝင်မှာဖြစ်ပါတယ်။

AirPod ကြိုးမဲ့နားကြပ်

apple-september-2016-event-airpods_05

Lightning port နားကြပ်အပြင် ကြိုးမဲ့ AirPods တွေကိုလည်း iPhone 7 နဲ့ အတူ တပါတည်းမိတ်ဆက်သွားခဲ့ပါတယ်။ AirPods တွေမှာ အနီအောက်ရောင်ခြည်ဆန်ဆာကို အသုံးပြုထားတာကြောင့် ကိုယ့်နားထဲမှာ နားကြပ်တပ်ထားတဲ့အချိန်ပဲ သီချင်းဖွင့်ပေးမှာဖြစ်ကာ၊ နားကနေဖြုတ်လိုက်တာနဲ့ အလိုလိုရပ်သွားမှာပါ။
AirPods တွေကို iPhone မှာ အသုံးပြုဖို့အတွက်ကလည်း အလွန်ရိုးရှင်းပါတယ်။ iPhone နဲ့ AirPod ကို ကြိုးမဲ့ချိတ်ဆက်လိုက်တာနဲ့ iCloud ကနေ အလိုလို sync လုပ်ပေးသွားမှာပါ။ ဒီလိုအံ့မခန်းစွမ်းဆောင်ရည်မျိုး ပေးစွမ်းနိုင်ဖို့အတွက် AirPod မှာ Apple ရဲ့ ပထမဆုံး wireless chip ‘W1’ ကို အသုံးပြုထားပြီး၊ အဆိုပါချစ်ပ်ကို Beats ကြိုးမဲ့နားကြပ်အသစ်တွေမှာလည်း တွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။

Apple Pay

iPhone 7 အသစ်မှာ ဂျပန်နိုင်ငံမှာအသုံးပြုတဲ့ NFC နည်းပညာပါဝင်လာပြီး၊ ဂျပန်လို မိုလိုင်းငွေချေမှုစနစ် တွင်ကျယ်တဲ့နိုင်ငံမှာ Apple Pay စနစ်ကို အသုံးပြုလို့ရအောင် လုပ်ပေးလိုက်တာက Apple ရဲ့ ဈေးကွက်စီးပွားရေးဗျူဟာကောင်းတစ်ခုဖြစ်ပါတယ်။

စွမ်းဆောင်ရည်

apple-september-2016-event-a10-fusion_01
iPhone အသစ်ထွက်တိုင်း စွမ်းဆောင်ရည်က အရင်မော်ဒယ်တွေထက် အဆပေါင်းများစွာ ပိုကောင်းလာတယ်ဆိုတာ သိကြမှာပါ။ iPhone 7 မှာလည်း စွမ်းဆောင်ရည်က အများကြီးပိုကောင်းသွားပြီး၊ Apple ကတော့ ထုတ်ထားသမျှ iPhone တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးလို့ ဆိုပါတယ်။ ချစ်ပ်အနေနဲ့ A10 Fusion ချစ်ပ်အသစ်ကို အသုံးပြုထားပြီး၊ four-core CPU ( စွမ်းဆောင်ရည်မြင့် CPU cores နှစ်ခု၊ နဲ့ ဘက်ထရီခြွေတာဖို့အတွက် ဘက်ထရီသုံးစွဲမှု ငါးပုံတစ်ပုံသာရှိတဲ့ cores နှစ်ခု တို့ ဖြစ်ပါတယ်။ အရင် A9 ပရိုဆက်ဆာထက် စွမ်းဆောင်ရည် ၄၀ ရာခိုင်နှုန်းပိုကောင်းလာတယ်လို့ ပြောကြားခဲ့ပါတယ်။ iOS 10 အသစ်နဲ့ ဖြစ်ပါတယ်။
ဒီလိုစွမ်းဆောင်ရည်မြင့်မြင့်လုပ်ပေးထားမှုကြောင့် console (ဂိမ်းစက်) စွမ်းဆောင်ရည်နီးပါး ဂိမ်းတွေကို Retina HD မျက်နှာပြင်မှာ အကောင်းမွန်ဆုံးဆော့ကစားနိုင်မှာပါ။

ဘက်ထရီ

iphone-7-battery
ဘက်ထရီကလည်း iPhone တွေထဲမှာ ဘက်ထရီအများဆုံးဖြစ်ကာ၊ iPhone 7 က iPhone 6s ထက် နှစ်နာရီလောက် ပိုခံပြီး၊ မျက်နှာပြင်ပိုကြီးတဲ့ iPhone 7 Plus က 6s Plus ထက် တစ်နာရီကျော်လောက် ပိုခံမှာဖြစ်ပါတယ်။

ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မှု

Tim Cook ရဲ့ အဆိုအရ ယခု iPhone အသစ်တွေဟာ အရင် iPhone မော်ဒယ်အဟောင်းဈေးအတိုင်းပဲ ဖြစ်ပြီး၊ ဒီမှာလည်း ကောလဟာလတွေအတိုင်း 16GB မော်ဒယ်ကို ရပ်ဆိုင်းခဲ့တာတွေ့ရပါတယ်။ iPhone 7 32 GBG ကို ၆၄၉ ဒေါ်လာကနေ စမှာဖြစ်ပြီး၊ 32GB ၊ 128 GB နဲ့ 256 GB မော်ဒယ်သုံးမျိုး ထွက်မှာပါ။
iPhone 7 Plus ကလည်း storage ပိုင်းအတူတူဖြစ်ပြီး၊ အနိမ့်ဆုံးမော်ဒယ်ကို ၇၆၉ ဒေါ်လာနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ ယခုတစ်ပတ် သောကြာနေ့ကစတင်ပြီး ကြိုတင်မှာယူနိုင်ပြီဖြစ်ကာ၊ စက်တင်ဘာ ၁၆ ရက်မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။
ကြိုးမဲ့ AirPods ကိုတော့ သက်သက်ဝယ်ရမှာဖြစ်ပြီး၊ တန်ဖိုး ၁၅၉ ဒေါ်လာရှိပါတယ်။ AirPod ကတော့ အောက်တိုဘာလမှ ထွက်ရှိမှာပါ။
iPhone 7 ရဲ့ စွမ်းဆောင်ရည်အသစ်တွေကတော့ အကျဉ်းချုပ်အောက်ပါအတိုင်းဖြစ်ပါတယ်။

Specs/Features:
  • Redesigned Home button with Taptic engine
  • A10 Fusion four-core CPU
  • Water and dust resistant enclosure
  • 12 Megapixel cameras with new quad-led True Tone flash
  • Dual-camera system for enhanced zoom on Plus models
  • Optical image stabilization in all iPhone 7 and 7 Plus models
  • Lightning Earpods + Lightning to 3.5mm adapter in box
  • Color options: New glossy “Jet black”, second “black” finish with black logo, silver, gold, and rose gold
  • Repositioned antennas


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...