ကျွမ်းကျင် Java Developer ဖြစ်ချင်သူတွေနဲ့ Java Programming ကို ကျွမ်းကျင်ချင်တဲ့ သူတွေအတွက် Acroquest Myanmar Technology မှ”Practical Advanced Java” သင်တန်းကို နောက်ထပ် တန်းခွဲသစ်များ ထပ်မံဖွင့်လှစ်သွားပါမည်။

“Practical Advanced” သင်တန်းဆိုတဲ့အတိုင်း Basic Java coding (JavaSE) တင် မကဘဲနဲ့ Java Web Application(JavaEE)အထိကို ကိုယ်တိုင် developလုပ်နိုင်တဲ့အထိ သင်ကြားပေးမှာဖြစ်ပါတယ်။ Developmentတစ်ခုထဲတင် မဟုတ်ဘဲနဲ့ International IT industryမှာအသုံးပြုနေတဲ့ testing pattern တွေ၊ JUnitတို့ကိုအသုံးပြုပြီး ကိုယ့်ရဲ့ software product ကိုဘယ်လို testingလုပ်ရမယ်ဆိုတာ ကိုပါ သင်ကြားပေးသွားမှာပါ။ ဒီသင်တန်းမှာ အတွေ့အကြုံရှိတဲ့ professional engineersတွေက သင်ကြားပေးမှာဖြစ်တဲ့အတွက် IT industryမှာ အလုပ်ဝင်နိုင်မယ့် knowledgeတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်တန်းသားတွေရဲ့နေ့စဉ် assignment resultတွေကိုလည်း Japanese IT industry မှာ အလုပ်လုပ်နေတဲ့ Engineersများက စစ်ဆေးပေးပြီးသင်တန်းသားရဲ့အရည်အချင်းတိုးတက်လာဖို့ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သင့်ရဲ့ IT career path ကိုလည်း ဆွေးနွေးအကြံပေးမှုများ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ သင်တန်းအချိန်ကတော့ Practical အချိန်အပါအ၀င် မနက် ၉နာရီမှ နေ့လည် ၂နာရီခွဲ၊ တနင်္လာနေ့မှ သောကြာနေ့အထိ တက်ရောက်ရမည့်သင်တန်း(Practical Advanced Java)ကို အောက်တိုဘာလ ၃ရက်(တနလာင်္နေ့)မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ကျောင်းသားများနဲ့ ရုံးဝန်ထမ်းများအတွက်လည်း ရုံးချိန်လွတ် စနေနေ့ တန်းခွဲ(Java Saturday Intensive Course)ကိုတော့ အောက်တိုဘာလ ၁၅ရက်(စနေနေ့)မှာ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် Android Developer ဖြစ်ချင်သူများအတွက်လည်း “Professional Android Development Course” ကို Practical အချိန်အပါအ၀င် မနက် ၉နာရီမှ နေ့လည် ၂နာရီခွဲ၊ တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။ ဒီသင်တန်းမှာဆို Android ရဲ့ အခြေခံဖြစ်တဲ့ UI Designကနေ Coding အပါအ၀င် Testing အထိ Online Shopping Application project တစ်ခုလုံးကို ရေးသားနိုင်အောင် သင်ကြားပေးမှာပါ။ဒီသင်တန်းကိုလည်း အောက်တိုဘာလ ၃ရက်(တနလာင်္နေ့) မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

အသေးစိတ် သိချင်ရင်တော့ အောက်ပါအတိုင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဖုန်းနံပါတ် – ၀၁-၃၇၄၁၂၈၊ ၀၁-၁၂၂၃၇၂၀ Acroquest Myanmar Technology Co.,Ltd အမှတ်(၂၆၀/၂၆၁)၊ ၅လွှာ၊ ရွှေဘုံသာလမ်းနှင့်အနော်ရထာလမ်းထောင့်၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့။